-->
×

Warning

JUser: :_load: Unable to load user with ID: 29


Advertising ကနေရမဲ့ အကျိုးအမြတ်တွေကဘာတွေလဲ?

Advertising ကနေရမဲ့ အကျိုးအမြတ်တွေကဘာတွေလဲ? google.com

ကဲ……ဒီတစ်ခေါက်တော့ Advertising ရဲ့ကောင်းကြောင်းလေးတွေကို ချီးမွန်းထောပနာပြုချင်ပါတယ်။


ကျနော်ဆွေးနွေးမယ့်အကြောင်းတွေကို “ဟုတ်လား မဟုတ်လား…..ပြော…” လို့တော့ ကောင်းထက်ဇော်လို ကွန်ပြူတာဆီက အဖြေတောင်းမနေတော့ပါဘူး...

ဟုတ်လား မဟုတ်လား ရယ် ၊ လိုအပ်တာတွေ ပိုနေတာတွေကို မည်သူမဆို comment မှာဝင်ရောက်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။

ဘာတွေပဲဖြစ်ဖြစ် Advertising ဆိုတာ Products တွေ services တွေကို marketing လုပ်ရာမှာ

အရေးကြီးဆုံးသော tool တစ်ခုဖြစ်တယ်ဆိုတာကတော့ တစ်ကမ္ဘာလုံးက business တွေဟာ universally accepted လုပ်ထားတယ်ဆိုတာ ငြင်းမရတဲ့အချက်ပါပဲ။

ဒီလိုလက်ခံကြလို့လည်း Business owner တွေဟာ Advertising ကို အကျိုးရှိတဲ့ investment တစ်ခုအဖြစ် လက်ခံကြပြီး

Advertising ဟာလည်း ရေတို ၊ ရေရှည်တွေမှာ အကျိုးအမြတ်တွေပြန်လည်ရိတ်သိမ်းပေးနေခဲ့တာ သမိုင်းကြောင်းတစ်ခုစာမကတော့ပါဘူး။

စိတ်ဝင်စားစရာလည်းကောင်းသလို…. Advertising နဲ့ အသက်မွေးနေတဲ့သူများအနေနဲ့

ကိုယ့်ရဲ့ clients ကို advertising ရဲ့ အကျိုးအမြတ်တွေကို သိမြင်စေမှသာ ပိုအလုပ်ဖြစ်မယ်လို့ ယုံကြည်မိပါတယ်။

ဒါဆို…..ဒီလောက်အမွှန်းတင်ချင်စရာကောင်းတဲ့ Advertising ရဲ့ အကျိုးအမြတ်တွေဟာ ဘာတွေများဖြစ်မလဲ?

 

1) Information to the customer

ကုန်ပစ္စည်းအသစ်ပဲ ဖြစ်ဖြစ် အဟောင်းပဲဖြစ်ဖြစ် ကြော်ငြာခြင်းအားဖြင့် ကိုယ့်ကုန်ပစ္စည်းကို သိပြီးသားသူပဲဖြစ်စေ

မသိသေးတဲ့သူတွေကိုပဲဖြစ်စေ ကိုယ့်ကုန်ပစ္စည်းရဲ့ အချက်အလက်တွေမှန်သမျှ သိမြင်စေပါတယ်။

 

2) Takes care of customers

ကြော်ငြာခြင်းအားဖြင့် ကိုယ့်ရဲ့ customers တွေကို ဂရုစိုက်ရာလည်းရောက်ပါတယ်။

ကိုယ့်ကုန်ပစ္စည်းကို ပုံမှန်ဝယ်ယူသုံးစွဲနေတဲ့ loyal customers တွေကို ထိန်းသိမ်းနိုင်သလို

customers တွေ ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ပြီး တစ်ဖက်ကလည်း customers အသစ်တွေတိုးစေနိုင်ပါတယ်။

 

3) Improve the sale of product

သိသာထင်ရှားတဲ့ နောက်တစ်ချက်ကတော့ ရောင်းအားတက်စေခြင်းပဲဖြစ်ပါတယ်။

 

