-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပြဿနာဖြေရှင်းနည်း (၆) နည်း

ပြဿနာဖြေရှင်းနည်း (၆) နည်း google.com


လူသားတစ်ဦး ဟာ တစ်နေ့ မှာ ပြဿနာ ( Conflict ) ပေါင်းများစွာ ကြုံတွေ့ရပါတယ်။ ပြသနာတစ်ခုခုမဖြစ်ပဲ ပြီးသွားတဲ့နေ့ ဆိုတာမရှိပါဘူး။ ဒီပြသနာတွေထဲကမှ မဆုတ်သာ မတိုးသာသော အခြေအနေမျိုးနှင့်

အပြန်အလှန် စွတ်စွဲသော အခြေအနေ မျိုးတို့ ဖြစ်ပေါ်လာတဲ့အခါ မှ မိမိကိုယ်ကိုယ် ကာကွယ်ရန် အငြင်းပွားမှု အနေအထား ကို ရောက်ရှိလာကြလေ့ရှိပါတယ်။
ဒီလို အငြင်းပွားမှု ဖြစ်မှသာ ပြဿနာအခြေအနေက ပြီးဆုံးတည်ငြိမ်ပြီး တစ်ဦးနှင့်တစ်ဦး ဆက်သွယ် ရေးပြန်လည်ရရှိမည် ဖြစ်တယ်။ ဒီလို အငြင်းပွားမှု အခြေအနေ တစ်ခုမှာလဲ ရှောင်ပြေးခြင်း ၊ ဆန့်ကျင်တိုက်ခိုက်ခြင်း ၊ အရှုံးပေးခြင်း ၊ တာဝန်ရှောင်ခြင်း ၊ အပေးအယူလုပ်ခြင်း ၊ အများသဘောတူမှု ရယူခြင်း အစရှိတယ့် ဖြေရှင်းပုံ ၆ မျိုး ရှိပါတယ်။ မေးခွန်းကတော့ ဒီဖြေရှင်းပုံ ၆ မျိုးထဲက ဘယ် ဖြေရှင်းနည်းက အသင့်တော်ဆုံး ဖြစ်မလဲ ??

ရှောင်ပြေးခြင်း
ရှောင်းပြေးခြင်း၊ ရှောင်တိမ်း ခြင်းဆိုတာက ပြသနာကို လုံးဝမဖြေရှင်းပဲ ပြဿနာကို ပြဿနာအတိုင်းပဲ အပြီးသတ်လိုက်ခြင်းဖြစ်တယ်။ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးပျက်သွားတာ နဲ့ ပြဿနာက ပြေလည်သွားတာမျိုး မဟုတ်တော့ နှစ်ဖက်လုံး ရှူံး-ရှူံး ( Lose-Lose ) အနေအထား တစ်ခုသာ ကျန်ရစ်ခဲ့မည် ။

ဆန့်ကျင်တိုက်ခိုက်ခြင်း
ဒီနည်းလမ်းကတော့ အငြင်းပွားမှုကို မာန်ပါပါ ကိုင်တွယ်ဖြေရှင်းသူတို့ရဲ့လက်သုံးနည်းဖြစ်ပြီး ဒီနည်းလမ်းက မိမိ မှ မိမိ အနိုင်ရရန် ဦးတည်ပါတယ် …. ဒီလို ဖြေရှင်းလျှင် ပြဿနာအဖြေက နိုင်-ရှုံး( Win - Lose ) ဖြစ်နေသော်လည်း မိမိက ပြသနာကိုသာ အနိုင်ရပြီး အခြားခင်မင်မှုနှင့် သတိမထားမိသော အရာများစွာ ဆုံးရှုံးသွားနိုင်တယ်ဆိုတာ သတိထားစရာ အချက် ဖြစ်တယ်။

