-->
×

Warning

JUser: :_load: Unable to load user with ID: 29


အိပ်ယာမဝင်ခင် သင့်ဘဝကို မြှင့်တင်ဖို့ ဒါတွေလုပ်ပါ

အိပ်ယာမဝင်ခင် သင့်ဘဝကို မြှင့်တင်ဖို့ ဒါတွေလုပ်ပါ google.com

အိပ်ယာမဝင်ခင်ဒါလေးတွေလုပ်မယ်ဆိုရင် သင်ဟာ အောင်မြင်ဖို့ အနီးစပ်ဆုံးသူတစ်ယောက်ဖြစ်လာမှာပါ။

သင်ကော အိပ်ရာမဝင်ခင် ဘာတွေလုပ်လေ့ရှိလဲ?မအိပ်ခင် ရုပ်ရှင်ကြည့်သလား? Facebook ကိုကြည့်သလား? သင့်မိသားစုနဲ့ တူတူရှိနေသလား? အောင်မြင်တဲ့သူတွေကရော ဘာလုပ်လေ့ရှိသလဲ? ကြည့်ရအောင်...။

 

1. တနေ့ တာကို ပေါင်းချုပ်တယ်

သင်ကတကယ်လို့ ညနေ၆နာရီထိ အလုပ်လုပ်ရတယ်ဆိုရင် ၆နာရီမှာသင့်အလုပ်တွေ ပြီးအောင်လုပ်ပါ။

ဒါမှသာ သင်ဟာ အခြားအရာတွေအပေါမှာ အာရုံစိုက်နိုင်မှာလဲဖြစ်ပါတယ်။ဘဝဆိုတာတိုတောင်းလွန်းပါတယ်။

ဒါ့ကြောင့် သင်လုပ်ချင်တဲ့အရာမှန်သမျှကို အတတ်နိုင်ဆုံးလုပ်ဆောင်ပါ။သင်တနေ့ တာအတွက် လုပ်ဆောင်စရာတွေကို သေချာစီမံခန့်ခွဲဖို့ လိုအပ်ပါတယ်။

အိပ်ချိန် ၊ အလုပ်ချိန်၊ အားကစားအချိန်၊မိသားစုအတွက်၊ ချစ်သူအတွက် စသည်ဖြင့်ပေါ့။ အမြဲတမ်းအလုပ်ထဲမှာဆိုရင် လူမှုဆက်ဆံရေးတွေဟာ အလိုလိုထိခိုက်လာမှာပါ။

 

2. စာဖတ်တယ်

အောင်မြင်တဲ့သူအများစုဟာ စာဖတ်တဲ့သူတွေဖြစ်ပါတယ်။

သူတို့ ဟာ အခြားသူတွေဘာပြောတယ်၊ ဘာလုပ်တယ်စတာတွေကို ဖတ်ရှုကြတယ်။လေ့လာကြတယ်။သင်ယူကြတယ်။

စာဖတ်ခြင်းနဲ့ သင်ယူခြင်းဟာ အောင်မြင်မှုဆီကိုရောက်ဖို့ အကောင်းဆုံးဖြတ်လမ်းဆိုတာကို သိပါသလား? ကမ္ဘာကျော်သူဌေးကြီး ဘီဂိတ်ဟာ အိပ်ရာမဝင်ခင်အမြဲစာဖတ်ပါတယ်။

 

3. မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေနဲ့ အချိန်ကိုကုန်လွန်စေတယ်

မိမိအပေါ်ကောင်းတဲ့သူတွေ မိမိကိုအားပေးတဲ့သူတွေ နဲ့ တူတူအချိန်ပေးဖို့ အရေးကြီးပါတယ်။

နေ့ စဉ်နေ့တိုင်းမဟုတ်ရင်တောင် တပတ်ကို၁ရက်လောက်တော့ အဆင်ပြေတဲ့နေ့ကိုသတ်မှတ်ထားသင့်ပါတယ်။ဒါတွေဟာ သင်အချိန်ကိုဘယ်လိုစီမံခန့် ခွဲသလဲဆိုတဲ့အချက်ပေါ်မှာ မူတည်ပါတယ်။

 

4. နောက်တနေ့ အတွက် ကြိုတင်ပြင်ဆင်တယ်

ဒီအချက်က သင်အိပ်ရာမဝင်ခင်မှာ လုပ်ဆောင်သင့်တဲ့အရေးကြီးဆုံးအချက်တွေထဲကတခုပါ။

နောက်တနေ့အတွက် သင်ဘာတွေလိုအပ်သလဲ? ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာကိုရေးချပါ။

သင်ဒီလိုလုပ်ဆောင်တဲ့အခါ နောက်တနေ့အိပ်ရာနိုးလာရင် ဘာလုပ်ရမလဲ? ဘာလိုအပ်လဲဆိုတာကို တိတိကျကျသိလာမယ်။

သင်အလုပ်ခွင်မှာဖြစ်စေ တက္ကသိုလ်မှာဖြစ်စေ ပိုပြီးတိုးတတ်လာမယ်။

 

5.တယောက်ထဲ ဘဲနေတယ်

ကျွန်တော်ကတော့ အလုပ်တွေပြီးရင် တယောက်ထဲနေတာကိုပိုကြိုက်တယ်။

လူအများစုဟာ တယောက်ထဲနေတာကိုပိုကြိုက်ကြပါတယ်။

အင်တာနက်ကိုပိတ် ဖုန်းကိုပိတ် သီချင်းလေးကိုဖွင့်ပြီး အခန်းလေးထဲမှာနေရတဲ့အရသာကို ခံစားဖူးသူတိုင်းသိမှာပါ။

 

6.တရားထိုင်တယ်

သင်အိပ်ရာမဝင်ခင် လုပ်ဆောင်သင့်တဲ့အရာတွေထဲကတခုပါ။

တရားထိုင်ခြင်းဟာ သင့်ရဲ့စိတ်ကျန်းမာရေးကော ကိုယ်ကျန်းမာရေးပါ အထူးကောင်းမွန်စေပါတယ်။

တရားထိုင်ခြင်းဟာ သင့်ရဲ့ခွန်အားတွေကိုပြန်ပြည့်လာစေသလို စူးစိုက်နိုင်စွမ်း ပိုကောင်းလာစေပါတယ်။ဒါ့ကြောင့်တရားထိုင်နိုင်အောင်လေ့လာပါ။

Recommended for you-ကိုယ့်ပိုင်ဆိုင်မှုတွေကို ကိုယ်တိုင်ဖန်တီးပါ

Credit; kyaw htin

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသော စာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။

 

Directory Book 1

Read times
Rate this item
(1 Vote)