-->


အိန္ဒိယလေကြောင်းလိုင်း ကုမ္ပဏီပိုင် အမှတ်တံဆိပ် ယခင်နှင့် ယခု နှိုင်းယှဉ်ချက်

အိန္ဒိယလေကြောင်းလိုင်း ကုမ္ပဏီပိုင် အမှတ်တံဆိပ် ယခင်နှင့် ယခု နှိုင်းယှဉ်ချက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

နိုင်ငံပိုင် လေကြောင်းလိုင်းအဖြစ်မှ ပုဂွလိကပိုင်အဖြစ် Tata Group လက်ထဲသို့ ရောက်ရှိသွားသော Air India သည် ပြုပြင်ပြောင်းလဲမှုများ အကြီးအကျယ် ဆောင်ရွက်နေသည်။ 

အိန္ဒိယ လေကြောင်းလိုင်းသည် ၎င်း၏ လေယာဉ်စုကို ခေတ်မီစေရန်နှင့် ခရီးသည်များအား ပိုမိုကောင်းမွန်သော အတွေ့အကြံုများ ပေးအပ်နိုင်စေရန်အတွက် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများဖြင့် အကောင်အထည်ဖော်နေသည်။

အပြောင်းအလဲများတွင် လေကြောင်းလိုင်း၏ ကုမ္ပဏီပိုင် အမှတ်တံဆိပ်လည်း ပါဝင်လာသည်။

Air India ၏ ကုမ္ပဏီပိုင် အမှတ်တံဆိပ် အသစ်သည် ယခင်အဟောင်းနှင့်  အလွန်ကွာခြားသွားသည်။

 

Air India ၏ ကုမ္ပဏီပိုင် အမှတ်တံဆိပ်အသစ်နှင့် အဟောင်း နှိုင်းယှဉ် ကြည့်ရှုနိုင်ရန် ပုံများနှင့် ဗီဒီယိုတို့ကို တင်ပြအပ်ပါသည်။

 

photo_2023-08-11_23-35-51.jpg

 ကုမ္ပဏီပိုင် အမှတ်တံဆိပ် အသစ်

 

 

 

photo_2023-08-11_23-35-35.jpg

 ကုမ္ပဏီပိုင် အမှတ်တံဆိပ် အဟောင်း

ဗီဒီယို

 

 

Air India အမည်ကို အင်္ဂလိပ် အက္ခရာ စာလုံးကြီး (uppercase or capital letter) ကို အသားထူထူ (bold)ဖြင့် “AIR INDIA” ဟု ရေးထားသည်။ "ပြူးတူးပြဲတဲ" ဖြစ်နေအောင် ပြသထားသည်

လေယာဉ် အနိမ့်မှာ ပျံသန်းနေစဉ် မော့ကြည့်သူတို့အတွက် လေယာဉ်ဝမ်းဗိုက်တွင်လည်း “AIR INDIA” ကို "ပြူးတူးပြဲတဲ" ပြသထားသည်။ ဝေးနေသဖြင့် ဖတ်မရ မဖြစ်တော့ချေ။

 

ဝမ်းဗိုက်မှာ အသားထူထူ ရွှေရောင်ဘောင်ထဲ အနီရဲရဲ အကွက်ထဲတွင် “AIR INDIA”ကို သိသာထင်ရှားစွာ ဖော်ပြထားသည်။

ရွှေရောင်ဘောင်သည် ပရီမီယံကို ဖော်ညွှန်းသည်။

 

အမြီးပိုင်းတွင် ပြတင်းပေါက်ဘောင် တစွန်းတစ ဖော်ပြထားသည်။ ပရီမီယံ ရွှေဘောင်ဖြစ်သည်။ အနီနှင့် ခရမ်းတို့က ရွှေဘောင်ကို ဝန်းရံထားသည်။

အနီသည် Air India

ခရမ်းသည် ဘတ်ဂျက်လေကြောင်းလိုင်း Vistara ကို ရည်ညွန်းသည်။

Vistara ကို Air India ထဲသို့ ပေါင်းထည့်မည့် အစီအစဉ် ရှိသည်။

Air India သည် လိုဂို အသစ် နှစ်မျိုး သုံးစွဲမည်။

 

photo_2023-08-11_23-35-27.jpg

photo_2023-08-11_23-35-24.jpg

 

 

font ကို အသစ်ဖန်တီးထားတဲ့ “Air India Sans” font သုံးထားပါတယ်။

 

ယခင်လိုဂိုအဟောင်း

photo_2023-08-11_23-35-20.jpg

 

 

 လေကြောင်းလိုင်း၏ စီအီးအို Campbell Wilson က ကုမ္ပဏီပိုင် အမှတ်တံဆိပ်အသစ်ကို Air India ၏ ကိုယ်ထည်အကျယ် လေယာဉ်တွေ အားလုံးမှာ ၂၀၂၅ မတိုင်ခင် ပြောင်းလဲသွားမည်ဟု ပြောကြားသည်။

 

 

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)