-->
×

Warning

JUser: :_load: Unable to load user with ID: 29


လုပ်ငန်းစတင်သူတွေ ဘာကြောင့် ကျရှုံးရတာလဲ?

လုပ်ငန်းစတင်သူတွေ ဘာကြောင့် ကျရှုံးရတာလဲ? google.com

ဒီစာက ကိုယ်ပိုင်စီးပွားရေး လုပ်နေတဲ့သူတွေနဲ့ စတင်ချင်တဲ့သူတွေ အတွက်ဖြစ်ပါတယ်။

လေ့လာစမ်းစစ်ချက်တွေအရ လုပ်ငန်းစတင်လုပ်ကိုင်ကြတဲ့ Startups လုပ်ငန်းရှင်တွေရဲ့ ၉၀% က ၁၈လအတွင်းမှာပဲ ကျရှုံးကြပြီး ၁၀% လောက်ပဲ အောင်မြင်ကြပါတယ်။

အဓိက Startups လုပ်ငန်းရှင်တွေကျရှုံးရတဲ့အကြောင်းအရင်းတွေကတော့...

 

၁။ စနစ်တကျရေးဆွဲထားတဲ့ Business Plan မရှိဘဲ လုပ်ငန်းများကို စတင်လုပ်ကိုင်ခြင်းကြောင့်ဖြစ်ပါတယ်။

 

၂။ အတွေ့အကြုံမရှိသူအချင်းချင်း ပူးပေါင်းလုပ်ကိုင်မိခြင်းကြောင့်လည်း ဖြစ်ပါတယ်။

 

၃။ Backup Plan (သို့မဟုတ်) Plan B မရှိခြင်း။ ဆိုလိုတာက ဒီဟာ အဆင်မပြေခဲ့ရင်

နောက်တစ်နည်း ဘယ်လိုအဆင်ပြေအောင် လုပ်မလဲဆိုတာကို ကြိုတင်စဉ်းစားပြီး ပြင်ဆင်ထားခြင်းမရှိတာကြောင့် ဖြစ်ပါတယ်။

 

၎။ လုပ်ငန်းတည်ထောင်ဖို့ငွေသာရှိပြီး လုပ်ငန်းလည်ပတ်တဲ့အခါ အကြောင်း အမျိုးမျိုးကြောင့်ငွေလိုတဲ့အခါ ထပ်မံစိုက်ထုတ်ဖို့ မရှိတော့ခြင်းကြောင့် လည်းဖြစ်ပါတယ်။

ကျွန်တော့ အတွေ့အကြုံအရပြောရရင် ဥပမာ။ကိုယ်လုပ်မယ့် စီးပွားရေးက အရင်းအနှီး သိန်း၁၀၀ လိုအပ်တယ်ဆိုရင် သိန်း ၂၀၀ရှိမှ လုပ်သင့်ပါတယ်။

 

၅။ နောက်ဆုံးအချက်ကတော့ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်ဖြစ်ပါတယ်။

စီမံခန့်ခွဲမှုဆိုတဲ့နေရာမှာ အရမ်းကျယ်ပြန့်ပါတယ်။

ဥပမာ။ Time Management, HR, Marketing, Financial management အစရှိတဲ့ အရာတွေမှာ အားနည်းလို့ပဲ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ပြောရရင် ကိုယ်ပိုင်စီးပွားရေးလုပ်ချင်ရင် အပိုင်းတစ်ပိုင်းတည်းကို အထူးကျွမ်းကျင်နေဖို့မလိုပါဘူး။

အရေးကြီးတာက အရာအားလုံးကို အနည်းငယ်စီသိထားဖို့တော့လိုပါတယ်။

ကျွန်တော်ပြောတဲ့ အပေါ်က ၅ချက်လောက်ကိုသေချာလိုက်နာနိုင်ရင် စီးပွားရေးမှာ မအောင်မြင်သေးရင်တောင် မကျရှုံးနိုင်ပါဘူး။

ဒါတွေက ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေပဲဖြစ်ပါတယ်။

အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ကြပါစေ...

Recommended for you-Perfect မဖြစ်ဘူးဆိုတာနဲ့ သင့်ရဲ့ အိမ်မက်တွေကို ဖျက်စီးတော့မလို့လား?

Credit; Phyoarkar

Read times
Rate this item
(1 Vote)