-->
×

Warning

JUser: :_load: Unable to load user with ID: 29


တစ်ယောက်တည်း နေသူတွေမှာ တွေ့ရလေ့ ရှိတဲ့အားသာချက်များ

တစ်ယောက်တည်း နေသူတွေမှာ တွေ့ရလေ့ ရှိတဲ့အားသာချက်များ google.com

သင်ဟာ လူတွေနဲ့ ရောထွေးပြီး နေရတာ၊ ဟန်ဆောင်ပြီး စကားပြောရတာကို စိတ်မပါတဲ့ အင်ထရိုဗာတ်(Introvert) တစ်ယောက်လား။ Introvert တွေဟာ ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းတယ်၊ သာမာန် ကြည့်လိုက်ရင် ထူးထူးခြားခြား မရှိဘူးလို့ အများကထင်ကြပေမယ့် သူတို့ဆီမှာလည်း အခြား Extrovert တွေနဲ့ မတူတဲ့ အားသာချက်တွေရှိပါတယ်။

အဲဒီလိုမျိုး တစ်ယောက်တည်း နေရာတာ ကြိုက်တဲ့ Introvert တွေမှာရှိတဲ့ အားသာချက်တွေကတော့

(၁) ကိုယ့်ကိုယ်ကို နားလည်တယ်

သီးသန့်နေတတ်တဲ့ သူတွေဟာ မိမိစိတ်ကို အခြားသူတွေထက် ပိုနားလည်ပါတယ်။ ကိုယ့်အကြောင်းကို သေချာနားလည်ပြီး ဘာဖြစ်ချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိပါတယ်။ လူအများက ယောင်တိုင်း လိုက်မယောင်တတ်တာက သူတို့ရဲ့အရည်အချင်းပါ။

(၂) သန်မာတယ်

တစ်ယောက်တည်း နေတတ်တဲ့ သူတွေဟာ မိမိစိတ်ကို အခြားသူတွေထက် ပိုနားလည်ပါတယ်။ ဖြစ်လာတဲ့ ပြဿနာကို သေချာအေးအေးဆေးဆေး စဉ်းစားပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ခုကို ချတတ်တာက သူများတွေ မနာလိုရလောက်တဲ့ အရည်အချင်းတစ်ခုပါ။

(၃) အချိန်ကိုတန်ဖိုးထားတယ်

တစ်ကိုယ်တည်း သမားတွေက အချိန်ကို သာမန်သူတွေထက် ပိုတွက်လေ့ရှိပါတယ်။ ဘယ်အချိန်မှာ စာဖတ်မယ်၊ လေ့ကျင့်ခန်းလုပ်မယ် ဆိုတာမျိုး ကြိုတွေးထားလေ့ရှိပါတယ်။ ဒါကြောင့်မို့လို့ သာမန် အလာပသလာပ စကားဝိုင်းတွေမှာ အချိန်ကုန်ခံလေ့ မရှိပါဘူး။

(၄) စည်းရှိတယ်

ကိုယ်ပိုင် စည်းမျဉ်းတွေထားသလို သူများတကာရဲ့ အတွင်းရေးကိုလည်း ၀င်ရောက်စွက်ဖက်တာမျိုး နည်းပါတယ်။ မေးသင့်၊ မမေးသင့် ဆိုတာမျိုးကို အမြဲဆင်ခြင်ပြီး သူတို့ကို စည်းကျော်လာရင်လည်း အားမနာဘဲ ပြန်ပြောတတ်ပါတယ်။

(၅) ပွင့်လင်းတယ်

Introvert သမားတွေက တစ်ယောက်တည်း နေတယ်ဆိုတိုင်း လူတွေနဲ့ လိုက်လျောညီထွေ မနေတတ်လို့ မဟုတ်ပါဘူး။ အသစ်အဆန်းတွေ၊ စိတ်ကူးအသစ်တွေ တွေးဖို့အတွက် ကိုယ်ပိုင်အချိန် အများကြီးသုံးတဲ့ သဘောပါ။ ပြီးရင်တော့ သူတို့ရရှိလာတဲ့ အတွေ့အကြုံတွေ၊ အိုင်ဒီယာတွေကို လူတိုင်းကို ပြန်ဝေမျှချင်သူတွေပါ။

ဒီလောက်ဆိုရင်တော့ တယောက်တည်း သီးသန့်နေတာဟာ လူတော မတိုးလို့ မဟုတ်ဘဲ ဒီလို ကောင်းမွန်တဲ့ အချက်တွေကြောင့်ပါ။

Read-သင် ကမ္ဘာကြီးကိုရွေးချယ်ပါ၊ ကမ္ဘာကြီးက သင့်ကိုမရွေးချယ်ပါစေနဲ့

Source ; Irrawaddy

 

 

 

Read times
Rate this item
(7 votes)