-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပြဿနာတွေဟာ သင့်အတွက် အောင်မြင်ဖို့ အခွင့်အရေးပါ!

ပြဿနာတွေဟာ သင့်အတွက် အောင်မြင်ဖို့ အခွင့်အရေးပါ! google.com

လောကမှာ ရုန်းကန်လှုပ်ရှားနေရတဲ့ လူတွေအနေနဲ့ Stress ဆိုတာကို မလွဲမသွေ အနည်းနဲ့အများ ရင်ဆိုင်ရပါတယ်။

Stress တွေဟာ ကိုယ့်ရဲ့ စိတ်ဓါတ်ကို ဖြည်းဖြည်းချင်းတိုက်စားနေမှာ ဖြစ်လို့ Stress ကို ကောင်းကောင်းထိန်းချုပ်နိုင်ဖို့ လိုပါတယ်။

Stress ကို ကောင်းကောင်း စီမံနိုင်တဲ့သူတွေဟာ စိတ်ဖိစီးမှု ဒါဏ်တွေကနေ လျော့ပါးမှာ ဖြစ်ပြီး အောင်မြင်မှုဆီ အရောက်သွားနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ကို ဒုက္ခပေးမဲ့ Stress တွေကို ဘယ်လိုကိုင်တွယ်ရမလဲ? တခြားသူတွေအနေနဲ့ ဘယ်လိုကိုင်တွယ်နေကြသလဲ?

 

Stress ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းဆိုတာ လက်ခံပါ

Stress ဆိုတာက ကိုယ်တစ်ယောက်ထဲထူးပြီး ခံစားနေရတာ မဟုတ်ပါဘူး။

လူတိုင်း၊ အားလုံးနီးပါး အနည်းနဲ့အများ ခံစားနေရတဲ့ အရာပါ။ ဒါကြောင့် ကိုယ်တစ်ယောက်တည်း ကွက်ပြီး ခံစားနေရတယ်၊

ကိုယ်အနေနဲ့ ဒါတွေ မခံစားသင့်ဘူး၊ ဒါတွေကို ရင်မဆိုင်ရသင့်ဘူး လို့ တွေးနေရင်တော့ ဒါဟာ ကိုယ့်ရဲ့ အချိန်တွေ၊ ကိုယ့်ရဲ့ ခွန်အားတွေကို ဖြုန်းတီးတာပါပဲ။

ဒီလိုတွေးနေရုံနဲ့ ကိစ္စတွေကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။

ရဲရဲရင့်ရင့် ရင်ဆိုင်မှသာ ပြဿနာကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် Stress ဆိုတာ လူတိုင်းကြုံရမဲ့ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဆိုတာ လက်ခံလိုက်ပါ။

 

ပြဿနာကို အကောင်းမြင်ပါ

တစ်ချို့က ပြဿနာတစ်ခု တက်လာရင် အဲ့ဒီပြဿနာက သူတို့ဘဝတစ်ခုလုံးကို ဖျက်ဆီးတော့မယ်လိုက တွေးကြတယ်။

ဒီအတွေးတွေဟာ အဓိပ္ပါယ်မရှိသလို အကျိုးလည်းမရှိပါဘူး။

စိတ်ဓါတ်ကြံ့ခိုင်သူတွေဟာ ပြဿနာတစ်ခုပေါ်လာရင် ဒီပြဿနာနဲ့ ပါတ်သတ်ပြီး ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ချက်ထားပြီး ကြိုးစားဖြေရှင်းကြပါတယ်။

ဒီလိုနဲ့ပဲ ပြဿနာတွေကို တကယ် ကျော်ဖြတ်နိုင်ကြပါတယ်။

ပြဿနာကို အဆိုးမြင်နေသူတွေ အတွက်ကတော့ ပြဿနာကို ဖြေရှင်းဖို့ ခက်ခဲနေမှာ ဖြစ်ပြီး ပျက်ဆီးခြင်းလမ်းစနဲက နီးစပ်နေပါလိမ့်မယ်။

 

ကျန်းမာရေးကို ဂရုစိုက်ပါ

Stress ကို အောင်အောင်မြင်မြင် စီမံနိုင်ဖို့အတွက် စိတ်ဓါတ်ကြံ့ခိုင်ဖို့ လိုပါတယ်။

စိတ်ဓါတ်ကြံ့ခိုင်ဖို့အတွက် Physical ကလည်း ကျန်းမာဖို့ လိုပါတယ်။

ကျန်းမာရေး မကောင်းတြ့ လူတစ်ယောက်ဟာ စိတ်ဓါကြံ့ခိုင်ဖိုက မလွယ်ကူပါဘူး။

ဒါကြောင့် Stress တွေကို ကောင်းကောင်း စီမံနိုင်ဖို့အတွက် ကျန်းမာရေးကောင်းဖို့လည်း လိုပါတယ်။

