-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင်ဟာ ကျရှုံးမှုတွေကို စွဲလမ်းနေတဲ့သူဖြစ်ကြောင်း ပြောပြနေတဲ့အချက်များ

သင်ဟာ ကျရှုံးမှုတွေကို စွဲလမ်းနေတဲ့သူဖြစ်ကြောင်း ပြောပြနေတဲ့အချက်များ google.com

ကြီးမားတဲ့ စိတ်ကူးယဉ်အိပ်မက်ထဲမှာ ဦးတည်ချက်မရှိ လက်တွေ့လုပ်ဆောင်ချက်မရှိပဲ မျောလွင့် အကျင့်ပါခြင်း

လိုလားချက်တွေ ဆိုတာ အချိန်ကန့်သတ်ချက်မထားရှိပဲ သေချာရေရာတဲ့ ရည်မှန်းချက်ပန်းတိုင်မထားရှိ ဘူးဆိုရင်

အိပ်မက်က အိပ်မက်မျှသာပဲဖြစ်နေမှာ တည်ရှိနေအုန်းမှာဖြစ်ပြီး ဘဝမှာ စိတ် ကူးယဉ်မှု့တွေနဲ့သာပြည့်နက်နေမှာပါ။

နေ့စဉ်နဲ့ အမျှ ကိုယ့်စိတ်ကူး နဲ့ ကိုယ့်ကိုကိုယ် ပြန်လိမ်ညာနေရင်း တစ်ရက်ပြီးတစ်ရက်သာကုန်ဆုံးသွားမှာပါ ..

 

တစ်ပါးသူရဲ့အတွေးအတိုင်းဘဝကိုရှင်သန်ခြင်းမှာအကျင့် ပါခြင်း

ဘဝမှာအရေးကြီးတဲ့အရာတွေ ဆုံးဖြတ်ရတော့မဲ့အခါ တစ်ပါးသူရဲ့ အမြင် အတွေးကို သွားမေးသွားအားကိုး တာတို့ ဒါမှမဟုတ်သူတစ်ပါးကိုအလိုလိုက်ပြီး

ဆုံးဖြတ်ပေးလိုက်ရတာတို့ စတာတွေဟာ..သင့်ကိုသင် စိတ်ဓါတ်ခိုင်မာ အောင်တည်ဆောက်ရတော့ မှာပါ ။

ဘာကြောင့်လဲဆိုတော့ ဘယ်သူမှ သင့်ကိုယ်သင်လောက် သင့်ဘဝအကြောင်းကိုပိုပြီး မသိနိုင်ပါဘူး ။

ဘယ်သူမှ ကိစ္စအကြောင်းအရာအသီးသီးမှာလာပြီး သင်ကိုယ်သင်လောက်ကောင်းအောင် မဆုံးဖြတ်ပေးနိုင်ပါဘူး။

ပြီးရင်ဘယ်သူကမှ ဖြစ်ပေါ်လာမဲ့ ဆိုးကျိုး ကောင်းကျိုးတွေကို သင်ကိုယ်တိုင်ဆုံးဖြတ်လုပ်ကိုင်တာလောက် လာပြီးတာဝန်ယူပေးနိုင်မှာမဟုတ်ပါဘူး။

 

အမှားအယွင်းဖြစ်မှာကို ကြောက်နေရင်းအကျင့်ပါသွားခြင်း

မလုပ်ကိုင်မဆုံးဖြတ်ခဲ့ဖူးတဲ့အရာတွေကို လုပ်ကိုင်တဲ့အခါ သင် အမှားအယွင်းဖြစ်မှာ ကျရှုံးမှာကို စိုးကြောက်နေတတ်ပြီး

တစ်ခါတစ်လေ အကျင့်ပါနေပြီးဦးနှောက်က အကြောင်းပြချက် အသီးသီးတွေရှာပြီးဆင်ချေပေးရင်း

ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှာရင်း အဲ့အရာတွေကိုမလုပ်ဖို့ ရှောင်ရှားတတ်ပြီးဘဝကို comfort zone အောက်မှာတင်နေရင်း ကုန်ဆုံးနေစေတတ်ကြပါတယ်

