-->
×

Warning

JUser: :_load: Unable to load user with ID: 29


အရင်းအနှီးနည်းနည်းနဲ့ ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ အကောင်းဆုံးလုပ်ငန်းများ

အရင်းအနှီးနည်းနည်းနဲ့ ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ အကောင်းဆုံးလုပ်ငန်းများ google.com

သူငယ်ချင်းတို့ရေ.............


ကိုယ်ပိုင်စီးပွားရေးတစ်ခုခုလုပ်ဖို့ ရည်ရွယ်ထားတာလား?

အဲဒီရည်ရွယ်ချက်ပြည့်မြောက်ဖို့အတွက် အဓိကကျတာက idea ကောင်းတစ်ခုနဲ့ အပင်ပန်းခံကြိုးစားအားထုတ်ဖို့ပါပဲ။

ဝန်ထမ်းဘ၀ကနေ ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်ဖို့ အသင့်ရှိနေပေမယ့် ဘယ်လုပ်ငန်းကိုလုပ်ရမှန်းမသိရင်

မစိုးရိမ်ပါနဲ့။

စီးပွားရေးလုပ်ငန်းငယ်တွေအတွက် မြန်မာနိုင်ငံမှာလက်တွေလုပ်နိုင်မယ့် ကောင်းမွန်တဲ့ idea တွေကို ရွေးထုတ်ဖေါ်ပြလိုက်ပါတယ်။

 

သူများတွေအတွက်လျှော့ပင်းထွက်ပေးတာ

ရှော့ပင်းထွက်ရတာကြိုက်တာလား?

သူများတွေအတွက်ရှော့ပင်းထွက်ရင်း အကျိုးအမြတ်ရရှိနိုင်ပါတယ်။

 ဈေးမသွားနိုင်တဲ့အိမ်ရှင်မတွေအတွက် ဈေးသက်သာတဲ့နေရာကို သွားဝယ်ပေးတာမျိုး၊ အပြင်မသွားနိုင်သူ၊ အချိန်မရသူတွေအတွက် ပစ္စည်းတွေ ၀ယ်ပေးတာမျိုး လုပ်လို့ရပါတယ်။

လူတွေကို သူတို့လိုအပ်တဲ့ပစ္စည်းစာရင်းလုပ်ခိုင်းပြီး ၀ယ်ပေးတာမျိုး၊ ပြီးရင် ၀န်ဆောင်မှုအတွက် အဖိုးအခတောင်းယူလိုက်ရုံပါပဲ။

သူငယ်ချင်းတွေအတွက် ၀ယ်တာကစပြီး ဖောက်သည်ခေါ်ပါ။

 

အဟောင်းတွေကနေ hand made လေးတွေပြန်ဖန်တီးတာ

လူတစ်ယောက်အတွက် အမှိုက်ဟာ နောက်တစ်ယောက်အတွက် ရွှေ ဆိုတဲ့စကားပုံရှိပေမယ့် တကယ့်လက်တွေ့မှာ အသုံးချသူနည်းပါလိမ့်မယ်။

ကိုယ့်မှာ အနုပညာဓာတ်ခံရှိရင် ဒါမှမဟုတ် နည်းသိရင် လွှင့်ပစ်ရမယ့်မစ္စည်းတွေကို အသုံးဝင်မယ့် ပစ္စည်းလေးတွေဖြစ်အောင် hand made လေးတွေ ပြန်လည်ဖန်တီးပြီးရောင်းချနိုင်ပါတယ်။

 

Online store

ဒါကတော့ မြန်မာနိုင်ငံမှာလည်း ခေတ်စားလာတဲ့ လုပ်ငန်းပါ။ Online store စတင်ဖို့ အရင်းအနှီးအများကြီးမလိုပါဘူး။

ကိုယ်နိုင်သလောက်လေး အရင်းအနှီးလုပ်၊ facebook ပေါ်မှာလူသိများအောင် ကြော်ငြာပြီး ကိုယ်တိုင်အိမ်အထိ လိုက်ပို့ပေးနိုင်ရင်အကောင်းဆုံးပါ။

အခုခေတ်စားနေတဲ့ အထည်အလိပ်၊ အလှကုန်တွေကို ရောင်းလို့ရသလို ကိုယ့်ကိုယ်ပိုင် လက်ရာလေးတွေကို ရောင်းရင်လည်း ဖြစ်တာပါပဲ။

 

ပွဲစီစဉ်သူ

လူစုလူဝေးနဲ့ ပျော်ပျော်ပါးပါးနေရတာ၊ လူစုရတာ ကြိုက်သလား?

