-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဘီလျှံနာကြီးတွေပြောတဲ့ လုပ်ငန်းတိုးတက်စေနည်းများ

ဘီလျှံနာကြီးတွေပြောတဲ့ လုပ်ငန်းတိုးတက်စေနည်းများ google.com

အမြဲတမ်း သူဌေးကြီးတွေက အတွေ့အကြုံတွေ, ဗဟုသုတတွေကို မျှဝေပေးကြပါတယ်။ ဒါပေမယ့် အမှန်တကယ် မှတ်သားတဲ့သူရှားပါးတယ်။ သင်တကယ်ဘဲ

လုပ်ငန်းတစ်ခုကို အောင်အောင်မြင်မြင် လုပ်ကိုင်ချင်တယ် ဆိုရင်တော့သူတို့ ပြောဆိုဆုံးမတာတွေကို မှတ်ယူသင့်ပါတယ်။ အောင်မြင်မှုဆိုတာ ဘယ်တော့မှ အလကားမရပါဘူး။ အလုပ်အများကြီးကြိုးစားအားထုတ်ရတယ်။ ကံတရားနဲ့  ပေါင်းစပ်မှုလည်း လိုအပ်တယ်။ သူဌေးကြီးတွေဘာပြောဘဲ?
customer တွေပျော်ဖို့ အရေးကြီးပါတယ်
ဈေးကွက်မှာနေရာရဖို့ ,ရေရှည်အောင်မြင်နိုင်ဖို့ ဆိုတဲ့နေရာမှာ မိမိကို အားပေးမယ့်customer တွေကျေနပ်ရဲ့လား? ပျော်ရဲ့လားဆိုတဲ့အချက်တွေအပေါ်မှာ မူတည်ပါတယ်။

တွေ့ ကြုံလာရတဲ့သင်ခန်းစာတွေကနေသင်ယူပါ
" အောင်မြင်လို့ အောင်ပွဲခံတာကကောင်းပါတယ်, ဒါပေမယ့် ရှုံးနိမ့်ခဲ့တဲ့အရာတွေကနေ သင်ခန်းစာယူတာကပိုကောင်းတယ်လေ"- ဘီဂိတ်

အောင်မြင်မှုမှာ ဖြတ်လမ်းမရှိဘူးဆိုတာနားလည်ထားပါ
အောင်မြင်မှုရဖို့ မနက်အိပ်ရာစောစောထရမယ်, အလုပ်ကြိုးစားနေရယ်။ ကျရှုံးတိုင်း ပြန်ထနေရမယ်။ ကနေ့ အလုပ်တစ်ခုစပြီး မနက်ဖြန်မှာ အောင်မြင် နေချင်လို့ မရပါဘူး။ ဘယ်သူမှ အဖက်ဖက်က ပြည့်စုံတယ်ဆိုတာမရှိပါဘူး သင်လုပ်ငန်းတစ်ခု လုပ်ကိုင်တဲ့အခါ အဖက်ဖက်က ပြည့်ဝနေရမယ်လို မရည်မှန်းပါနဲ့ ။ အောင်မြင်ဖို့  အတွက် မျှော်မှန်းပါ။ လုပ်ငန်းတစ်ခု စပြီဆိုတာနဲ့ အမှားဆိုတာရှိလာမှာပါဘဲ။

ဘဝကိုပျော်ပျော်နေပါ
ပျော်ပျော်နေပါ။ သင်ငွေရှာဖို့ ထက် သင်နှစ်သက်တဲ့အရာတစ်ခုကိုလုပ်ကိုင်နေပြီဆိုရင် လောကကြီးက ပိုပြီးနေပျော်လာပါပြီ။သင်ပျော်တဲ့အလုပ်ကိုသင်လုပ်ပါ။ ငွေကနောက်က သူ့ အလိုလိုလိုက်လာမှာပါ။

စွန့် ဦးလုပ်ကိုင်လိုစိတ်ပြင်းပြပါ
သင်အောင်မြင်ချင်ရင် သင်လမ်းသစ်ဖောက်ရဲရမယ်။ ရှေးလူတွေသွားခဲ့တဲ့ ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေ နောက်လိုက်မယ့်အစား လမ်းသစ်တစ်ခု လုပ်ငန်းတစ်ခုကို စတင် လုပ်ကိုင်ကြည့်ပါ။ သင်ကိုယ်တိုင် အံ့သြစရာတွေနဲ့ တွေ့ လိမ့်မယ်။

သင့်ကိုယ်သင် ကန့်သတ်မထားပါနဲ့ 
လောကမှာအကြီးမားဆုံးစွန့် လွှတ်မှုက မစွန့် စားရဲတာပါဘဲ။စွန့်စားမှုမရှိဘဲနဲ့ တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။

ပေးဆပ်ရပါတယ်
ဘဝမှာ ညီမျှခြင်းဆိုတာရှိရပါတယ်။ လောကမှာအရှုံးမရှိဘဲ အနိုင်လိုချင်လို့ မရပါဘူး။ အမှားတွေရှိမယ်။ မှန်ကန်တာတွေလဲရှိမယ်။ ဒီလိုညီမျှုခြင်းမရှိဘဲ လူတိုင်းဘယ်သူမှအောင်မြင်နိုင်မှာမဟုတ်ပါဘူး။

Read-Oracle Corporation ဖြစ်တဲ့ Computer Software ကုမ္ပဏီတည်ထောင်သူ

Source; Top Ten

Read times
Rate this item
(1 Vote)