-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမ္ဘာပေါ်မှာ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ အလုပ်တွေ က ဒါတွေပါ!

ကမ္ဘာပေါ်မှာ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ အလုပ်တွေ က ဒါတွေပါ! google.com

အကောင်းဆုံးဆိုတဲ့ အလုပ်တွေဟာ လူတစ်ဦးနဲ့ တစ်ဦး ကွဲပြားကောင်း ကွဲပြားနိုင်ပါတယ်။

ကိုယ့်ရဲ့ ဝါသနာ၊ စိတ်နေစိတ်ထားနဲ့ ဘဝနေထိုင်မှုအလိုက် ကိုယ်လိုချင်တဲ့ အလုပ်၊ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တွေဟာလည်း တစ်ယောက်နဲ့ တစ်ယောက်တူမှာ မဟုတ်ပါဘူး။

ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးအလုပ်တွေလို့ ကမ္ဘာ့လူတော်တော်များများက တစ်ညီတစ်ညွတ်တည်း သတ်မှတ်ထားကြတဲ့ အလုပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁)ရုပ်ရှင်အကဲဖြတ်သူ

ရုပ်ရှင်အကဲဖြတ်သူ အလုပ်ဟာ လူတော်တော်များများ သွားရေကျရတဲ့ အလုပ်လို့ ပြောလို့ ရပါတယ်။

ဘာလို့လဲဆိုတော့ ကမ္ဘာတစ်ဝှမ်းက ကောင်းပေ့ဆိုတဲ့ ရုပ်ရှင်တွေကို ဦးဦးဖျားဖျားကြည့်ရပြီး အကဲဖြတ်ရတာကိုးဗျ။

ရုပ်ရှင်အကဲဖြတ်သူကောင်းတစ်ယောက်ဟာ အလုပ်ကျင့်ဝတ်ကို ဆံခြည်မရွေ့အောင် လိုက်နာလေ့ရှိပြီး ပုဂ္ဂိုလ်ရေးရာတွေကို ဖယ်ထားလို့ ရုပ်ရှင်တစ်ကားကို အရှိအတိုင်းပဲ သုံးသပ်လေ့ရှိပါတယ်။

ကမ္ဘာအရပ်ရပ်မှာ ရုပ်ရှင်အကဲဖြတ်သူတွေရဲ့ လစာဟာ မသေးပါဘူး။

ရုပ်ရှင်အကဲဖြတ်သူတွေက တကယ်တော်ပြီဆိုရင်လည်း အဲဒီအလုပ်နဲ့တင် တစ်သက်လုံးထိုင်စားနေနိုင်တာမျိုးဖြစ်ကြပါတယ်။

 

(၂)ပုဂ္ဂလိကကျွန်း ထိန်းသိမ်းစောင့်ရှောက်သူ

ဒီအလုပ်ကတော့ လူတော်တော်များများ မသိကြတဲ့ အလုပ်ဖြစ်သလို လူတော်တော်များများ မလုပ်နိုင်တဲ့ အလုပ်လဲ ဖြစ်ပါတယ်။

ပုဂ္ဂလိကကျွန်းထိန်းသိမ်းစောင့်ရှောက်သူတစ်ယောက်ဟာ အရည်အချင်းပေါင်းများစွာ လိုအပ်ပါတယ်။

လက်သမားအလုပ် ၊ မီးကြိုးတွေ သွယ်ဆက်တဲ့ အလုပ်ကအစ ဥယျာဉ်မှူးအလုပ်၊ စာကြည့်တိုက်မှူးအလုပ်တွေလို

အလုပ်ကြမ်းရော ပညာတတ်အလုပ်ပါ နှစ်မျိုးနှစ်စားတတ်ရမယ့်အပြင်ကို မုန်တိုင်းက ဘယ်အချိန်လာမလဲ၊ မုန်တိုင်းကကျွန်းကို တိုက်ခတ်ရင်

အဆောက်အအုံတွေ မပျက်စီးအောင် သစ်ပင်ပန်းမန်တွေ မပျက်စီးအောင် ဘယ်လိုကာကွယ်မှုတွေ ပြုလုပ်ထားရမလဲဆိုတာမျိုး ဆင်ခြင်ဥာဏ်နဲ့ အမျှော်အမြင်ရှိမှုတွေပါ လိုအပ်ပါသေးတယ်။

