-->


Universal Music နှင့် TikTok သည် လိုင်စင်သဘောတူညီချက်အသစ် မရရှိ

Universal Music နှင့် TikTok သည် လိုင်စင်သဘောတူညီချက်အသစ် မရရှိ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Universal Music Group (UMG) သည် ၎င်း၏ ဂီတတေးသီချင်းများကို TikTok နှင့် TikTok Music ဝန်ဆောင်မှုများအတွက် လိုင်စင်ရပ်ဆိုင်းမည်ဖြစ်ကြောင်း အင်္ဂါနေ့ (ဇန် ၃၀)တွင် ပြောကြားခဲ့ပြီး ဆိုရှယ်မီဒီယာပလက်ဖောင်း TikTok နှင့် UMG တို့၏ လက်ရှိသဘောတူညီချက်ကို သက်တမ်းတိုးထားခြင်း မရှိသေးဟု ဆိုပါသည်။ 

 

 UMG သည် TikTok နှင့်  စာချုပ်သက်တမ်းတိုးရန်ကိစ္စအတွက် ဆွေးနွေးခဲ့ရာတွင် အနုပညာရှင်များနှင့် တေးရေးဆရာများကို သင့်လျော်သော အခကြေးများ ပေးအပ်ရန် TikTok ကို ဖိအားပေးခဲ့သည်ဟု အနုပညာရှင်များနှင့် တေးရေးဆရာများ အသိုင်းအဝိုင်းသို့ ထုတ်ပြန်သော အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။ 

၎င်းစာတွင် UMG က TikTok သည် "ဂီတအတွက် မျှတသောတန်ဖိုးကို မပေးဘဲ ဂီတအခြေခံစီးပွားရေးကို တည်ဆောက်ရန် ကြိုးပမ်းနေသည်" ဟု စွပ်စွဲထားသည်။

 

အကယ်၍ UMG သည် TikTok နှင့် သဘောတူညီချက် မရရှိပါက ၎င်း၏ ဂီတတေးသီချင်းများ အာလုံးကို လက်ရှိလိုင်စင် သက်တမ်းကုန်သည့်နေ့တွင်  ဖယ်ရှားမည်ဟု UMG ပြောရေးဆိုရေး တာဝန်ခံက ပြောကြားပါသည်။ 

 

TikTok သည် အနုပညာရှင်များနှင့် တေးရေးဆရာများကို ပေးဆောင်သည့် နှုန်းထားသည် အလားတူ အခြေအနေရှိသည့် အဓိက လူမှုပလက်ဖောင်းများမှ ပေးသည့်ပမာဏ၏ အစွန်းထွက်မျှသာ ဖြစ်ကြောင်း UMG က ပြောကြားသည်။

 

Tiktok က UMG တင်ပြထားသည်မှာ မှားယွင်းကြောင်း ပြောကြားခဲ့ပြီး UMG ၏ လုပ်ဆောင်ချက်များသည် အနုပညာရှင်များ၊ တေးရေးဆရာများနှင့် ပရိသတ်များ၏ အကျိုးစီးပွားအတွက် အကောင်းဆုံး မဟုတ်ကြောင်း ပြောကြားခဲ့သည်။

 

TikTok ထံမှ ရသည့် ဝင်ငွေသည်  UMG စုစုပေါင်းဝင်ငွေ၏ ၁% ခန့်သာ ရှိသည်။

 

UMG သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် TikTok နှင့် သဘောတူညီမှု ရရှိခဲ့သည်။ ၎င်းသဘောတူညီချက်အရ TikTok အက်ပ် အသုံးပြုသူများအား UMG ၏ တေးဂီတစာရင်းမှ ဂီတတေးသီချင်းများကို  ၎င်းတို့ ဖန်တီးသည့် ဗီဒီယိုများတွင် ဖြတ်ညှပ်ကပ် ထည့်သွင်းသုံးစွဲရန် ခွင့်ပြုထားပါသည်။ 

 

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)