-->
×

Warning

JUser: :_load: Unable to load user with ID: 29


ရုန်းထွက်ခြင်းမှာ အဓိကကျတဲ့ အချက်!

ရုန်းထွက်ခြင်းမှာ အဓိကကျတဲ့ အချက်! google.com

မိတ်ဆွေတို့ တစ်ခါတစ်လေမှာ ရုန်းထွက်ချင်တဲ့ စိတ်တွေ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။

ဘယ်အရာတွေကြောင့် ရုန်းထွက်ချင်ရပါသလဲ?

စိတ်ပျော်ရွှင်မှုကို ထိခိုက်လာတဲ့အခါဆိုရင် စိတ်ဖိစီးမှုများပြီး ပျော်ရွှင်မှုတွေ မှေးမှိန်လာတဲ့အခါဆိုရင် အနိုင်ထက်စီးနင်း ပြုခံရတယ်လို့ ခံစားလာရတဲ့အခါဆိုရင်

စိတ်အားငယ်စိတ်၊ သိမ်ငယ်စိတ်ဝင်လာချိန်ဆိုရင် ဘဝမှာတိုးတက်အောင်မြင်မှုတွေ မရှိဘူးလို့မြင်ရ၊ သိရတဲ့ အခါမျိုးဆိုရင်

မျှော်လင့်ချက်ကြီးစွာထားခဲ့ပြီး ဖြစ်မလာတဲ့အခါဆိုရင် ရယူခြင်းတစ်မျိုးထဲနဲ့သာ နေထိုင်နေရတာကြာတဲ့အခါဆိုရင်

ပေးဆပ်ခြင်းတစ်မျိုးထဲနဲ့သာ နေထိုင်နေရတာကြာတဲ့အခါဆိုရင် မိမိကိုယ်ကို ယုံကြည်ချက်တွေ နည်းပါးလာတဲ့အခါဆိုရင်

ပတ်ဝန်းကျင်ကို အလေးပေးလွန်းရင် မျှော်လင့်ထားသည်အခြေအနေမျိုးနဲ့ လက်တွေ့အခြေအနေ ကွာဟလွန်းတဲ့အခါဆိုရင်

သစ္စာဖောက်ခံရတယ်လို့ ထင်မြင်ခံစားလာရတဲ့အခါဆိုရင် နားလည်မှုတွေ မပေးနိုင်တော့တဲ့အခါမျိုးဆိုရင်....

ဒါတွေက အဖြေတွေပါပဲ...

ဒီအဖြေတွေကို သိပြီးပြီဆို ဘယ်လိုရှေ့ဆက်လျှောက်မလဲ?

ဒီကိစ္စတွေဖြစ်ပြီးရင် ဘာဆက်လုပ်မလဲ ကြိုတင်ပြင်ဆင်ထားပါ။

ဒီပြသာနာ ပြီးရင် ကိုယ်ပြသာနာပြီးပြီးဆိုပြီး အလွယ်မတွေးပါနဲ့။

ဖြစ်ပျက်ခဲ့သမျှ ကိစ္စရပ်တွေကို လက်သင့်ခံလို့ ရ၊ မရ ပြန်လည်တွေးဆ ဆင်ခြင်ပါ။

တွေးဆလို့ အဖြေကိုရရှိပြီးရင်တော့ ရွေးချယ်ထားတဲ့ လမ်းဆုံးထိရောက်အောင် လျှောက်ပါ။

နားလည်နိုင်အောင် ကြိုးစားပါ။

မေ့ပစ်သင့်တဲ့အရာတွေကို မေ့ပစ်ပါ။

ကိုယ့်ရဲ့ ဘဝသစ်၊ နယ်မြေသစ်ထဲကို အငြိုးတေးတွေ၊ အာဃာတတွေ မခေါ်ဆောင်လာမိပါစေနဲ့။

ရုန်းထွက်မယ်လို့ ဆုံဖြတ်ထားပြီးရင် အပြီးအပြတ်ဆုံး ပြတ်သားပစ်လိုက်ပါ။

ဒီလိုမှမဟုတ်ဘူး ရင်ဆိုင်မယ်လို့ ဆုံးဖြတ်ထားပြီးရင်တော့ 'ဘဝသစ်' တစ်ခုလို မြင်ကြည့်ပါ အစပျိုးကြည့်ပါ။

ဘဝမှာ အရာရာတိုင်းဟာ အမြဲတမ်း ကောင်းခြင်းတွေပဲ ဖြစ်တည်နေတာ မဟုတ်ပါဘူး ။

'ခယောင်းလမ်းကို လျှောက်ရသည့်နှယ် ဆူးခင်းလမ်းလဲ တွေ့ကြုံရပေဦးမည်'

ရုန်းထွက်နိုင်မှုကနေ ရရှိလာတဲ့ ပျော်ရွှင်မှုကို "တန်ဖိုး"ထားပါ။

ရုန်းထွက်မှုတွေ၊ ပြောင်းလဲမှုတွေမှာ အဓိက အကျဆုံးဟာ မိတ်ဆွေတို့ရဲ့ "စိတ်ဓာတ်"ပါ။

"မရနိုင်တဲ့ အရာတွေကို မမျှော်လင့်မိစေနဲ့။

အဆိုးထဲမှ အကောင်းကို ရှာတတ်ပါစေ

နောင်တဆိုတာမျိုးမရမိအောင် နေတတ်ပါစေ"

Recommended for you-အောင်မြင်ဖို့အတွက် လုံလောက်တဲ့ အားစိုက်ထုတ်မှုလိုတယ်

Credit; Original Writer

Read times
Rate this item
(1 Vote)