 

တစ်ပါးသူကိုအပြစ်ပြောရတာမှာ အကျင့်ပါနေခြင်း

တစ်စုံတစ်ရာလုပ်ကိုင်ပြီး မျော်လင့်ထားသလောက်မဖြစ်ထွန်းလာတဲ့အခါ

ဥပမာ လစာမတိုးတာ... bonusမရတာ... အရောင်းစားရင်းအမြတ်မထွက်တာတွေ ကြုံရတဲ့အခါ ကြုံတွေ့လာရတဲ့ အမှားအယွင်းအတွက် တရာခံရှာပါတော့မယ်။

အတူလုပ်ဖော်ကိုင်ဖက်ကိုဖြစ်စေ ...အလုပ်ရှင်ကိုဖြစ်စေ... ဖောက်သည်တွေကိုဖြစ်စေ... ဒါမှမဟုတ်ကမ္ဘာ့စီးပွားရေးကြီးကိုပါ အပြစ်တွေဖွဲ့ပါတော့မယ်။

ရင်ကော့ပြီးအမှားကိုလက်ခံ ပြင်ဆင်ရင်း အမှားအယွင်းကနေသင်ခန်းစာယူပြီး အဲ့အရာကနေ ကိုယ့်ကိုကိုယ်တိုးတက်အောင်လုပ်မဲ့အစား အဲ့အရာတွေကို ယိုးမယ်ဖွဲ့ အပြစ်ပြောရင်း အကျင့်ပါစွဲမြဲနေခြင်းပါ။

 

ကိုယ့်ကိုကိုယ်တိုးတက်မှု့တွေအတွက် ရှာဖွေဖို့ ထက် ပျော်ရွင်မှု့တွေရှာဖွေနေရာမှာ အကျင့်ပါနေခြင်း

အကယ်လို့ သင်၁၀နှစ်အလုပ်လုပ်လာခဲ့တယ်ဆိုပါစို့ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်လိုက်ပါ။

သင်၁၀နှစ်အလုပ်လုပ်လာတဲ့အတွေ့အကြုံရှိသလား?

ဒါမှမဟုတ် ၁၀ ကြိမ်လုပ်လာတဲ့ ၁နှစ်စာအတွေ့အကြုံရှိသလားဆိုတာပါ။

ဘာကြောင့်လည်းဆိုတော့ ၁၀နှစ်စာလုပ်ကိုင်လာတဲ့အတွေ့ အကြုံ တွေဆိုတာ ၁၀ကြိမ်လုပ်လာတဲ့ အတွေ့အကြုံတွေထက် အင်မတန် တန်ဖိုးရှိလွန်းပါတယ်။

သင်ကျောင်းပြီးတော့ ကိုယ့်ကို ကိုယ်ဖွံဖြိုးတိုးတက်အောင် ဈေးကွက်နဲ့လောက ပတ်ဝန်းကျင်ကပါ သင့်ကို တန်ဖိုးထားရအောင်

သင့်ကိုသင် တန်ဖိုးတက်လာအောင် သင်ဘယ်လို ကြိုးစားခဲ့ပြီးပြီလဲ ဆိုတာသင့်ကိုယ်သင် ပြန်မေးပါ။

 

မကောင်းတဲ့ ခင်မင်ပေါင်းသင်းမှု့တွေထဲမှာ သည်းခံနေရင်း အကျင့်ပါနေခြင်း

အကယ်လို့ ဒီကနေထိသင့်ကိုစိတ်ဆင်းရဲအောင် ဝမ်းနည်းရလေအောင် အမြဲတမ်းလုပ်နေတတ်တဲ့ ရည်းစားနဲ့ ချစ်သူနဲ့ ပေါင်းသင်းနေသေးရင်...