ပွဲဖြစ်မြောက်အောင် စီစဉ်ပေးပြီး ကိုယ့်ဝါသနာကို အကျိုးအမြတ်ဖြစ်ထွန်းအောင် လုပ်လိုက်ပါ။

ကိုယ့်အသိမိတ်ဆွေတွေအတွက် မင်္ဂလာတောင်စီစဉ်တာ၊ ကုမ္ပဏီနှစ်ပတ်လည်အခမ်းအနားတွေအတွက် စီစဉ်ပေးတာလိုမျိုး အသေးစား၊ အလတ်စားတွေကနေ ကုန်စည်ပြပွဲလို ပွဲကြီးတွေအထိ ပွဲစီစဉ်သူမပါလို့ မဖြစ်ပါဘူး။

ပွဲစီစဉ်သူတစ်ယောက်ဖြစ်ဖို့ ကိုယ့်မှာ အရင်းအမြစ်၊ အသိမိတ်ဆွေများပြားရမယ့်အပြင် အသေးစိတ်အချက်အလက်တွေကို ဂရုတစိုက်ရှိဖို့လည်း လိုအပ်ပါတယ်။

ဒါ့အပြင် အလုပ်အပ်သူတွေရဲ့ တောင်းဆိုမှုတွေကို စိတ်ရှည်ရှည်ဖြေရှင်းပေးဖို့၊ ကြိုတင်မမြင်နိုင်တဲ့၊ စိတ်ဓာတ်စရာကောင်းတဲ့အခြေအနေတွေ ဖြစ်လာရင် ခေါင်းအေးအေးထားတတ်ဖို့လည်း လိုပါတယ်။

 

နေ့ကလေးထိန်း

ကျောင်းအားချိန်၊ အလုပ်အားချိန်မှာ ကလေးထိန်းပေးတာ၊ ကလေးတွေကို စာသင်ပေးတာတွေ လုပ်လို့ရပါတယ်။

လုပ်ငန်းခွင်ဝင်ရတဲ့ မိဘများပြားလာတာနဲ့အမျှ သူတို့ရဲ့ကလေးတွေကို ထိန်းပေးတာက ပိုမိုကြီးကျယ်လာမယ့် အိုးမကွာအိမ်မကွာစီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်ခြင်းပါပဲ။

 

ကွန်ပျူတာ၊ ဖုန်းပြုပြင်ထိန်းသိမ်းတာ

နည်းပညာကိုတတ်ကျွမ်းနားလည်လား?

အခုခေတ်မှာ တစ်အိမ်ထောင်ကို ဖုန်းတစ်လုံးမက ပိုင်ဆိုင်နေပြီမို့ အဲ့ဒီဖုန်းတွေ၊ Laptop၊ tablet တွေအတွက် ၀န်ဆောင်မှုတွေလိုအပ်လာပါပြီ။

ကွန်ပျူတာအတွက် အင်တီဗိုင်းရပ်စ်သွင်းပေးတာ၊ ဆော့ဖ်ဝဲဒေါင်းလုပ်ချတာ၊ ပရင်တာဆင်ပေးတာ၊ Phone-ringtone တွေ၊ သီချင်းတွေ၊

အက်ပ်တွေ ထည့်တာကအစ Gmail ဖွင့်၊ facebook အကောင့်လုပ်တာမျိုးတွေအထိ အခု ဟော့နေတာတွေပေါ်မူတည်ပြီး စီးပွားရှာလို့ရပါတယ်။

 

ပစ္စည်းအဟောင်းတွေကို Recycle လုပ်တာ

ကိုယ့်Laptop အဟောင်းကြီးက ကိုယ့်အတွက် ရွှေတွင်းဖြစ်ရင်ဖြစ်နေမှာပါ။

Laptop ထဲက သတ္တု၊ ကြေးနီနဲ့ ကွန်ပျူတာ အစိတ်အပိုင်းတွေကို တစ်စစီသွားရောင်းလို့ရတယ်။

ဒါမှမဟုတ် ကိုယ့်မှာ ပြုပြင်တတ်တဲ့ အရည်အချင်းရှိရင် ပြုပြင်ပြီး အဟောင်းဈေးနဲ့ ပြန်ရောင်းနိုင်တယ်။

ဖုန်း၊ Laptop စတာတွေလည်းဒီလိုပါပဲ။ Recycle ပြန်လုပ်ခြင်းဖြင့် ကိုယ့်မှာ ငွေကြေးအဆင်ပြေမယ့်အပြင် ကမ္ဘာမြေကြီးကို ကူညီရာလည်းရောက်ပါတယ်။

 

ဘာသာပြန်၊ စကားပြန်

လုပ်ငန်းအများစုမှာ ဘာသာပြန်၊ စကားပြန်တွေ အချိန်ပြည့်လိုအပ်ရင်တောင် မငှားရမ်းနိုင်ကြပါဘူး။

ဒီအတွက် အလွတ်တမ်းဘာသာပြန်၊ စကားပြန်တွေလိုအပ်ပါတယ်။

ကိုယ်ဟာ နိုင်ငံခြားဘာသာတွေထဲက တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားရင်၊ customer တွေနဲ့ ရေလည်အောင် ပြောဆိုတတ်ရင်၊ ကောင်းမွန်တဲ့ဈေးကွက်မြှင့်တင်ရေးစီမံကိန်းတစ်ခုရှိရင် အလုပ်တွေလက်မလည်အောင် လုပ်ရမှာပါ။

သူငယ်ချင်းတို့မှာရော ဘယ်လိုစီးပွားရေးလုပ်ငန်း idea တွေရှိသလဲ? အားလုံးသိရအောင်မျှဝေခဲ့ပါဦး။

 Read-I Can’t လို့ ပြောလေလေ IQ တွေကျလေလေပါပဲ!

Ref; Business News Daily

Read times
Rate this item
(3 votes)