-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဆင်းရဲခြင်းလေးမျိုး

ဆင်းရဲခြင်းလေးမျိုး google.com

၁။ ငွေကြေးဆင်းရဲတာ
သုံးစွဲစရာငွေ အလုံအလောက်မရှိခြင်း ကိုယ့်ကိုကိုယ် မကျွေးမွေးနိုင်ခြင်း၊ မိသားစုကို မကျွေးမွေးနိုင်ခြင်း။


၂။ အချိန်ဆင်းရဲတာ
ဘ၀ကိုအသုံးချဖို့ အချိန်မရှိတာ ကိုယ်လုပ်ချင်တဲ့ အရာလုပ်ဖို့အတွက် အချိန်မရှိတာ၊ တစ်ချို့လည်း ပိုက်ဆံရှိပေမယ့် အချိန်မရှိဘူး၊ တစ်ချို့ဆိုပိုတောင်ဆိုး အချိန်မရှိတဲ့အပြင် ပိုက်ဆံလည်းမရှိကြဘူး။ ပြီးရင် ဒီနံပါတ် ၃အရာကို အပြစ်တင်တယ်။

၃။ အခွင့်အရေး ဆင်းရဲတာ

အခွင့်အရေးကောင်းကောင်းတွေ ဘ၀ထဲကိုဝင်မလာဘူး၊ တစ်ချို့လည်းပြောကြတယ်။ ငါတို့လည်း ကြိုးစားတယ်၊ အလုပ်လုပ်နေတယ် ဒါပေမယ့် ဘာ့ကြောင့် ခုထိ မအောင်မြင် မချမ်းသာနိုင်သေးတာလဲ
ကျွန်တော်တို့ အရင်ဆုံးနားလည်ထားကြရမှာက လူချမ်းသာအားလုံး အသီးသီးကြိုးစားခဲ့ကြရတယ်။ ဒါပေမယ့် ကြိုးစားတိုင်းလည်း မအောင်မြင်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ၁၀နှစ်ကြာသွားလည်း အလကားပဲ မချမ်းသာလာနိုင်ပါဘူး။
ပင်ပင်ပန်းပန်းလုပ်ကိုင်နေယုံနဲ့ အောင်မြင်မယ်ချမ်းသာနိုင်မယ်ဆိုရင် အထမ်းသမားတွေ ကုန်တင်ကုန်ချ သမားတွေ ချမ်းသာကုန်ရောပေါ့။ အဲ့ဒီ အသက်မွေးဝမ်းကြောင်းအလုပ်တွေက မကောင်းဘူးလို့ မပြောပါဘူး။ ချမ်းသာလာဖို့ အခွင့်အလမ်းနည်းပါးတယ်လို့သာ ဆိုလိုတာပါ။ ဒါကြောင့် ကျွန်တော်တို့ work hard တစ်မျိုးတည်းနဲ့ မလုံလောက်တော့ဘူး၊ work smart လည်းလုပ်ရမယ်… အခွင့်အလမ်းကောင်းတွေ ရှာဖွေပြီး ကြုံလာတဲ့အခါ ဖမ်းဆုပ်ယူထားဖို့ ချီတုံချတုံ မဖြစ်နေပါစေနဲ့… အခွင့်အရေးဆင်းရဲတာထက် ပိုဆိုးဝါးတာက အကြိမ်ပေါင်းများစွာ ကျွန်တော်တို့မှာ အခွင့်အလမ်းတွေ ကြုံတွေ့ကြရပေမဲ့ ကိုယ်တိုင်က သူ့ကို ဖမ်းဆုတ်ထားဖို့ နှောင့်နှေးတတ်ကြတာဟာ နံပါတ်၎ အမျိုးအစားလို ဆင်းရဲခြင်း ဖြစ်ပေါ်စေပါတယ်။

၎။ အတွေးအခေါ်ဆင်းရဲတာ

ကိုယ့်ရဲ့ အတွေးထဲ ဘက်ပေါင်းစုံကနေတွေးတယ်… ဒါပေမယ့် ကိုယ်ရဲ့အစွမ်းအစကို ကိုယ်တော့ အထင်သေးတယ် အနုတ်သဘောပဲတွေးတယ်..မအောင်မြင်မှာကိုပဲတွေးနေတယ်…
ပြီးတော့ အခွင့်အလမ်းတွေ လက်လွတ်သွားတာကိုပဲ ထိုင်ကြည့်နေရင်း ပိုက်ဆံမွဲ၊ အချိန်မွဲတယ် အခွင့်အလမ်းကောင်းတွေ ကြုံတွေ့ရတယ်.. ဒါပေမယ့် အတွေးအခေါ်မွဲနေသေးရင်တော့ ဘ၀ကဘယ်လိုမှ ပြောင်းလဲနိုင်ဦးမှာ မဟုတ်ဘူး။
ဒီကနေ့ ကိုယ့်ကိုအထင်သေးတဲ့သူရှိရင် ကိုယ်ကြိုက်ပါ့မလား?
မကြိုက်ပါဘူးလို့ ဖြေရင်ဘာကြောင့် ကိုယ့်ရဲ့အရည်အသွေးကို ကိုယ်အထင်သေးရမှာလဲ?
လူတစ်ရာက မလုပ်နိုင်ပါဘူးလို့ ဘယ်လိုပဲပြောနေကြပါစေ ကိုယ့်ကိုယ်သာ ငါလုပ်နိုင်တယ်ရယ်လို့ ပြောနေရင် လုပ်ကိုလုပ်နိုင်ပါတယ်။

Read-ကြောက်နေရင် တစ်သက်လုံးရှုံးမှာပဲ...

Source; Thutazone

 

Read times
Rate this item
(3 votes)