သင့်ကို ခေါင်းကိုက်ရလေအောင် စိတ်ညစ်ရလေအောင်အမြဲလုပ်နေတတ်တဲ့ လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းနဲ့ ပေါင်းနေသေးရင်...

သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ နီးစပ်အောင်မလုပ်ပေး မဖြည့်ဆီးပေးနိုင်တဲ့ ကုမ္မဏီမှာ လုပ်ငန်းမှာ လုပ်ကိုင်နေသေးရင်...

သင့်ကို သင်မေးကြည့်ဖူးပါသလား ?ဘာကြောင့် အဲ့လိုသည်းခံပြီးနေနေရသေးတာလည်းဆိုတာ...

အကြောင်းပြချက်က ရွေးချယ်စရာလမ်းမရှိလို့ပါ ဆိုရင်တော့ သင့်ကိုသင် နောက်ထပ်လိမ်ညာနေတာပါပဲ ။

ဘာကြောင့်လဲဆိုတော့ လက်ရှိ သင်ဖြစ်ပျက်နေတဲ့ ဘဝ အခြေအနေတွေဟာ သင့်ဘဝ တစ်သက် သာလုံးဟာ သင် ရွေးချယ်ထားခဲ့တဲ့ အတိုင်းဖြစ်နေတာ မို့လို့ပါပဲ။

 

သင် ဒရမ်မာ ဘဝ ထဲမှာပဲ အကျင့်ပါနေခြင်း

ကိုယ့်ကို ကိုယ် ဇာတ်လိုက်မင်းသားမင်းသမီးတွေလို့ တွေးနေတတ်ပြီး သနားစရာ လောကဓါတ်နဲ့ လူတကာရဲ့ အနိုင်ကျင့်ခြင်းကိုခံနေရရှာတာ

ဘဝကို ကံကြမ္မာစီမံတဲ့အတိုင်း လျောက်လှမ်းနေရတာပါဆိုရင် ခဏလောက်ရပ်ထား စိတ်တံခါးကိုဖွင့်ပြီး အပြင်လောကကြီးကို ခဏလောက် လှမ်းကြည့်လိုက်ပါ။

လူတွေ အများကြီးပဲ သင့်ဘဝအခြေအနေတွေ ထက်ဆိုးဝါးရာကနေ ဘဝကိုစတင် နိုင်ခဲ့ကြတယ်။

ကိုယ့်ဘဝကို တိုးတက်ကောင်းမွန်လာအာင် ပြောင်းလဲပြုပြင်ပစ်လို့ရတယ်။

ဥပမာ Steve Jobs လို ဆင်းရဲသားအလုပ်သမား သားသမီးဘဝကနေ ကမ္ဘာပေါ်မှာ ပိုက်ဆံအများဆုံးရရှိ ပိုင်ဆိုင်တဲ့ Apple ကုမ္မဏီ ကြီးကို တည်ထောင်သူဖြစ်လာခဲ့တယ်။

J.K. Rolling လို ယောက်ျားက စွန့်ပစ်ထားခဲ့တာခံရပြီး ဘဝပျက်လုအခြေအနေနဲ့ သားသမီးကိုတစ်ယောက်တည်းကျွေးမွေးခဲ့ရာကနေ

Harry Potter စာအုပ်ကိုရေးသားပြီး ကမ္ဘာပေါ်မှာထင်ပေါ်ကျော်ကြားလာပြီး အင်္ဂလန်နိုင်ငံမှာ အချမ်းသာဆုံးအမျိုးသမီးဖြစ်လာနိုင်ခဲ့တယ်။

 

သင်အကျိုးမဲ့စွာ သုံးစွဲခြင်းမှာ အကျင့်ပါနေခြင်း

ဘယ်လောက်တောင်များ ကြာမြင့်လာနေခဲ့ပြီလဲ..?

တစ်လပြီးတစ်လ လချင်းလတိုက်ပြီး အနာဂါတ်အတွက် ဘာမှ မရင်းနှီးမမြုတ်နှံပဲ ရရကုန်ကုန် သုံးစွဲလာနေခဲ့တာ ..

