-->


LVMH သားသမီး ၅ ယောက်တို့၏ brand တာဝန်များ

LVMH သားသမီး ၅ ယောက်တို့၏ brand တာဝန်များ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 LVMH  အကြီးအကဲ Bernard Arnault သည်   ကမ္ဘာ့အချမ်းသာဆုံးသူဌေးဖြစ်ပြီးသူ၏ ချမ်းသာကြွယ်ဝမှုသည် ကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်သည်။

  

Arnault သည် ၁၉၈၀ ပြည့်လွန် နှစ်များတွင် LVMH (Louis Vuitton Moët Hennessy)ကို ပူးပေါင်းတည်ထောင်ခဲ့ပြီး ယခုအခါ LVMH ၏ CEO နှင့် ဥက္ကဋ္ဌ ဖြစ်သည်။

 

ပြင်သစ် စည်းစိမ်ပြ ပစ္စည်းများ ထုတ်လုပ်ရေးလုပ်ငန်းစုသည် Marc Jacobs၊ Givenchy၊ Moët & Chandon၊ Fenty Beauty နှင့် Tiffany & Co အပါအဝင် ဖက်ရှင်၊ ရေမွှေး၊ လက်ဝတ်ရတနာများ၊ နာရီများနှင့် အရက်ယမကာဆိုင်ရာ အမှတ်တံဆိပ်အမျိုးမျိုးကို ပိုင်ဆိုင်ထားသည်။

LVMH သည် အထက်တန်းစား  brand ၇၅ ခုကျော် ပိုင်ဆိုင်သည်။

photo_2023-05-09_17-25-19.jpg

 Bernard Arnault

 

အသက် ၇၄ နှစ်ရှိ Arnault သည် သူ့အရိုက်အရာကို မည်သူ့ထံ ပေးအပ်မည်ကို ပြောကြားခြင်း မပြုချေ။ 

ယမန်နှစ်က LVMH သည် စီအီးအို အသက်ကန့်သတ်ချက်ကို ၇၅ နှစ်အစား ၈၀ နှစ်ဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။ သို့ဖြစ်ရာ Arnault သည် ဆန္ဒရှိပါက အသက် ၈၀ အထိ LVMH ကို စီးအီးအိုအဖြစ်ဖြင့် ဆက်လက်ပဲ့ကိုင်နိုင်မည် ဖြစ်သည်။

.

Arnault တွင် သားသမ‌ီး ငါးဦးရှိသည်။ သူတို့အားလုံး LVMH တွင် အလုပ်လုပ်ကြပြီး တာဝန်ယူထားရသည့် brand အသီးသီး ရှိသည်။

.

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် Arnault ၏ သားသမီးများတွင် အသက်အကြီးဆုံးနှင့် တစ်ဦးတည်းသော သမီး  ၁၉၇၅ ခုနှစ်ဖွား Delphine သည် LVMH ပိုင်ဆိုင်သည့် brand တစ်ခုဖြစ်သော  Dior ၏ စီအီးအို ဖြစ်လာခဲ့သည်။

 

photo_2023-05-09_17-26-51.jpg

Delphine (ဝဲ) နှင့် Bernard (ယာ)

 . 

Delphine သည် အတိုင်ပင်ခံလုပ်ငန်း McKinsey တွင် အလုပ်ထဲ စဝင်ခဲ့သည်။ ၂ နှစ်ကြာ အကြံပေးအဖြစ် လုပ်ကိုင်ခဲ့ပြီးသောအခါ ဒီဇိုင်းသမား John Galliano ၏ ကုမ္ပဏီတွင် လုပ်ကိုင်သည်။ ထိုနောက် ၂၀၀၈ မှ ၂၀၁၃ ခုနှစ်အထိ Delphine သည် လက်ထောက် မန်နေဂျင်းဒါရိုက်တာအဖြစ် Christian Dior Couture တွင် လုပ်ကိုင်ခဲ့သည်။

ထို့နောက် LVMH ၏ အကြီးဆုံး brand ဖြစ်သော  Louis Vuitton တွင် ဒုဥက္ကဋ္ဌအဖြစ် ၁၀ နှစ်လုပ်ကိုင်ခဲ့သည်။

၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်တွင် Dior တွင် စီအီးအိုနှင့် ဥက္ကဋ္ဌ တာဝန် စတင်ထမ်းဆောင်သည်။