 

 ကောင်းမွန်သော နည်းလမ်းများကို ထွက်ပေါက်အဖြစ် အသုံးပြုပါ

လူတွေဟာ Stress အရမ်းပိလာတဲ့ အခါ ထွက်ပေါက်ရှာလေ့ရှိပါတယ်။၏

ပျော့ညံ့တဲ့ လူတွေကတော့ အရက်သောက်ခြင်း ကဲ့သို့သော မကောင်းတဲ့ကိစ္စတွေကို ထွက်ပေါက်အဖြစ် အသုံးပြုကြပါတယ်။

တကယ်တမ်း ဖြစ်သင့်တာကတော့ အားကစားပြုလုပ်ခြင်း၊ တရားထိုင်ခြင်းကဲ့သို့ စိတ်တည်ငြိမ်စေတဲ့အပြင် ကျန်းမာရေးကိုပါ အထောက်အကူ ပြုစေတဲ့ အရာတွေကို ထွက်ပေါက်အဖြစ် အသုံးချသင့်တာပါ။

 

ဘဝကို အချိုးကျကျ ဖြတ်သန်းပါ

တစ်ချို့က ပြဿနာနဲ့ ဝေးဖို့ လူမှုရေးကိစ္စတွေကို အားစိုက်ပြီး လုပ်လေ့ရှိပါတယ်။

တစ်ချို့ကျ လူမှုရေးကိစ္စတွေမှာ လစ်ဟင်းနေပြီး ပြဿနာတွေနဲ့ပဲ ရင်ဆိုင်နေလေ့ရှိပါတယ်။

တကယ်တမ်းကတော့ ပြဿနာဆိုတာ အမြဲတမ်းကြုံတွေ့နေမှာ ဖြစ်လို့ ပြဿနာကို အကြောင်းပြုပြီး မိသားစုနဲ့ ကင်းကွာနေတာတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ကင်းကွာနေတာတေါ ဆိုတာ မဖြစ်သင့်ပါဘူး။

 

အရာရာတိုင်းမှာ ရွေးချယ်စရာတွေ ရှိတာကို အသိအမှတ်ပြုပါ

Stress ပိတဲ့သူတွေဟာ သူတို့ကိုယ်သူတို့ ကိစ္စတစ်ခုရဲ့ ဒုက္ခသည်တွေအဖြစ် သတ်မှတ်လေ့ရှိပါတယ်။

စိတ်ဓါတ်ကြံ့ခိုင်တဲ့ သူတွေကတော့ သူတို့ မနက်အိပ်ရာထတာကနေ ပြန်ပြီးအိပ်တဲ့အထိ အရာရာတိုင်းဟာ ရွေးချယ်စရာတွေရှိတယ်လို့ ခံယူကြပါတယ်။

 

 ပြဿနာကနေ သင်ယူပါ

တစ်ချို့က ပြဿနာတွေကတဲ့အခါ ဒုက္ခသည်အဖြစ် ခံယူလိုက်ပြီး မကောင်းတဲ့ အမြင်နဲ့ ရှုမြင်လိုက်ပါတယ်။

ပြဿနာကို ဖြေရှင်းနိုင်သည့်တိုင်အောင် သူတို့အတွက် ဘာမှ မကျန်ခဲ့ပါဘူး။

တကယ် သန်မာတဲ့သူတွေဟာ ပြဿနာကို သင်ယူရမဲ့ အခွင့်အလမ်းအဖြစ် သဘောထားပြီး ပြဿနာတွေ ပြီးတိုင်း ပြီးတိုင်းမှာ ပိုပိုပြီးသန်မာလာအောင် သင်ယူလေ့ရှိပါတယ်။

ဒါကြောင့် လက်တွေ့လောကမှာ စိတ်ဓါတ်ကြံ့ခိုင်ပြီး ပြဿနာကို အခွင့်အလမ်းအဖြစ် ခံယူနိုင်သူတွေသာ ဘဝမှာ အမြင့်သို့ တက်လှမ်းသွားနိုင်တာပဲဖြစ်ပါတယ်။

Recommended for you-ဘယ်တော့မှ မရှုံးတော့ဘူး!

Credit; htetzanlinn

Read times
Rate this item
(1 Vote)