4) Alters the attitudes of people

တစ်ချို့အရမ်းအားကောင်းတဲ့ ကြော်ငြာတွေဆိုရင် လူတွေရဲ့အကျင့်တွေ သဘောထားတွေကိုပါ ပြောင်းလဲပေးနိုင်ပါတယ်။

ဥပမာပြောရရင် - မြန်မာပြည်မှာ အချိုမှုန့်စားတာမကောင်းဘူးဆိုတာသိတယ်။

ဒါပေမယ့် ဘယ်သူမှ မပြောင်းလဲပေးနိုင်သေးဘူး။

အဲဒီအတွက် အချိုမှုန့်အစားထိုးတဲ့ဟာတစ်ခုခု ကို လူတွေရင်ထဲထိမယ့် ကြော်ငြာနဲ့ ကြော်ငြာလိုက်ရင်

အချိုမှုန့်ကနေ အချိုမှုန့်အစားထိုးကို ပြောင်းသုံးပြီး အချိုမှုန့် စားတဲ့ အကျင့်ပါ ပျောက်သွားပါလိမ့်မယ်။

 

5) Increase employment

Advertising ဟာ အရမ်းကိုရှုပ်ထွေးတဲ့ အဆင့်တွေပါဝင်ပြီး Research, Creative, Client Service စတဲ့ များစွာသောပညာရှင်တွေ လိုအပ်ပါတယ်။

အဲဒီအတွက် ထိုသူတွေကို ခန့်ထားအသုံးပြုတဲ့အတွက် တစ်ကယ်ကို increase employment ဖြစ်စေပါတယ်။

 

6) Economic progress

ဆိုတော့….အပေါ်ကပြောခဲ့တာတွေပြန်စဉ်းစားကြည့်ရင် နိုင်ငံအတစ်နိုင်ငံက လူတွေအတွက် ရောင်းအားကောင်းမှုတွေ ၊

အလုပ်တွေ ၊ အမြတ်အစွန်းတွေ Advertising က ဖန်းတီးပေးနိုင်တဲ့အတွက် နိုင်ငံတွေအတွက်သာမက ကမ္ဘာကြီးတစ်ခုလုံးရဲ့ Economic progress ကြီးကိုပါ အကျိုးသက်ရောက်မှုရှိစေပါတယ်။

 

7) Religious and moral benefits

နောက်တစ်ချက်က အစိုးရ ၊ လူမှုရေး နဲ့ ဘာသာရေး အဖွဲ့အစည်းတွေအနေနဲ့လည်း သူတို့ပြောချင်တဲ့ message ကို လူတွေကို Advertising လုပ်သလို

တစ်ချို့နည်းလမ်းတွေနဲ့ လူတွေရဲ့ ကျန်းမာရေး ပညာရေး စတဲ့ လူနေမှုဘ၀တွေ ပိုမိုတိုးတက်ကောင်းမွန်လာအောင်လမ်းညွှန်ပြောပြနိုင်တဲ့အတွက်

ပိုမိုတိုးတက်ကောင်းမွန်တဲ့ လူမှုအဖွဲ့အစည်းဖြစ်လာဖို့အတွက်လည်း ထောက်ပံ့ပေးနေပါတယ်။

Advertising ဟာ Media အမျိုးမျိုးကနေ ပုံစံအမျိုးနဲ့ လူတွေကိုအကျိုးပြုနေပေမယ့် Advertising လုပ်ရတာ တစ်ကယ်ကို စရိတ်စက ကြီးမားပါတယ်။

ဒါပေမယ့်လည်း ရေရှည်ပြန်ကြည့်မယ်ဆိုရင် ကုန်ကျစရိတ်ထက်စာရင် ပြန်ရတဲ့ အကျိုးအမြတ်က တစ်ကယ်ကိုမက်လောက်စရာဖြစ်နေပါတယ်ဆိုတာ ဆွေးနွေးတင်ပြလိုက်ရပါတယ်ခင်ဗျာ...

Recommended for you-ဒီWebsite ၁၀ ခုနဲ့ သင့်ကိုယ်သင် အဆင့်မြှင့်တင်ကြည့်ပါ!

Source; adsinmyanmar

Read times
Rate this item
(1 Vote)