Delphine သည် LVMH ၏ ဒါရိုက်တာဘုတ်အဖွဲ့တစ်ဦးလည်း ဖြစ်သည်။ အလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်လည်း ဖြစ်သည်။ အသက် ၄၃ နှစ်တွင် ၎င်းကော်မတီဝင် ဖြစ်လာခဲ့ရာ အဖွဲ့ဝင်များအကြား အသက် အငယ်ဆုံးဖြစ်ပြီး ဒုတိယမြောက် အမျိုးသမီး အဖွဲ့ဝင် ဖြစ်သည်။

photo_2023-05-09_17-28-50.jpg

Antoine Arnault

 Antoine သည် Bernard ၏အကြီးဆုံးသားဖြစ်ပြီး ၁၉၇၇ ခုနှစ်တွင်မွေးဖွားခဲ့သည်။ Delphine ကဲ့သို့ပင်  Antoine သည်လည်း Bernard ၏ပထမဇနီး Anne Dewavrin မှ မွေးဖွားခဲ့သည်။

Antoine သည်  LVMH ၏ ကြော်ငြာဌာနတွင် ၂၀၀၅ မှာ   စတင်အလုပ်ဝင်ခဲ့သည်။ နှစ်နှစ်အကြာတွင် Louis Vuitton သို့ ပြောင်းရွှေ့လုပ်ကိုင်သည်။ ဆက်သွယ်ရေးညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခံရသည်။

 

ရုပ်ရုင်မင်းသမီး Angelina Jolie နှင့် အဆိုတော် Bono အစ၊  လက်ဝှေ့သမား Muhammad Ali အလယ်၊ ရုရှားနိုင်ငံခေါင်းဆောင် Mikhail Gorbachev အဆုံးတို့ အပါအဝင်  လူသိရှင်ကြား ပုဂ္ဂိုလ်များဖြင့် ကမ်ပိန်းများကို သူ တာဝန်ယူ အကောင်အထည် ဖော်ရသည်။

 ၂၀၂၂ ဒီဇင်ဘာလတွင် Antoine သည် Christian Dior SE ၏ စီးအီးအိုအဖြစ် ခန့်အပ်ခံရသည်။

 Christian Dior SE သည် LVMH ကို ထိန်းချုပ်သည့် ဦးပိုင်ကုမ္ပဏီဖြစ်သည်။

 Antoine သည် ရူးဖိနပ် brand တစ်ခုဖြစ်သော Berluti ရိုလည်း စီအီးအို အဖြစ်ဖြင့် တာဝန်ယူထားသည်။ ကက်ရှ်မီးယားအထည် အမှတ်တံဆိပ် Loro Piana တွင်လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

၂၀၀၆ ခုနှစ်တွင် LVMH ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဖြစ်လာသည်။ 

 

 

photo_2023-05-09_17-29-34.jpg

Alexandre

 

LVMH သည် လက်ဝတ်ရတနာလုပ်ငန်း Tiffany & Co. ကို ဝယ်ယူပြီးနောက် Alexandre သည် Tiffany & Co. တွင် အမှုဆောင် ဒုဥက္ကဋ္ဌ ဖြစ်လာသည်။

.

Alexandre ကို ၁၉၉၂ ခုနှစ်တွင်မွေးဖွားခဲ့ပြီး Bernard ၏ ဒုတိယဇနီး Helene Mercier ၏ ပထမဆုံးသား ဖြစ်သည်။

McKinsey တွင် အလုပ်သင်အဖြစ် အလုပ်စတင်လုပ်ကိုင်ခဲ့သည်။ ထို့နောက် Arnault ၏ လက်လီအရောင်း အင်ပါယာတွင် လုပ်ကိုင်ခဲ့ပြီး ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုအပိုင်းကဏ္ဍကို လုပ်ကိုင်သည်။

သူက LVMH တွင် အလုပ်လုပ်ရန် စိတ်အားထက်သန်သည်။ McKinsey နှင့် KKR တို့က သူ့ကို အလုပ်ခန့်ဖို့ ကမ်းလှမ်းသည်ကို သူက ငြင်းပယ်ခဲ့သည်။

Alexandre သည် ဂျာမန်ခရီးဆောင်အိတ်အမှတ်တံဆိပ် Rimowa ၏ စီအီးအိုအဖြစ် ၄ နှစ်ခန့် လုပ်ကိုင်ခဲ့သည်။ ထိုသို့ စီအီးအို လုပ်ကိုင်နိုင်ရန် 

၂၀၁၆ ခုနှစ်တွင် ၎င်း၏ဖခင်အား Rimowa ၏  ရှယ်ယာ ၈၀% ဝယ်ယူရန် ပူဆာခဲ့ရာ ဖခင် Bernard က ရှယ်ယာများ ဝယ်ပေးခဲ့သည်။

