-->
×

Warning

JUser: :_load: Unable to load user with ID: 29


ရတဲ့လစာဘယ်ပျောက်သွားမှန်းမသိတဲ့ လူငယ်များအတွက်ဒီနည်းလမ်းနဲ့ ငွေစုဆောင်းနိုင်ပါပြီ!

ရတဲ့လစာဘယ်ပျောက်သွားမှန်းမသိတဲ့ လူငယ်များအတွက်ဒီနည်းလမ်းနဲ့ ငွေစုဆောင်းနိုင်ပါပြီ! google.com

လကုန်ပြီဆိုတော့ ရတဲ့လစာကို ပျော်ပျော်ကြီးသုံးတော့မယ်ဟုတ်...

ပြောစမ်းပါဦး တစ်ပတ်တောင်မပြည့်ဘူး လက်ထဲကပိုက်ဆံလေးတွေ ပျောက်သွားရတဲ့အကြောင်းလေး...

ဒီနေ့ခေတ်လူငယ်တော်တော်များများ ဖြစ်လေ့ဖြစ်ထရှိနေတဲ့ ငွေသုံးကြမ်းတဲ့ အကျင့်လေးပေါ့နော့...

Admin လဲ လစာထုတ်ရင် အပျော်လွန်ပြီးသုံးတာ သုံးတာဆိုတာ လဝက်တောင်မကျိုးသေးဘူးလက်ထဲမှာ ပိုက်ဆံကကုန်လုနီးပါးပဲ...

ဒါကြောင့် Admin နဲ့အတူ အသုံးကြမ်းတဲ့အကျင့်လေးတွေကို ဒီစာလေးဖတ်ပြီး ပြင်ကြရအောင်ဗျာ...

 

အပြင်ဆိုင်တွေမှာ သိပ်မစားနဲ့

အပြင်ထွက်လျင် မိမိအိမ်မှ စားသောက်စရာများကို ပြင်ဆင်ယူသွားခြင်းက ကျန်းမာရေးနဲ့ ညီညွတ်စေသလို အကုန်အကျ အလွန်သက်သာစေပါတယ်။

နွားနို့ စစ်စစ်နဲ့ ဖျော်ထားတဲ့ ကော်ဖီအေးတစ်ခွက်က အိမ်မှာဖျော်ရင် 500လောက်သာ ကုန်ကျပေမယ့် ဆိုင်တွေမှာ 1000အထက်သာ ရောင်းပါတယ်။

 

ချောင်ထိုးထားတဲ့ အဝတ်တွေကို ပြန်ပြင်ပါ

ကြယ်သီး တစ်လုံးပြုတ်နေတဲ့ ဂျင်းဘောင်းဘီ. လည်ပင်းကျယ်နေတဲ့ အကျီင်္တွေကို မဝတ်ဘဲ မထားပါနဲ့။

အားလပ်ချိန်မှာ ကြယ်သီး တပ်တာမျိုး/ ရင်ဘတ်နေရာမှာ ဇာစလေးတွေ ထပ်ထည့်ချူပ်တာမျိုးနဲ့ ပြန်လည် ပြုပြင် ဝတ်ဆင်နိုင်ပါတယ်

 

2ပတ်လောက်အချိန်ယူပြီး စဉ်းစားပါ

နေ့စဉ် အသစ်အဆန်းတွေ ထွက်ပေါ်နေတဲ့ ခေတ်မှာ ပစ္စည်း တစ်ခုဝယ်ယူရန် 2ပတ်စဉ်းစားပါ။

2ပတ်ကြာလို့မှ မိမိမှာလိုအပ်နေသေးလျင် ဝယ်ယူပါ။

စဉ်းစားနေတုန်း ပစ္စည်း ကုန်သွားမှာ စိတ်မပူပါနဲ့။ ပိုကောင်းပိုလှတဲ့ ပစ္စည်း တွေ ဆိုင်မှာ ရောက်နေပါပြီ

 

ဖုန်းဘေ ကို လျှော့နိုင်သမျှလျှော့သုံးပါ

ကုန်မှန်းမသိ ကုန်တတ်တဲ့ ဘေသုံးစွဲမူကို လျော့နိုင်ရင် ငွေယိုပေါက်ကို အတော်လေး ထိန်းသိမ်းနိုင်ပါတယ်။

အားလပ်ချိန်မှာ စာကြည့်တိုက်က စာအုပ်ငှါးဖတ်တာ ၊အားကစားလုပ်တာ၊သစ်ပင်စိုက်တာ၊ဘာသာရပ်အသစ်တွေကို လေ့လာတာတွေက ပိုအကျိုး ရှိစေပါတယ်

 

bank account ထဲထည့်ပါ

နေ့စဉ်ချွေတာထားတဲ့ အအေးတစ်ဘူးဖိုး ၊ဖုန်းဘေ တစ်ကဒ်ဖိုး နဲ့ တက္ကစီခတွေကို 1ပတ်လောက်ကြာရင် တစ်ခါ ဘဏ်account ထဲထည့်ပါ။

တိုးလာတဲ့ ငွေစာရင်းကို ကြည့်ရင်း ပိုချွေတာ ပိုစုဆောင်း ဖြစ်လာမှာပါ။

Recommended for you-စက္ကန့်တိုင်းက တန်ဖိုးကြီးတယ်!

 

Read times
Rate this item
(1 Vote)