-->
×

Warning

JUser: :_load: Unable to load user with ID: 29


ခေါင်းဆောင်ကောင်းတို့ရဲ့ မိတ်ဆွေများ

ခေါင်းဆောင်ကောင်းတို့ရဲ့ မိတ်ဆွေများ google.com

ခေါင်းဆောင်လို့ ပြောရင် နိုင်ငံ့ခေါင်းဆောင်၊ လုပ်ငန်းဌာနက ခေါင်းဆောင်၊ ကုမ္ပဏီက ခေါင်းဆောင်၊ ရပ်ကွက် ကျေးရွာခေါင်းဆောင်တွေအထိ အားလုံး ပါဝင်ကြပါတယ်။ ခေါင်းဆောင်ဆိုတဲ့ စကားကို ကြားရင် လူတွေက စီမံခန့်ခွဲမှု၊ စီးပွားရေး၊ စည်းရုံးရေးစတဲ့ အရည်အချင်းတွေကို ပြေးမြင်တတ်ကြပါတယ်။ ဒါပေမဲ့

ခေါင်းဆောင်ကောင်းတွေမှာ လူတွေ သတိမထားမိကြတဲ့ အရည်အချင်းတစ်ခု ရှိပါတယ်။ အဲဒါက ခေါင်းဆောင်ကောင်းတွေဟာ စာအလွန်ဖတ်ကြသူများ ဖြစ်ကြပါတယ်။ နိုင်ငံ့ခေါင်းဆောင် ဝင်စတန်ချာချီကစလို့ ဘီလ်ဂိတ်၊ ဇူကာဘတ်၊ စတိဗ်ဂျော့စတဲ့ စီးပွားရေးခေါင်းဆောင်တွေအားလုံးဟာ စာအလွန်ဖတ်ကြတယ်။ သူတို့ဘာကြောင့် စာတွေဖတ်ကြတာလဲဆိုတာ သုံးသပ်ကြည့်ကြရအောင်ပါ။

ပညာသင်ယူခြင်း

လူဆိုတာ မွေးကတဲက သေတဲ့အထိ ပညာသင်နေရပါမယ်။ ပညာမသင်တော့တဲ့ လူတစ်ယောက်ဟာ အသက်ရှင်လျက် သေနေသူပါ။ လူကသာ အသက်ရှင်နေပေမယ့် စဉ်းစားတွေးခေါ်တတ်တဲ့ ဦးနှောက်က သေသွားလို့ပါ။ ခေါင်းဆောင်တွေဟာ သူတို့ရဲ့ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှု၊ လူထုကို စကားပြောအတတ်ပညာတွေမှာ တိုးတက်ချင်ကြတယ်။ ဒါပေမဲ့ သူတို့ဟာ အလုပ်များလွန်းကြလို့ ပညာသင်ယူဖို့ တက္ကသိုလ်၊ သင်တန်းတက်ဖို့ အချိန်မရကြဘူး။ ဒီတော့ တနေ့ကို နာရီအနည်းငယ် အချိန်ပေးပြီး စာအုပ်တွေ ဖတ်ကြတယ်။ စာအုပ်တွေထဲကနေ ပညာယူကြတယ်။ စာအုပ်ထဲကနေ တိုးတက်မှုကို ရှာကြတယ်။ စာအုပ်ထဲကနေ သူများတွေရဲ့ အတွေ့အကြုံတွေကို ဖတ်ပြီး သင်ယူကြတယ်။

