-->


Thai Airways အမှတ်တံဆိပ် တန်ဖိုးလျော့ကျ

Thai Airways အမှတ်တံဆိပ် တန်ဖိုးလျော့ကျ

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

 

photo_2023-07-12_11-18-04.jpg

 

အလုပ်ကိစ္စဖြင့် လေကြောင်းခရီး သွားလာမှု ကြက်သီးနွေးရုံမျှသာရှိပြီး အချိတ်အဆက် ဗဟိုချက် မဖြစ်လာနိုင်ခြင်းတို့ကြောင့် Thai Airways ၏ brand တန်ဖိုး ကြီးထွားနှုန်းနှေးကွေးနေသည်။ ထိုင်းနိုင်ငံမှ brand များတွင် Centara Grand သည် ယခုနှစ်တွင် အတောင့်တင်းဆုံး ဖြစ်သည်။

.

Brand Finance ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာ Alex Haigh က ထိုင်းအစိုးရအနေဖြင့် နာမည်ကြီးပြီးသားဖြစ်သည့် ထိုင်းသို့ အပန်းဖြေ အလည်အပတ် လာရောက်ကြသည့် ခရီးစဉ်များကုိသာ မြှင့်တင်ခြင်းကိုသာမက ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်ရန်နှင့် အငြိမ်းစားယူပြီးသည့်နောက် ထိုင်းတွင် လာရောက်နေထိုင်ကြစေရန်တို့ကိုပါ ပိုမိုလုပ်ဆောင်ပေးပြီး မြှင့်တင်ပေးသင့်သည်ဟု အကြံပြုသည်။

.

Brand Finance ၏ ယခုနှစ် လေ့လာချက်အရ Thai Airways ၏ brand တန်ဖိုးမှာ ကန်ဒေါ်လာ သန်း ၉၀၀ ဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ brand တန်ဖိုး အမြင့်မားဆုံး ထိပ်တန်း(၅၀) တွင် ပါဝင်သည်။ ၂၀၁၉ ခုနှစ်တွင် ကန်ဒေါ်လာ ၁.၃၇ ဘီလီယံ ရှိခဲ့ရာမှ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယမန်နှစ်ကထက် ၃ ရာခိုင်နှုန်း ပိုများသည်။ 

ဒေသတွင်းမှ အခြားလေကြောင်းလိုင်းများ ဖြစ်သည့် Singapore Airlines  သည် ယခုနှစ်တွင် ယမန်နှစ်ကထက် ၈% ပိုများသည်။  Malaysia Airlines က ၅% ပိုများသည်။ 

 

photo_2023-07-12_11-17-31.jpg

 

 

Brand Finance ၏ အစီရင်ခံစာတွင် ယခုနှစ် အတောင့်တင်းဆုံး brand သည်  Centara Grand ဖြစ်သည်။ 

ယမန်နှစ်က အတောင့်တင်းဆုံး brand မှာ Kasikornbank ဖြစ်ပါသည်။ ယခုနှစ်တွင် Kasikornbank သည် တတိယနေရာတွင် ရပ်တည်နေသည်။ 

ဒုတိယနေရာတွင် PTT  ရှိနေပြီး PTT သည် ယမန်နှစ်ကလည်း ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။ 

 

photo_2023-07-12_11-17-47.jpg

 

 

 

photo_2023-07-12_11-17-39.jpg

 

photo_2023-07-12_11-17-43.jpg

 

 

 

 

photo_2023-07-12_11-17-59.jpg

 

 

 

 

 

 

photo_2023-07-12_11-17-51.jpg

 

 

TO GET INSTANT UPDATE 
https://t.me/Guid4U

Join Telegram Channel

Read times
Rate this item
(0 votes)