-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒီအချက်တွေက သင့်ကို ထက်မြက်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်စေမှာပါ!

ဒီအချက်တွေက သင့်ကို ထက်မြက်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်စေမှာပါ! google.com

သင်စီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ အောင်မြင်ချင်တယ်ဆိုရင် ဗဟုသုတတွေ,ကျွမ်းကျင်မှုတွေ အများကြီးရှိရပါတယ်။

သင်ဟာ သင့်ရဲ့ အလုပ်သမားတွေ customer တွေနဲ့  ဆက်ဆံရေးက အကောင်းဆုံး ဖြစ်နေရမယ်။ သင်စီပွားရေးလုပ်တော့မယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပြီဆိုတာနဲ့

အောင်မြင်ဖို့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ရှိရပါတော့မယ်။ အချို့ အရာတွေကိုတော့ အချိန်ပေးပြီး သင်ယူကြိုးစား ရပါမယ်။

တော်တဲ့ စီးပွားရေးလုပ်ငန်းရှင်တယောက်က ဘာတွေသိထားလို့ ဘာတွေပိုင်ဆိုင်ထားလို့ အောင်မြင်တာလဲ?

 

စီးပွားရေးဗဟုသုတပြည့်ဝတယ်

စီးပွားရေးသမားတယောက်ဟာ ကုန်သွယ်ရေး, ငွေကြေးစီမံခန့် ခွဲ, ဈေးကွက်ဆိုင်ရာအခြေအနေ ၊ အခွန်ဥပဒေ စတာတွေကိုသိရှိထားဖို့ အထူးလိုအပ်ပါတယ်။

ဒါ့ကြောင့် စီးပွားရေးသင်တန်းတွေ, အလုပ်ရုံဆွေးနွေးပွဲတွေ, တတ်ဖို့ လိုပါတယ်။

ဒါမှသာလုပ်ငန်းနဲ့ ပတ်သတ်တဲ့သိထားသင့်တာတွေ, အကုန်သိမှာဖြစ်သလို အလုပ်နေရာတွေနဲ့ အလုပ်သမားတွေကို အသေချာဆုံး စီမံနိုင်မှာဖြစ်ပါတယ်။

 

စွန့်လွှတ်စွန့် စားဖို့ အသင့်ဖြစ်နေတယ်

စွန့် ဦးလုပ်ကိုင်သူဆိုတာ ဘယ်လောက် စွန့် စားနိုင်မလဲဆိုတာအပေါ် အခြေခံပါတယ်။

စီးပွားရေးသမားတယောက်အတွက် စွန့် စွန့် စားစားလုပ်ကိုင်ရဲတဲ့စိတ်က အောင်မြင်ဖို့ အတွက်အရမ်းအရေးပါ လှပါတယ်။

ကျရှုံးဖို့ စိုးရွံ့ မနေသင့်သလို အသစ်အသစ်တွေလုပ်ဆောင်ဖို့ ကြောက်ရွံ့ မနေသင့်ပါဘူး။

 

စီစဉ်ဆောင်ရွက်နိုင်စွမ်းရှိပါတယ်

စွန့် ဦးလူပ်ကိုင်သူတယောက်အနေနဲ့ အောင်မြင်ချင်တယ်ဆိုရင် စီစဉ်ဆောင်ရွက်နိုင်စွမ်းရှိရပါတယ်။

အချိန်မှန်မှန်နဲ့ တိကျတဲ့စီစဉ်နိုင်စွမ်းရှိခြင်းဟာ အောင်မြင်မှုရစေဖို့ အဓိကအချက်တွေဖြစ်ပါတယ်။

ခေါင်းဆောင်နိုင်စွမ်းရှိဖို့ လည်းလိုအပ်ပါတယ်။

ဘာလို့ လဲဆိုတော့ အောင်မြင်မှုရဖို့  အလုပ်သမားတွေရဲ့သစ္စာရှိမှု ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတွေကတကယ်ကိုအရေးကြီးပါတယ်။

 

ရှေ့ ကိုကြိုပြီးမှန်းဆနိုင်စွမ်းရှိပါတယ်

ရှေ့ ကိုကြိုတင်ပြီးမှန်းဆလုပ်ဆောင်နိုင်ရင် စီးပွားရေးသမားဆိုရင် အောင်မြင်မှုရမှာဖြစ်သလို စွန့် ဦးလုပ်ကိုင်သူအနေနဲ့ ဆိုရင် အကျိုးအမြတ်များစွာရရှိမှာဖြစ်ပါတယ်။

