-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဝန်ထမ်းတစ်ယောက်ဖြစ်လာရင် ဘာတွေကြုံတွေရမလဲ???

ဝန်ထမ်းတစ်ယောက်ဖြစ်လာရင် ဘာတွေကြုံတွေရမလဲ??? google.com

သူငယ်ချင်းရေ.......

မင်းဟာ ၀န်ထမ်းတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဒီလိုအချက်တွေကို မလွဲမသွေကြုံရမှာပါနော်......။

၁။ အလုပ်လုပ်သောသူများအား အလုပ်မလုပ်သောသူများက အမြင်မကြည်ကြပါဘူး။

၂။ အမှန်ပြောသူများအား မှားနေသူများက မုန်းကြပါတယ်။

၃။ စည်းကမ်းလိုက်နာသူများအား စည်းမဲ့ကမ်းမဲ့နေသူများက အပြစ်ရှာပြောတတ်ကြတယ်။

၎။ အလုပ်မလုပ်လေ စကားများများပြောလေဖြစ်ပြီး အလုပ်လုပ်နေသူများက စကားနည်းတတ်တယ်။

၅။ အလုပ်လုပ်သူများသည် အမှားများစွာကြုံရ၍ ဘာမှမလုပ်သူများက အပြစ်ကင်းတတ်ကြတယ်။

၆။ စည်းကမ်းတင်းကျပ်သော လူကြီးများသည် လူမုန်းများ၍ နေချင်သလိုနေ၍ ရလျှင် လူချစ်လူခင်များတတ်တယ်။

၇။ စာရင်းဇယား မှတ်တမ်း ပြည့်စုံပြီး ဘာမှမလုပ်သူများကို လူကြီးသဘောကျ၍ အလုပ်လုပ်နေသော်လည်း စာရင်းဇယားမှတ်တမ်းမပြည့်စုံပါက အဆူခံရတတ်ပါတယ်။

၈။ အလုပ်မလုပ်ချင်သူများသည် ဆင်ခြေများစွာ ပေးတတ်ပြီး မငြင်းတတ်သူများသည် အလုပ်အများဆုံး ပေးခြင်းခံရတတ်တယ်။

၉။ ခံစားခွင့်ရချင်သူများသည် အပေးအကမ်း ရက်ရောတတ်ပြီး ခံယူချက်မှန်သူများသည် အပေးအကမ်းနည်းတတ်တယ်။

၁၀။ မြင်မြင်သမျှ ပြောဆိုဆုံးမတတ်သူများကို ဝန်ထမ်းများရှောင်တတ်ပြီး မသိချင်ယောင်ဆောင်ပြီး အမုန်းမခံသူများသည် ဝန်ထမ်းများ ဝိုင်းဝိုင်းလည်နေတတ်တယ်။

၁၁။ မိမိအကျိုးမျှော်သူများသည် တပည့်မွေးတတ်ပြီး တပည့်များအကျိုး ကြည့်တတ်သူများသည် ကျောသားရင်သားမခွဲခြား ပြောဆိုတတ်တယ်။

၁၂။ မဟုတ်တာလုပ်သူများသည် လူကြီးများကို ကြောက်နေတတ်ပြီး အမှန်အလုပ်လုပ်နေသူများက လူကြီးများကို တင်ပြဆွေးနွေးတတ်ကြတယ်။

၁၃။ တပည့်များကို ဆုံးမလေ့ရှိသူများသည် ကိုယ်တိုင်လည်း စည်းကမ်းလိုက်နာတတ်ကြပြီး စည်းကမ်းမလိုက်နာသူများက တပည့်များအား သိပ်မဆုံးမတတ်ပါဘူး။

၁၄။ အကျင့်ပျက်နေသူများသည် လူကြီးပြောသမျှ ငြိမ်ခံနေတတ်ပြီး အလုပ်ကြိုးစားနေသူများက လူကြီးနှင့် အခြေအတင် ဖြစ်တတ်တယ်။

Read-၀န်ထမ်းတွေဘာကြောင့်အလုပ်ထွက်ရတာလဲ?

Credit; Via Pyae Sone

Read times
Rate this item
(2 votes)