အရှုံး ပေးခြင်း
ဒီ နည်းလမ်းကတော့ နဲနဲ မှ ခေါင်းရှုပ်မခံ ခပ်ပေါ့ပေါ့နှင့် ပြသနာကို အေးစေလိုသူတို့၏ လက်စွဲနည်းဖြစ်ပြီး မိမိ ရပ်တည်မှု အကုန်ကိုလွှတ်ချ အလျှော့ပေးပြီး နောက်ဆုတ်လိုက်ခြင်းဖြစ်တယ်။ ဒီလို ဖြေရှင်းခြင်းက ရှုံး-နိုင် ( Lose - Win ) ရလဒ်သာရမည် ဖြစ်ပြီး မမျှတသော ဖြေရှင်းနည်းဟုဆိုနိုင်ပေမည် ။

တာဝန်ရှောင်ခြင်း
ဒီနည်းလမ်းကတော့ နံပါတ် ၃ နည်းလမ်းနှင့် သိပ်တော့မခြားပေ … နဲနဲ ကွာဟ သွားသည်မှာ နဲနဲ မှ ခေါင်းရှုတ် မခံချင်သော်လည်း ပြဿနာမှာ အနိုင်ရချင်တဲ့အတွက် အခြား ကိုယ်စားလှယ် သို့မဟုတ် အာဏာပိုင်တို့ အား လွှဲပြောင်းဖြေရှင်းစေသည့် နည်းဖြစ်သည်။ ထိုကိုယ်စားလှယ် မှ ပြသနာကို ဖြေရှင်းပေးမည်ဆိုပါသော်လည်း ပြသနာ မှာ မိမိနိုင်မည်ဆိုသည်မှာလဲ အာမမခံနိုင် ။ နှစ်ဖက်လုံး အရှုံး-အ၇ှုံး ( Lose-Lose ) ရလဒ်လဲ ရှိကောင်း ရှိနိုင်သည်။

အပေးအယူလုပ်ခြင်း
ယခုဖြေရှင်းနည်းမှာတော့ မည်သို့ တွေးဆမှုပေါ် မူတည် ပြီး နှစ်ဦးနှစ်ဖက်အလျှော့ပေး တာလဲ ရှိသလို အနိုင်ယူတာလဲ ရှိပြီး ကျေနပ်သည်အထိ ညှိနှိုင်းဖြေရှင်းခြင်း ဖြစ် တယ်။ ထိုဖြေရှင်းနည်းကလဲ အသင့်တင့် ဆုံးဖြစ်ချင် မှ ဖြစ်မယ်။ သို့သော်အခြေ အနေအရ လက်တွေ့ ကျကျအဖြေမျိုးဖြစ်တယ်။ ရလဒ် မှာ ရှုံးနိုင်-ရှုံးနိုင် ( Win-Lose and Win-Lose ) ဖြစ်ပါတယ် …

အများသဘောတူမှူ ရယူခြင်း

ယခုနည်းကတော့ အဖြေတစ်ခု ဖြေရှင်းနည်းတစ်ခု တည်းပေါ်မှာတင် နှစ်ဦးသဘောတူသည် အထိ ဖြေရှင်း ခြင်းဖြစ်သည့်အတွက် ရလဒ် မှာ နိုင်-နိုင် ( Win-Win ) ဖြစ်သည့် အတွက် နှစ်ဦးနှစ်ဖက် ကျေလည်ပြီး ပြဿနာ အပါအ၀င် နောက်ဆက်တွဲဆိုးကျိုးတွေပါ ကင်းရှင်းစေ နိုင်တယ်။

ဒီလိုမျိုး ကျွန်တော်တို့ နေ့စဉ်ကြုံ တွေ့နေရတဲ့ ပြသနာများကို နောက်ဆက်တွဲ ပြသနာ ၊ အမုန်းတရား ကင်းကင်းနဲ့ နှစ်ဦး နှစ်ဖက်သဘောတူ ဖြေရှင်းမှသာ နောင်လာမည့် ကိစ္စများအတွက်လဲ အဆင်ပြေစွာ ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

Read-လူတွေ ဘယ်အချိန်မှာ ရှုံးနိမ့်သလဲ????


Source ; Aung Mon Chan

Read times
Rate this item
(2 votes)