 

တိကျတယ်

စီးပွားရေးလုပ်ကိုင်သူတွေအတွက် အချိန်ဆိုတာရွှေပါဘဲ။ စက္ကန့် နဲ့ အမျှတန်ဖိုးကြီးမားပါတယ်။

သင့်စီးပွားရေးနဲ့ ပတ်သတ်တဲ့အရာမှန်သမျှကို တိတိကျကျလုပ်ဆောင်ရမယ်။

သင်မလုပ်ဆောင်နိုင်ဘူးဆိုရင် အခွင့်အရေးတွေအများကြီးဆုံးရှုံးသွားနိုင်ပါတယ်။

 

အတွေ့ အကြုံပြည့်ဝတယ်

လက်တွေ့ စီးပွားရေးမှာအောင်မြင်ချင်တယ်ဆိုရင် စီးပွားရေးကိစ္စအဝဝတို့ ကိုကိုင်တွယ်နိုင်ဖို့  အတွေ့ အကြုံကအရေးကြီးလွန်းပါတယ်။

အတွေ့ အကြုံရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်က မရှိသူထက်အရာရာသာပါတယ်။

 

feedback ကိုတန်ဖိုးထားတယ်

Feedback ဆိုတာ customer တွေနဲ့ အကောင်းဆုံးဆက်ဆံရေးမှာ အရေးပါတဲ့အပိုင်းတစ်ခုပါ။

feedback တစ်ခုကိုပြန်ကြားလာတဲ့အခါ မိမိရဲ့အားနည်းချက် အားသာချက်တွေကိုသိလာနိုင်သလို ရှေ့ ဆက်လုပ်ဆောင်မယ့်အပိုင်းမှာများစွာအကျိုးုဖြစ်ထွန်းပါတယ်။

 

ရိုးသားမှုရှိတယ်

စီးပွားရေးလူပ်တော့မယ်ဆိုရင် ရိုးသားမှုရှိဖို့ အရေးကြီးလွန်းပါတယ်။

customer တွေဟာ အရည်အသွေးနဲ့ ဝန်ဆောင်မှုပိုင်းမှာ ယုံကြည်စိတ်ချရတဲ့ စီးပွားရေးပုံစံကိုလိုချင်ကြတာပါ။

ဈေးကွက်မှာ မရိုးသားတဲ့သူအတွက်နေရာဆိုတာမရှိပါဘူး။

 

အလုပ်ကြိုးစားတယ်

အလုပ်မကြိုးစားဘူး စီးပွားရေးကို အားစိုက်မလုပ်ဆောင်ဘူးဆိုရင် ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်တဲ့အခါ နောက်ကျနေခဲ့ရမှာအသေအချာပါဘဲ။

 

ငွေကြေးပိုင်းကိုအကောင်းဆုံးထိန်းချုပ်နိုင်တယ်

ငွေကြေးဆိုတာ စီးပွားရေးလုပ်ငန်းတိုင်းရဲ့ အသက်သွေးကြောပါပဲ။

စီးပွားရေးလုပ်ငန်းကျယ်ပြန့် လာလေ ငွေဝင်လမ်းတွေများပြားလာလေပါပဲ။

တော်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေဟာ စီးပွားရေးလုပ်ငန်းတိုင်းရဲ့ အတွင်းနဲ့ အပြင် လိုအပ်ချက်တွေကိုရအောင်ရှာတယ်။

ပြီးရင် သူတို့ကို အကောင်းဆုံးကိုင်တွယ်ဆုံးဖြတ်တယ်။ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်စွမ်းမရှိဘူးဆိုရင် ငွေကြေးကိစ္စတွေ လုံးဝရှုပ်ထွေးသွားနိုင်ပါတယ်။

ငွေကြေးအကောင်းဆုံး ထိန်းချူပ်နိုင်စွမ်းက စီးပွားရေးလူပ်ငန်းတိုင်းရဲ့အသက်သွေးကြောဖြစ်သလို စွန့် ဦးလုပ်ကိုင်သူတွေ တတ်သိထားသင့်တဲ့အရာပါ။

Recommended for you-စားသုံးသူတွေ စိတ်ထဲ စွဲကျန်ရစ်စေမယ့် Marketing နှင့် Brand

Source; TopTen

Read times
Rate this item
(1 Vote)