တီထွင်ကြံဆလာတတ်ခြင်း

ယနေ့ခေတ် ကမ္ဘာပေါ်မှာ အထင်ရှားဆုံး တီထွင်ပညာရှင်တွေ ဖြစ်နေကြတဲ့ ဘီလ်ဂိတ်၊ ဇူကာဘတ်၊ စတီးဂျော့ (ကွယ်လွန်)၊ အီလွန်မတ်စ် တို့ရဲ့ အကြောင်းတွေကို ဖတ်ကြည့်ရင် သူတို့ဟာ စာအလွန်ဖတ်ကြတယ်။ သူတို့ထဲက အများစုဟာ စိတ်ကူးယဉ်သိပ္ပံဝတ္ထုတွေ၊ ဂန္ထဝင်ဝတ္ထုကြီးတွေ ဖတ်ကြတယ်။ သူတို့ရဲ့ တီထွင်စိတ်ကူးဉာဏ်တွေဟာ အဲဒီစာအုပ်တွေ ဖတ်ရင်း ခေါင်းထဲမှာ ပေါ်လာကြတာပါလို့ ပြောပြကြပါတယ်။

အတွေးအခေါ်သစ်တွေ ရလာခြင်း

စာအုပ်ဖတ်တယ်ဆိုတာ စာရေးသူ တင်ပြတဲ့ အတွေးအခေါ် ခံစားချက်တွေကို ဖတ်တာပါ။ မိမိနဲ့ မတူတဲ့ အတွေးအခေါ်ကို တင်ပြတဲ့ စာအုပ်ကို ဖတ်ရင်း မိမိထက် ပိုကောင်းတဲ့ အတွေးအခေါ်သစ်ကို သိလာတယ်။ မိမိသဘောမတူတဲ့ အတွေးအခေါ်တွေကိုလည်း သိလာတယ်။ ဒါဟာ ခေါင်းဆောင်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ပြဿနာတစ်ခုကို ဘက်စုံရှုထောင့်မှ ကြည့်မြင်တတ်ခြင်း၊ သဘောထားချင်း မတိုက်ဆိုင်သူတွေ ပြောတာကို နားထောင်တတ်လာခြင်းစတဲ့ အရည်အချင်းကို ရလာပါတယ်။။

စိတ်ဖိစီးမှု လျော့ကျခြင်း

ယနေ့ခေတ် လူတွေမှာ စိတ်ဖိစီးမှု ပိုများလာကြပါတယ်။ စားဝတ်နေရေး လူမှုရေးစတာတွေနဲ့ ပူပန်သောကရောက်နေကြတယ်။ နိုင်ငံတစ်ခု ဒါမှမဟုတ် ဌာနတစ်ခု ဒါမှမဟုတ် ဝန်ထမ်းတွေကို တာဝန်ယူထားတဲ့ ခေါင်းဆောင်တွေမှာ ပိုပြီး ဖိအားများကြပါတယ်။ သူတို့ အဲဒီဖိအားတွေကို ဘယ်လိုဖြေဖျောက်ကြသလဲ။ အရက်သောက်၊ ဒစ္စကိုကလပ်သွားပြီး ဖြေဖျောက်ဖို့ ခေါင်းဆောင်အတွက် အမြင်မတော်ပါဘူး။ ဒီတော့ သူတို့ စာအုပ်ဖတ်ကြတယ်။ သူတို့ စာအုပ်ဖတ်ရင်းနဲ့ ဖတ်နေတဲ့အကြောင်းအရာမှာ စိတ်ဝင်စားနေရင် သူတို့ရဲ့ ခံစားနေရတဲ့ စိတ်ဖိစီးမှု ကို မေ့သွားတတ်တယ်။ စိတ်ဖိစီမှု လျော့ကျသွားပါတယ်။

သင် ခေါင်းဆောင်ဖြစ်ချင်သလား။ စာဖတ်ပါ။ စာတွေ အများကြီး ဖတ်ပါ။ ဘာကြောင့်လဲ။ စာဖတ်ခြင်းဟာ ခေါင်းဆောင်တွေရဲ့ မိတ်ဆွေကောင်းဖြစ်လို့ပါ။

Read-ဘီလီယံနာ ကြီးတွေ လုပ်ခဲ့သော တူညီတဲ့ အရာတစ်ခု

Credit; Bamaw Thein Pe

Read times
Rate this item
(1 Vote)