-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ဖို့အတွက် အခြေခံနည်းလမ်း(၃)သွယ်

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ဖို့အတွက် အခြေခံနည်းလမ်း(၃)သွယ် google.com

အမေရိကန် ပြည်ထောင်စုမှာ Brian Scudamore လိုမျိုးကဲ့သို့ သိန်းနဲ့ချီတဲ့ လူပေါင်းများစွာဟာ ကိုယ်ပိုင်လုပ်ငန်းတွေ စတင်လုပ်ကိုင်နေကြပါပြီ။

အချက်အလက်အားဖြင့်ဆိုရင်တစ်နှစ်ကို လူပေါင်း ၆ သိန်းကျော်ဟာ

ကိုယ်ပိုင်လုပ်ငန်းတွေ စတင်နေကြပါပြီ။ သင့်ကိုယ်သင် ကိုယ်ပိုင်လုပ်ငန်းရှင်လို့ သတ်မှတ်တယ်ဆိုရင် သင်ကိုယ်တိုင်ပဲ သတ်မှတ်လို့ရပါတယ်။
ရေရှည်အောင်မြင်ဖို့ဆိုရင် သင့်စီးပွားရေးကို ဘယ်လိုဖော်ဆောင်မလဲ ဆိုတဲ့နေရာမှာ နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။
ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အဓိက နည်းလမ်း(၃)ခုကတော့
(1) sole proprietorship
(2) partnership
(3) corporation
ဆိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
Sole Proprietorship
ကိုယ်ပိုင်လုပ်ငန်း စတင်လုပ်ကိုင်ဖို့ အလွယ်တကူ စတင်လုပ်ကိုင်နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင် လူမှု အသိုင်းအ၀ိုင်းက လိုအပ်တဲ့အရာတွေ ဖြည့်ဆည်းပေးတဲ့ မည်သည့် အလုပ်ကနေမဆို စတင်လုပ်ကိုင်လို့ရပါတယ်။ အဲဒီ့လုပ်ငန်းကို သင်တစ်ယောက်တည်းကပဲ ပိုင်ဆိုင်ပြီး သင်ကိုယ်တိုင်ကပဲ စီမံခန့်ခွဲရမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အများဆုံး အသုံးပြုကြတဲ့ နည်းလမ်းလဲဖြစ်ပါတယ်။
Partnership
လူအများစုဟာ စီးပွားရေးကို နှစ်မြှုပ်လုပ်ကိုင်ဖို့ အချိန်တွေ၊ ငွေတွေ ပေးဆပ်ဖို့ မိမိတစ်ယောက်တည်း မဖြစ်နိုင်ကြပါဘူး။ အဲဒီအခါမှာ လူနှစ်ဦး ဒါမှမဟုတ် နှစ်ဦးထက်ပိုတဲ့သူတွေဟာ တရားဥပဒေနဲ့ အညီ စုပေါင်းပြီး လုပ်ကိုင်ကြတာမျိုးဖြစ်ပါတယ်။
Corporation
အရှေ့ကပြောခဲ့တဲ့ နှစ်မျိုးကတော့ အလွယ်တကူပဲ လုပ်ကိုင်ဆောင်ရွက်နိုင်ပါတယ်။ အကျိုးကျေးဇူးတွေလည်းများပြီး ဒီလိုနည်းလမ်းနှစ်မျိုးနဲ့ မတူတာကတော့ Corporation လုပ်ငန်းဖြစ်ပါတယ်။ တရားဥပဒေနဲ့အညီ ဖွဲ့စည်းတည်ထောင်ရပြီး ပိုင်ရှင်တွေကိုလည်း ဥပဒေနဲ့အညီ လုံခြုံမှုပေးစွမ်းနိုင်ပါတယ်။

Read-ချမ်းသာဖို့အတွက် ပိုက်ဆံသုံးပါ

Source; သီဟ( ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်)

Read times
Rate this item
(1 Vote)