-->


ကြော်ငြာဝင်ငွေ ဆတိုး ရရှိရန် Google က နှစ်စဉ် ဒေါ်လာ ဘီလီယံချီ ပေးကမ်းထားဟု တရားရုံးတွင် ထွက်ဆို

ကြော်ငြာဝင်ငွေ ဆတိုး ရရှိရန် Google က နှစ်စဉ် ဒေါ်လာ ဘီလီယံချီ ပေးကမ်းထားဟု တရားရုံးတွင် ထွက်ဆို


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

လက်ဝါးကြီးအုပ် ချုပ်ကိုင်စီးပွားစနစ် တိုက်ဖျက်ရေးအတွက် အမေရိကန်အစိုးရက Google ကို အမှုဖွင့် တရားစွဲဆိုထားပြီး အမှုကို ကြားနားလျက်ရှိသည်။

Google ရှာဖွေရေးအင်ဂျင်ကို ဟန်းဆက်အမျိုးမျိုးနှင့် ဘရောက်ဆာအမျိုးမျိုးတို့တွင် မူရင်းမူလအဖြစ် ထည့်သွင်းပေးထားရန်အတွက် Alphabet လက်အောက်ခံ ကုမ္ပဏီခွဲက Apple နှင့် Samsung အပါအဝင် ကုမ္ပဏီများကို ကန်ဒေါ်လာ ဘီလီယံချီ ပေးကမ်းထားကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်။

၂၀၂၁ ခုနှစ်တွင် စုစုပေါင်း ကန်ဒေါ်လာ ၂၆.၃ ဘီလီယံ ပေးကမ်းခဲ့သည်ဟု Google ရှာဖွေရေးအင်ဂျင် အကြီးအကဲ Prabhakar Raghavan က ထွက်ဆိုခဲ့သည်။

 

ထိုသို့ Google ရှာဖွေရေး အင်ဂျင်ကို သုံးစွဲစေသဖြင့် Alphabet သည် တဖက်တလမ်းမှ ကြော်ငြာဝင်ငွေ အကြီးအကျယ် ရရှိသည်။ 

photo_2023-10-30_10-26-28.jpg

 

အမှုကို ကြားနာသည့် တရားသူကြီး Amit Mehta က အချက်အလက်အချို့ကို လူအများကို အသိပေးလိုသဖြင့် Alphabet နှင့် ဆွေးနွေးပြီး သဘောတူညီချက်ရယူကာ ဖွင့်ချပေးလိုက်ခြင်း ဖြစ်သည်။ 

Alphabet သည် တတိယသုံးလပတ်ဝင်ငွေများကို မကြာသေးမီက အစီရင်ခံခဲ့ပြီး စက်တင်ဘာလတွင် ကုန်ဆုံးသည့် သုံးလတာအတွက် Google Search သည် ကြော်ငြာဝင်ငွေ ကန်ဒေါ်လာ ၄၄ ဘီလီယံကျော် ရရှိခဲ့သည်။

 

ပြီးခဲ့သောနှစ်တွင် Search မှ ၀င်ငွေသည် တစ်နှစ်တာအတွက် ကန်ဒေါ်လာ ၁၆၅ ဘီလီယံကျော် ရရှိခဲ့သည်။

 

Google သည် ထုတ်လုပ်သူများ၏  ပစ္စည်းများ၊ ဝဘ်ဆိုဒ်များနှင့် အက်ပ်များပေါ်တွင် Googleကို မူရင်းမူလ ရှာဖွေရေးအင်ဂျင် ဖြစ်နေစေရန် ထုတ်လုပ်သူများအား ဘီလီယံချီ ပေးဆောင်ခြင်းကို ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် လုပ်ဆောင်ခဲ့ရာ အကျိုးအမြတ် အမြောက်အမြား ရရှိခဲ့သည်။

 Apple ၏ Safari တွင် Google ကို မူရင်းမူလ ရှာဖွေရေးအင်ဂျင်အဖြစ် ထည့်သွင်းထားအောင် Apple ကို Google က ၂၀၂၁ ခုနှစ် တစ်နှစ်စာအတွက် ကန်ဒေါ်လာ ၁၈ ဘီလီယံ ပေးကမ်းခဲ့သည်ဟု  New York Times က သတင်းဖော်ပြခဲ့သည်။

Samsung ၏ Galaxy ဖုန်းများ၊ တက်ဘကလက်များတွင် Google ကို မူရင်းမူလ ရှာဖွေရေးအင်ဂျင်အဖြစ် ထည့်သွင်းထားအောင်လည်း Google က ပေးကမ်းထားသော်လည်း မည်ရွေ့မည်မျ ပေးကမ်းသည်ကို မသိရပေ။ 

 Firefox ဘရောက်ဆာတွင် Google ကို မူရင်းမူလ ရှာဖွေရေးအင်ဂျင်အဖြစ် ထည့်သွင်းထားအောင် Mozilla ကိုလည်း Google က ပေးကမ်းထားသည်။

အခြားပေးကမ်းထားသည့် ကုမ္ပဏီများလည်း ရှိသည်။ 

 

Google ၏ ရှာဖွေရေးအကြီးအကဲ Raghavan က တရားရုံးမှာ ထွက်ဆိုခဲ့ရာ၌  Yelp နှင့် Amazon တို့ကို ပြိုင်ဖက်များအဖြစ် သတ်မှတ်ထားကြောင်း၊ Google သည် ရှာဖွေအသုံးပြုသူများကို TikTok နှင့် ChatGPT တို့ထံ ဆုံးရှုံးလျက်ရှိကြောင်း၊ အချို့သုံးစွဲသူများက Google Search ကို ရှေးဆန်သည်ဟု ယူဆကြပြီး "ဘိုးဘိုး Google" "Grandpa Google" ဟု ခေါ်ဝေါ်ကြကြောင်း ထွက်ဆိုခဲ့သည်။

သို့ဖြစ်ရာ ယှဉ်ပြိင်နိုင်စွမ်း ရရှိနေစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုအဖြစ် Apple, Samsung အစရှိသည်တို့ကို ပေးကမ်းခြင်းဖြစ်ကြောင်း Raghavan က ပြောကြားသည်။ 

 Google သည် Apple, LG, Motorola, Samsung ကဲ့သို့သော ပစ္စည်း ထုတ်လုပ်သူများ၊ အမေရိကန်မှ ဆက်သွယ်ရေး အော်ပရေတာများ ဖြစ်ကြသည့် AT&T, T-Mobile, Verizon ၊ ဘရောက်ဆာလုပ်ငန်းများ ဖြစ်ကြသည့် Mozilla, Opera, UCWeb အစရှိသည့် လုပ်ငန်းများကို နှစ်စဉ် စုစုပေါင်း ကန်ဒေါ်လာ ဘီလီယံချီပေးကမ်းပြီး ကြော်ငြာဝင်ငွေ တိုးရန် ရင်းနှီးမြှုပ်နှံသည်။ 

 ၂၀၂၁ စာရင်းကို ကြည့်လျှင် Google Search ကို မူရင်းမူလအဖြစ် ထည့်သွင်းပေးထားရန် ကန်ဒေါ်လာ ၂၆ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့ပြီး ကြော်ငြာဝင်ငွေ ကန်ဒေါ်လာ ၁၄၆ ဘီလီယံကျော် ရရှိခဲ့သည်။

Source cnbc


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)