ကမ္ဘာပေါ်မှာ ပုဂ္ဂလိက ကျွန်းထိန်းသိမ်းစောင့်ရှောက်သူတွေရဲ့ လစာကလည်း လန့်ဖျားဖျားချင်စရာ များပြားလှတဲ့ လစာမျိုးပါ။

 

(၃)စာရေးဆရာ

စာရေးဆရာအလုပ်ဟာလည်း ကမ္ဘာ့အကောင်းဆုံး အလုပ်တွေထဲမှာ တစ်ခုအပါအဝင်ပါပဲ ။

စိတ်ပိုင်းဆိုင်ရာရော ငွေကြေးပိုင်းဆိုင်ရာမှာပါ စာရေးဆရာ တွေ အကောင်းဆုံးတွေကို ပိုင်ဆိုင်နိုင်တယ်လို့ ဆိုရမှာပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် စာရေးဆရာ အလုပ်ကတော့ ဘယ်လိုမှ မရှုံးနိုင်တဲ့ အလုပ်လဲဖြစ်ပါသေးတယ်။

ကိုယ်ရေးချင်တာကို ရေးနေရတာကို က စိတ်ချမ်းသာနေပြီမဟုတ်လား။

ကံကောင်းလို့ ထုတ်ဝေသူတွေဘာတွေက ကြိုက်ပြီး ထုတ်သွားရင် ပိုက်ဆံရဦးမယ့်အပြင် နာမည်လည်းကြီးဦးမယ်။ ဘယ်လောက်ကောင်းလဲနော်...။

 

(၄)အစားအစာတွေ မြည်းစမ်းကြည့်သူ

ရှေးခေတ်က တော်ဝင်မျိုးနွယ်တွေကို တစ်စုံတစ်ခုဆက်သတဲ့ အခါ အဆိပ်တွေဘာတွေမိမှာစိုးလို့ အရင်မြည်းစမ်းပေးရတဲ့ အမြည်းတော်ကြီးဆိုတာရှိပါတယ်။

ခုခေတ်မှာ အစားအစာတွေ မီနူးအသစ်တွေကို မြည်းစမ်းကြည့်ပြီး ကောင်းမကောင်း အကဲဖြတ်ပေးဖို့ မြည်းစမ်းပေးသူတွေကို စားသောက်ကုန်လုပ်ငန်းတွေက ခန့်ထားလေ့ရှိပါတယ်။

အဲဒီမြည်းစမ်းပေးသူတွေက အသစ်အဆန်းတွေစားကောင်းတဲ့ အရာတွေကို အလကားစားရတဲ့ အပြင် အဲ့လိုစားရလို့ ပိုက်ဆံပါရသေးတာဆိုတော့ စားရတာကို မကြိုက်တဲ့ လူ ဘယ်ရှိလိမ့်မလဲ။

 

(၅)ဗီဒီယိုဂိမ်းအစမ်းကစားကြည့်သူ

ဗီဒီယိုဂိမ်းအစမ်းကစားကြည့်သူတွေရဲ့တာဝန်ကတော့ အသစ်သစ်သော ဂိမ်းတွေကို တရားဝင် Launch မလုပ်ခင် ကစားရတာ အဆင်ပြေမပြေ၊

ဘယ်အခန်းမှာ ကစားရတာထောက်နေလဲ ဘာညာ အဆုံးထိအရင်ကစားကြည့်ရတဲ့ အလုပ်ပါ။

ဂိမ်းကစားရတာ နှစ်သက်သူတွေအတွက်ကတော့ တကယ့်နိဗ္ဗာန်ဘုံလို့ ဆိုရမှာဖြစ်ပြီး ဂိမ်းကစားရတာမကြိုက်သူတွေအတွက်တော့ တစ်မျိုးတစ်ဘာသာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမယ့် တစ်ကမ္ဘာလုံးနာမည်ကြီးသွားတဲ့ ဂိမ်းတွေကို ဦးဆုံးကစားခဲ့သူတွေရဲ့ လစာတွေကလည်း မိုးထိအောင်လှေကားထောင်ဆိုသလို မတရားမြင့်တက်လျှက်ရှိတာဆိုတော့ ဂိမ်းအစမ်းကစားတဲ့ အလုပ်ကို လိုချင်သူတွေကလည်း အများကြီးရှိနေတာပါ။

