-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီမံခန့်ခွဲ မှုလုပ်ငန်းတွေမှာတွေ့ရလေ့ရှိတဲ့ ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ ရန်သူများ

စီမံခန့်ခွဲ မှုလုပ်ငန်းတွေမှာတွေ့ရလေ့ရှိတဲ့ ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ ရန်သူများ google.com

အဆိုးမြင်ဝါဒီ၊ သံသယ ၀ါဒီ တွေနဲ့ သူတစ်ပါးအပေါ်မှာ အနိုင်ယူ ချင်စိတ်ရှိသူတွေဟာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းရဲ့ ရန်သူတွေဖြစ်ကြပါတယ်။

အဲ့လိုလူတွေဟာ သူတို့အမြတ်များများ ရဖို့ကိုပဲ အမြဲအာရုံစိုက်ကြပါတယ်။ သူတို့ဟာ သူတို့ အုပ်ချုပ်တဲ့ တွေကို

သူတို့ရဲ့ အတွေး အမြင်မျိုး ဖြစ်အောင် ချုပ်ကိုင်ထားကြပြီး

သူတို့လိုပဲ တခြားသူတွေရဲ့ လုပ်ဆောင်မှုတွေ အပေါ်မှာ အမြဲ သံသယ ၀င်နေအောင်၊ အဆိုးမြင်စိတ် ဖြစ်နေအောင် ပြုလုပ်လေ့ ရှိကြတယ်။

သူတို့က ဗဟုသုတ ကြွယ်ဝခြင်းဟာ စွမ်းအားတစ်ခု ဖြစ်တယ် ဆိုတဲ့ သဘောကို လွဲမှားတဲ့ အမြင်နဲ့ လက်ခံထားကြတယ်။ သူတို့သိထားတဲ့ ဗဟုသုတနဲ့ အသိပညာတွေကို ဘယ်သူ့ကိုမှ ဝေမျှလေ့ မရှိကြပါဘူး။

အဲ့ဒီလို ဖုံးကွယ်မှုဟာ သူတို့ရဲ့ ပေါင်းသင်းဆက်ဆံရေး နဲ့ သူတို့ ၀န်ထမ်းတွေရဲ့ ထိုးထွင်းကြံစည် ချင်တဲ့ စိတ်ကို ထိခိုက်စေမှန်း သိလျက်နဲ့ တမင်တကာ အထိခိုက်ခံပြီး လျှို့ဝှက်ထားတတ်ကြပါတယ်။

နေရာတကာမှာ အနိုင်ရချင်တဲ့ မန်နေဂျာတွေကတော့ ခင်ဗျားရဲ့ လုပ်ဆောင်မှုနဲ့ ပတ်သတ်လို့ အကောင်းမြင်ကြမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ စိတ်ရင်းကောင်းပြီး အပြုသဘော ဆောင်တတ်တဲ့သူဆိုရင်တော့ ခင်ဗျားနဲ့ အတူ လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ

တွေ့ကြုံ ရမယ့်အခက်အခဲ တွေနဲ့ပတ်သတ်ပြီး ခင်ဗျားကို အားပေးကူညီရုံ မက အဲ့ဒီ အရာတွေကို ကျော်လွှားနိုင်အောင် ပူးပေါင်းဆောင်ရွက်ပါလိမ့်မယ်။

အခြားမန်နေဂျာ တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ဟာ လုပ်ငန်းနယ်ပယ် အတွင်းမှာ ခင်ဗျား အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်မှု ရဖို့၊ လူအများကို လွှမ်းမိုးပြီး ဆွဲဆောင်နိုင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။

သင်ဆိုရင်ရော လုပ်ငန်းတွေလုပ်ဆောင်တဲ့ အခါ ပူးပေါင်းဆောင်ရွက်မလား…? ကိုယ်တစ်ယောက်တည်း ကျိတ်ပြီး လုပ်မှာလား…? ဆိုတာကတော့ သင့်ရဲ့ ရွေးချယ်မှုပါပဲ။

Read-သင်ဘာကြောင့် မအောင်မြင်သေးလဲဆိုတာ သင့်ကိုယ်သင်ပြန်ဆန်းစစ်ကြည့်ပါ

Credit; Original Writer

Read times
Rate this item
(2 votes)