Rimowa ကို သူပဲ့ကိုင်ခဲ့စဉ်ကာလတွင် Supreme နှင့်လည်းကောင်း၊ Off-White နှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့သည်။

၂၀၂၀ ခုနှစ်တွင် လက်ဝတ်ရတနာလုပ်ငန်းကြီး Tiffany & Co. ကို LVMH က ‌ကန်ဒေါ်လာ ၁၅.၈ ဘီလီယံဖြင့် ဝယ်ယူလိုက်ပြီးသောအခါ Alexandre သည် အမှုဆောင်ဒုဥက္ကဋ္ဌ တာဝန်ဖြင့် ထုတ်ကုန်ကဏ္ဍကို ဦးဆောင်ရသည်။ ထိုစဉ်မှာ သူ့အသက် ၂၈ နှစ်သာ ရှိသေးသည်။

photo_2023-05-09_17-30-17.jpg

Frédéric (ယာ) နှင့် Bernard (ဝဲ)

၁၉၉၅ ခုနှစ်ဖွား Frédéric သည်  Tag Heuer ၏ စီအီးအို ဖြစ်သည်။

Frédéric သည် Facebook နှင့် McKinsey တွင်  လုပ်ကိုင်ခဲ့ပြီးသောအခါ မိုဘိုင်းငွေချေ ဝန်ဆောင်မှု လုပ်ငန်းသစ်တစ်ခုကို လုပ်ကိုင်ခဲ့သည်။ ထို့နောက် LVMH တွင် အလုပ်ဝင်သည်။ ၂၀၁၇ တွင် အချိန်ပြည့်ဝန်ထမ်း ဖြစ်လာသည်။  ရာထူး အတက်မြန်ခဲ့သည်။

LVMH ၏ လက်ပတ်နာရီကဏ္ဍတွင် လုပ်ကိုင်သည်။ တစ်နှစ်ကြာပြီးချိန်တွင် TAG တွင် မဟာဗျူဟာနှင့် ဒစ်ဂျစ်တယ် ဒါရိုက်တာ ဖြစ်လာသည်။ ၂၀၂၀ ခုနှစ် အသက် ၂၅ နှစ်အရွယ်တွင် TAG Heuer အမှတ်တံဆိပ်၏ စီအီးအို ဖြစ်လာသည်။

TAG Heuer အမှတ်တံဆိပ်ကို ဦးစီးရန် Frédéric ကို Arnault က သွန်သင်ခဲ့သည်။ ထိုစဉ်က TAG Heuer ၏ စီအီးအို Stéphane Bianchi ကလည်း Frédéric ကို သင်ပြပေးခဲ့သည်။

.

Frédéric က စမတ်ဖုန်းနှင့် ချိတ်ဆက် တွဲသုံးသည့် လက်ပတ်နာရီကို အာရုံစိုက်သည်။ လက်ကားရောင်းချနေသည်ကို လက်လီအရောင်းသို့ ပြောင်းသည်။ အီးကောမတ်စ်အရောင်း ကြီးထွားအောင် လုပ်သည်။ အိမ်စီးပြိုင်ကားလုပ်ငန်း Porsche နှင့် မိတ်ဖက်ပြုသည်။

 

photo_2023-05-09_17-31-45.jpg

Jean Arnault (ယာ) နှင့် အစ်ကို Frédéric (ဝဲ)

 

Bernard ၏ သားအငယ်ဆုံး  Jean က Louis Vuitton အမှတ်တံဆိပ်၏ လက်ပတ်နာရီကဏ္ဍကို တာဝန်ယူသည်။

Jean Arnault  က ဘွဲ့ရပြီးသောအခါ  LVMH တွင် အလုပ်ဝင်လုပ်သည်။ MIT မှ financial mathematics ဘာသာရပ်ဖြင့် master ဘွဲ့ရခဲ့သည်။ လန်ဒန်ရှိ Imperial College မှ mechanical engineer ဘွဲ့ရသည်။

ကျောင်းသားဘဝတွင် Morgan Stanley နှင့် McLaren Racing တို့တွင် အလုပ်သင်အဖြစ် လုပ်ကိုင်ခဲ့သည်။ ပါရီရှိ Louis Vuitton လက်လီအရောင်းဆိုင်တွင်လည်း အချိန်ပိုင်း လုပ်ကိုင်ခဲ့သည်။ 

 Jean သည် အသက် ၂၃ နှစ်အရွယ် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် Louis Vuitton နာရီဌာနခွဲ၏ စျေးကွက်ရှာဖွေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဒါရိုက်တာဖြစ်လာခဲ့သည်။ ယခုအခါ ၎င်းနာရီ band ၏ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသည်။

 

Source business insider 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)