-->


တာဇံကို ဆိုနီ ဝယ်ယူ

တာဇံကို ဆိုနီ ဝယ်ယူ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

တာဇံကို ပြန်လည်ဖန်တီးထားသည့် အသွင်သစ်ဖြင့် မြင်တွေ့ကြရဖွယ် ရှိသည်။

Sony သည် တာဇံဇာတ်ရုပ်အတွက် ရုပ်ရှင်ထုတ်လုပ်ပိုင်ခွင့်ကို ဝယ်ယူလိုက်သည်။ 

အမေရိကန် စာရေးဆရာ Edgar Rice Burrough မွေးဖွားပေးခဲ့သည့် တာဇံ ဇာတ်ရုပ်ကို လုံးလုံးလျားလျား ပြန်လည် ဖန်တီးမည်ဖြစ်သည်။

 

photo_2023-09-12_09-50-06.jpg

ယခုအထိ တာဇံ ဇာတ်ရုပ်ကို းလုံးလျားလျား ပြန်လည် ဖန်တီးခြင်း မရှိသေးချေ။

Tarzan ကို ၁၉၁၂ ခုနှစ်တွင် ဖန်တီးခဲ့သည်။ ရုပ်ရှင်၊ အခန်းဆက်၊ ရေဒီယိုဇာတ်လမ်း၊ တီဗီ ဇာတ်လမ်း၊ ကာတွန်း စသည်တို့ဖြင့် တာဇံကို တင်ဆက်ပေးခဲ့ကြသည်။ 

ပထမဆုံး တာဇံရုပ်ရှင်မှာ ၁၉၁၈ တွင် ရုံတင်ပြသခဲ့သည့်  Tarzan of the Apes ဖြစ်သည်။ ၁၉၃၀ မှ ၁၉၇၀ ပြည့်လွန်နှစ်များအထိ တီဗီ ဇာတ်လမ်းများ တင်ဆက်ခဲ့ကြသည်။ ၁၉၉၉ ခုနှစ်တွင် Disney က ကာတွန်းရုပ်ရှင် ထုတ်လုပ်ခဲ့သည်။ ပြဇာတ်အဖြစ်ဖြင့်လည်း တာဇံကို တင်ဆက်ခဲ့ကြသည်။

 

နောက်ဆုံး ထုတ်လုပ်သည့် တာဇံရုပ်ရှင်မှာ ၂၀၁၆ ခုနှစ်တွင် Warners မှ တင်ဆက်သည့် The Legend of Tarzan ဖြစ်သည်။ ကမ္ဘာတလွှား ရုံတင်ပြသခဲ့ရာ ဝင်ငွေ ကန်ဒေါ်လာ သန်း ၃၅၀ ခန့် ရရှိခဲ့သည်။

Source Asia one


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times
Rate this item
(0 votes)