-->


အီလွန်မတ်စ် ထူထောင်သည့် ဉာဏ်ရည်တုလုပ်ငန်း xAI လိုဂို သုံးသပ်ချက်များ

အီလွန်မတ်စ် ထူထောင်သည့် ဉာဏ်ရည်တုလုပ်ငန်း xAI လိုဂို သုံးသပ်ချက်များ

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel 

Tesla နှင့် SpaceX  စီအီးအို၊ Twitter ပိုင်ရှင် အီလွန်မတ်စ်က ဉာဏ်ရည်တုကုမ္ပဏီ ထူထောင်လိုက်ပြီး သူနှစ်သက်စွဲလနိးတဲ့ X ပါတဲ့  xAI လို့ အမည်ပေးပါတယ်။

DALL-E 2 နှင့် Chat GPT တို့ကို မွေးထုတ်ပေးခဲ့တဲ့ မိခင်ကုမ္ပဏီ OpenAI အစောပိုင်းကာလမှာ အီလွန်မတ်စ်က ရင်းနှီးမြှုပ်နှံသူ ဖြစ်ခဲ့ပါတယ်။ နောက်တော့ နုတ်ထွက်ခဲ့ပါတယ်။

မကြာသေးမီက AI က အန္တရာယ် ကြီးမားကြောင်း သူ သတိပေးခဲ့ပါတယ်။ အစိုးရမှ စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းကျောင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ မကြာသေးခင်က သူ့ကိုယ်ပိုင် AI ကုမ္ပဏီ xAI ကို ထူထောင်ခဲ့ပါတယ်။

 

ကုမ္ပဏီအသစ် xAI ရဲ့ လိုဂိုအပေါ် ဝေဖန်သုံးသပ်ချက်များ ထွက်ပေါ်ခဲ့ပါတယ်။

တချို့က ကြိုက်ကြတယ်။ မျဉ်းဖြောင့်ထူထူ ၃ ကြောင်းတည်းဖြင့် xAI ကို ဖော်ပြထားတာ ရိုးရိုးရှင်းရှင်း ဖြစ်တာကြောင့် နှစ်သက်ကြတယ်။

တချို့က အမည်ကို ဖတ်လို့ မရဘူးလို့ ဝေဖန်တယ်။ 

တချို့က xAI လိုဂိုကို AI art generator ဖြင့် ဆွဲခိုင်းပြီး လူမှုကွန်ရက်မှာ တင်ပြကြတယ်။

 

  xAI logo

 

photo_2023-07-17_21-19-25.jpg

 

(Image credit: xAI)

 

တချို့က xAI မဟုတ်ဘဲ X1 ဖြစ်နေတယ်လို့ ဆိုကြတယ်။ 

ကုမ္ပဏီနာမည်ကို အစကတည်းက သိမထားရင် xAI လို့ မဖတ်ဘဲ X1 လို့ ဖတ်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လိုဂိုကို နှစ်သက်တဲ့ဘက်က လိုဂိုဟာ ကုမ္ပဏီကို ကိုယ်စားပြုတာ မှန်ပေမဲ့ ကုမ္ပဏီနာမည်ကို ဖတ်လို့ရအောင် ဖော်ပြပေးရမယ်လို့ တစ်ထစ်ချ မယူဆသင့်ကြောင်း ပြောပြကြတယ်။

Source creative blog

TO GET INSTANT UPDATE 
https://t.me/Guid4U
Join Telegram Channel

Read times
Rate this item
(0 votes)