-->


၁ ဘီလီယံဒေါ်လာ စံချိန်နှင့်အတူ ရေပန်းစားနေတဲ့ Barbillion မားကက်တင်း

၁ ဘီလီယံဒေါ်လာ စံချိန်နှင့်အတူ ရေပန်းစားနေတဲ့ Barbillion မားကက်တင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Barbie ရုပ်ရှင် ရုံတင်ပြသလျက်ရှိရာ ဝင်ငွေ ကန်ဒေါ်လာ ၁ ဘီလျံ စံချိန်သို့ ရောက်ရှိခဲ့သည်။ ရုပ်ရှင်ရုံ လက်မှတ်ရောင်းရငွေ ကန်ဒေါ်လာ ၁ ဘီလျံကျော်သည့် ရုပ်ရှင် အရေအတွက် ၅၀ ဝန်းကျင်သာ ရှိသည်။

 

Barbie ကို ရိုက်သည့် အမျိုးသမီး ဒါရိုက်တာ Greta Gerwig သည် ပူးတွဲဒါရိုက်တာမပါ တကိုယ်တော် ရိုက်သည့် အမျိုးသမီး ဒါရိုက်တာများ အကြားတွင် ရုပ်ရှင်ရုံဝင်ငွေစံချိန် ကန်ဒေါ်လာ ၁ ဘီလီယံသို့ ရောက်ရှိသည့် 'ပထမဆုံး အမျိုးသမီးဒါရိုက်တာ" ဖြစ်လာသည်။

 

Barbie သည် ၂၀၂၂ တွင် ပေါင်းစည်းခဲ့ကြသော Warner Bros. Discovery မှ ၂၀၂၃ တွင် ဒုတိယမြောက် ရုံတင်သည့် ရုပ်ရှင် ဖြစ်သည်။

 

Gerwig သည် Disney မှ ထုတ်လုပ်သည့် "Captain Marvel" တွင် co-director အဖြစ် ပါဝင်ခဲ့သည်။ 

"Captain Marvel" သည် ၂၀၁၉ ခုနှစ် ရုံတင်ပြသခဲ့ရာ ဝင်ငွေ ကန်ဒေါ်လာ ၁.၁၃ ဘီလီယံ ရရှိခဲ့သည်။

 

 Universal ၏ "The Super Mario Bros. Movie" သည် ဧပြီလတွင် စတင်ရုံတင်ပြသခဲ့ပြီး ဝင်ငွေ ကန်ဒေါ်လာ ၁.၃ ဘီလီယံ ရရှိခဲ့သည်။

"Barbie" က ပိုက်ပြင်ဆရာ  "Mario"  ဝင်ငွေစံချိန်ကို ချိုးနိုင်မှာလားဆိုသည်ကို စောင့်ကြည့်ကြရမည်။

 

ငွေကြေး အမြောက်အမြား အကုန်ကျခံပြီး ရိုက်ကူးထုတ်လုပ်သော ရုပ်ရှင်များ ဝင်ငွေ စံချိန် မတင်နိုင် ဖြစ်နေကြစဉ် "Barbie" ထ"ပေါက်" သွားသည်။ 

လွမ်းဆွတ်စရာဖြင့် မျှားခေါ်သည့် လူကြိုက်များခဲ့သည့် ရုပ်ရှင်များကို ဇာတ်လမ်းအသစ်ဖြင့် အသက် ထပ်ဆက်ခဲ့ကြရာ မအောင်မြင်ခဲ့ချေ။

Disney ၏ "Indiana Jones and the Dial of Destiny" ၊ Paramount ၏ Mission Impossible စီးရီး၊ Universal ၏ Fast and Furious တို့သည် မှန်းထားသလောက် မပေါက်ခဲ့ချေ။ အမေရိကန်တွင် ပြသရာ၌ ဝင်ငွေ ကန်ဒေါ်လာ သန်း ၂၀၀ မပြည့်ခဲ့ကြချေ။

 

Barbie ဝင်ငွေ ကန်ဒေါ်လာ ၁ ဘီလီယံ billion ကျော်သွားတဲ့အတွက် မားကက်တင်းလောကမှာ “Barbillion” ဟု အမည်ပေးလိုက်ကြသည်။

 

အလွန်အမင်း စန်းထနေသည့် Barbie အရှိန်အဟုန်ဖြင့် Barbillion မားကက်တင်းများ ပေါ်ထွက်လာသည်။

 

photo_2023-08-08_23-53-12.jpg

 

ကယ်လီဖိုးနီးယား ပင်လယ်ကမ်းခြေ မာလီဘူးတွင် Barbie Dreamhouse Airbnb ပေါ်ပေါက်လာသည်။ Barbie ဂိမ်းစက်လည်း ထွက်ပေါ်လာသည်။ Barbie ကော်ဇော၊ Barbie ခရီးဆောင်အိတ် ရောင်းချကြသည်။ အချဉ်ရည်ပျစ်ကို အနီရောင်အစား ပန်းနုရောင် သုံးထားသည့် Barbie ဘာဂါလည်း ရှိသည်။

 

photo_2023-08-08_23-53-16.jpg

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)