-->
×

Warning

JUser: :_load: Unable to load user with ID: 29


စိတ်ပျက်လက်လျှော့ချင်နေပြီလား

စိတ်ပျက်လက်လျှော့ချင်နေပြီလား google.com

ပျော်ပျော် မပျော်ပျော်ရှေ့ဆက်နေဖို့အရေးကြီးတယ်မဟုတ်လား။

ဘယ်လိုလုပ်ငန်းမျိုးပဲဖြစ်ပါစေ နေ့စဉ်နေ့တိုင်းတတ်တတ်ကြွကြွလုပ်ကိုင်နိုင်ဖို့မလွယ်ကူပါဘူး။

နေ့စဉ်လုပ်ငန်းထဲမှာ စိတ်လှုပ်ရှားစရာ စိန်ခေါ်မှုတွေသာမကစိတ်ပျက်စရာပျင်းရိငြီးငွေ့စရာကောင်းတဲ့ နေ့ရက်တွေကိုကြုံတွေ့ရလာမှာပါ။

လုပ်ငန်းခွင်မှာအားတင်းရှေ့ဆက်နိုင်ဖို့ ဒီနည်းလမ်း ၅ ချက်ကို ကြိုးစားကြည့်ပါ။

 

(၁) ကြိုတင်အစီအစဉ်ရေးဆွဲပါ

တစ်နေ့တာအချိန်စာရင်းကိုကြိုတင်ရေးဆွဲထားခြင်းအားဖြင့် အချိန်ကိုစနစ်တကျစီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်။

ဘယ်အချိန်စားမလဲ ဘယ်အချိန်နားမလဲ ဘယ်အချိန်အလုပ်လုပ်မလဲ စသဖြင့်ရေးဆွဲထားနိုင်ပါတယ်။

အချိန်စာရင်းကိုအထက်လူကြီးကသတ်မှတ်ပေးထားပါက တစ်နေ့တာလုပ်ကိုင်ရမယ့်အလုပ်များကို

ခက်ခဲမှု၊ အချိန်ယူရမှုအလိုက် ပြန်စီစဉ်နိုင်ပါတယ်။

 

(၂)အနားယူပါ

နေ့စဉ်အချိန်စာရင်းထဲမှာ အနားယူချိန်တိုလေးတွေထည့်သွင်းရေးဆွဲဖို့မမေ့ပါနဲ့။ ၁၀ မိနစ်တစ်ခါ သို့မဟုတ်

မိနစ်၂၀ တစ်ခါ လုပ်လက်စအလုပ်ကနေ စက္ကန့်ပိုင်းလောက်သာဖြစ်ဖြစ် မျက်လုံးမှိတ်အနားယူခြင်း

ရေသောက်ခြင်း ခနတဖြုတ်လမ်းလျှောက်ခြင်းစသောအလေ့အကျင့်တို့ကိုပြုလုပ်ပါ။

 

(၃) အကောင်းဘက်ကတွေးပါ။

ဒီအလုပ်ကိုဘာကြောင့်စတင်လုပ်ကိုင်ဖြစ်ခဲ့တာလဲ။ လုပ်ကိုင်နိုင်ဖို့ဘယ်လိုကြိုးစားခဲ့ရလဲ။

အနည်းဆုံးတော့ ကိုယ့်မှာလုပ်ကိုင်စရာလုပ်ငန်းတစ်ခုတော့ရှိနေပါသေးတယ်။

ကိုယ့်လိုနေရာတစ်ခုရဖို့ ကြိုးစားနေရဆဲသူတွေထပ်တော့ ကိုယ်ကအများကြီးရှေ့ရောက်နေပါသေးတယ်။

 

(၄) သက်တောင့်သက်သာဖြစ်အောင်နေပါ

ဒီနည်းလမ်းကတော့ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေအတွက်ပိုသင့်တော်ပါတယ်။

အလုပ်စားပွဲနေရာပြောင်းခြင်း၊ ကော်ဖီဆိုင် ၊ စာကြည့်တိုက်၊ ပန်းခြံတို့ကိုလဲ ကိုယ့်ရဲ့ရုံးခန်းအဖြစ်

အသုံးချနိုင်ပါတယ်။

 

(၅) အနာဂတ်ကိုပုံဖော်စိတ်ကူးပါ

ကိုယ့်ရဲ့စိတ်ကူးအိမ်မက်ဟာ ဒီလုပ်ငန်းမဟုတ်သေးရင်တောင်စိတ်ကူးအိမ်မက်ကိုအကောင်အထည်ဖော်ဖို့

လက်ရှိအလုပ်ကို လုပ်ကိုင်နေရတာမဟုတ်လား။ စိတ်ကူးနဲ့ထပ်တူကျတဲ့လုပ်ငန်းဖြစ်နေပြီးသားဆိုရင်

အတိုင်းထပ်အလွန်ပဲပေါ့။ ရေရှည်ပန်းတိုင်ကိုမျှော်မှန်းရုံသာမက အစီအစဉ်တစ်ခုအောင်မြင်သွားတိုင်း ကိုယ့်ကိုကိုယ်ဆုချဖို့မမေ့ပါနဲ့။

Recommended for you-စွန့်ဦးတီထွင်သူတွေ နောက်ပြန်လှည့်ရခြင်း အကြောင်းအရင်း အချက် (၁၉)ချက်

Credit; Myanmar Leader

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသောစာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။

 

Directory Book 1

Read times
Rate this item
(1 Vote)