 

(၆)Social Influcencer

Social Influcencer တွေဟာ Social Media ကိုမှီတည်ပြီး အလုပ်လုပ်ကြတဲ့ သူတွေထဲမှာ ပါဝင်ပါတယ်။

သူတို့ဟာ သူတို့မှာရှိတဲ့ အားသာချက်တစ်ခုခု(ရုပ်ချောတာ၊ စာရေးကောင်းတာ၊ ဟာသဥာဏ်ရှိတာ၊ စတိုင်ကောင်းတာ စသဖြင့် )ကြောင့် လူသိများကျော်ကြားလာပြီး follower များလာကြသူတွေပါ။

အချို့ Social Influcencer တွေကတော့ မအောင်မြင်ခင်ကလည်း ဒီတိုင်းပဲ အောင်မြင်သွားတော့လည်း ဒီတိုင်းပဲ လုပ်စရာရှိတာကိုသာ တစ်စိုက်မတ်မတ်လုပ်ပြီး

အောင်မြင်မှုရှိတယ်လို့တောင် မသတ်မှတ်သူတွေဖြစ်ပေမဲ့ လည်း အချို့ကတော့ အောင်မြင်ပြီးမှ ပရိသတ်အကြိုက်လိုက်ရင်း လိုင်းကြောင်သွားသူတွေလည်းရှိပါရဲ့။

ဒါပေမယ့် Influcencer တွေဟာ များစွာသော Brand တွေရဲ့ မျက်စိကျစရာ ဖြစ်တတ်ပြီး Follower များရင် များသလောက်

Post တစ်ခုကို ဘယ်လောက်ဆိုတာမျိုး ပိုက်ဆံတွေ ရတတ်တာကြောင့် Social Influcencer အလုပ်ကလည်း ခုနောက်ပိုင်းမှာ အင်မတန်ကောင်းတဲ့ အလုပ်တစ်ခု ဖြစ်လို့ လာပါတယ်။

 

သင်က သင်လက်ရှိလုပ်နေတဲ့ Company အလုပ်မှာ ပျော်ကောင်းပျော်နေနိုင်ပေမယ့် လမ်းထိပ်က ဆိုက်ကားဆရာကြီးကတော့ ဆိုက်ကားနင်းတာကလွဲပြီး အခြားဟာ ဘာမှ လုပ်ချင်မယ်မထင်ပါဘူး။

အလုပ်တွေဟာ လူတစ်ဦးချင်းစီရဲ့ ပတ်ဝန်းကျင်အနေအထားနဲ့ ဘဝနေထိုင်မှုအလိုက်ကွဲပြားနိုင်ပါတယ်။

ဘယ်လိုပဲ ကွဲပြားပါစေ ကမ္ဘာပေါ်မှာ အကောင်းဆုံးအလုပ်တွေကတော့ လူတော်တော်များများမှာ တူညီမှာပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် တကယ်တမ်းကိုယ်နဲ့ အလိုက်ဖက်ဆုံး အလုပ်၊ ကိုယ်အပျော်ရွှင်ရဆုံးအလုပ်က ကိုယ့်အတွက်အကောင်းဆုံးအလုပ်ပါပဲ။

ကိုယ်ကအလုပ်လုပ်နေရတယ်လို့ကို မထင်အောင် အလုပ်မှာ ပျော်နေဖို့ လိုအပ်ပါတယ်။

သူငယ်ချင်းတို့ ရော ခုလတ်တလော ဘာတွေလုပ်နေကြလဲ? ကိုယ့်အလုပ်မှာရော ပျော်ရွှင်ကြရဲ့ လား?

Recommended for you-အလုပ်တစ်ခု ကမ်းလှမ်းလာတာကို ဘယ်လို အကဲဖြတ်မလဲ

Credit; sanwadihnin

Read times
Rate this item
(1 Vote)