ခဏတာပျော်ရွင်ပြီး တစ်သက်လုံးပင်ပန်းဆင်ရဲ ခံသွား မှာလား?

ခဏတာ ပင်ပန်းဆင်းရဲခံပြီး တစ်သက်လုံးအေးချမ်းပျော်ရွင်သွားမှာလား ဆိုတာ သင်ရွေးချယ်လို့ရနိုင်ပါတယ်။

ဟုတ်ပါတယ် ..သင် သင်ရွေးချယ် လို့ရပါတယ် ..သင် ရွေးလည်းရွေးချယ်နေခဲ့ ပါတယ်။

 

ကိုယ့်ကိုကိုယ်တိုးတက်အောင်လုပ်ရကောင်းမှန်းမသိတဲ့သူတွေနဲ့ ပေါင်းသင်းနေရတာမှာ အကျင့်ပါနေခြင်း

သင့်ဘဝအခြေအနေဟာ သင်ပေါင်းသင်းနေတဲ့ လူ ၅ ယောက်ရဲ့ ပျမ်းမျှဘဝ အခြေအနေ အတိုင်းဖြစ်နေတတ်ပါတယ်တဲ့ – Jim Rohn

သင်သတိထားကြည့်မိမယ်ဆိုရင် သင်တွေ့ရမှာက မအောင်မြင်တဲ့သူတွေဟာ အများအားဖြင့် သူတို့ အချိန်တွေကို မအောင်မြင်တဲ့သူတွေနဲ့ပဲ အချိန်ပေးနေလေ့ရှိပြီး

အောင်မြင်တဲ့သူတွေကျတော့လည်း အောင်မြင်ပြီးသားသူတွေနဲ့သာ ပေါင်းသင်းဆက်ဆံ နေတတ်ကြပါ တယ် ။

ဘယ်လိုလူတွေနဲ့ သင်အချိန်ပေးပြီးနေရမလဲ ဆိုသာသင်ရွေးချယ်လို့ ရနေတာပဲ။

 

ကံကောင်းတဲ့ သူတွေကသာအောင်မြင်ကြီးပွားနိုင်တာလို့ တွေးရာမှာအကျင့်ပါနေခြင်း

သင်အမြဲတွေးနေတတ်တာက အောင်မြင်ကြီးပွားတဲ့ သူတွေဆိုတာ သင့်မှာမရှိတဲ့အားသာချက်တွေ တစ်စုံတစ်ရာကိုပိုင်ဆိုင်နေကြလို့ရယ်လို့ တွေးနေတတ်ခြင်းပါ။

ဥပမာ သူ့မှာ အခြေခံကောင်းတာ ပညာရေးမြင့်မားနေတာ နောက်ဆုံးအနေနဲ့ ကံကိုကကောင်းနေတာ စသဖြင့် တွေးနေပြီးတော့...

သင်စိတ်မဝင်စားတာ မတွေးတာက အဲ့ဒီလူတွေဟာ ကိုယ့်ကိုကိုယ်တိုးတက်မြင့်မားအောင် အချိန်တွေယူပြီးလေ့ကျင့်နေခဲ့တယ်ဆိုတာရယ်...

မှားလိုက်မှန်လိုက်နဲ့ အကြိမ်ကြိမ်လဲကျရာကနေ ပြန်ထနိုင်အောင်နောက်ကွယ်မှာ ဘယ်လို ကြိုးစားခဲ့ ကြတယ်ဆိုတာတွေပါပဲ။

ဒီတော့ ကျန်နေသေးတဲ့ဘဝမှာ သင်အရင်အတိုင်း ရေလိုက်ငါးလိုက်နဲ့မျောပါနေမှာလား?

သင့်ဘဝမှာလိုအပ်နေတဲ့ အရာတွေအတွက် သင့်မိဘတွေအတွက် သင်ချစ်ခင်ရတဲ့ သူတွေအတွက် ဘဝကို အသစ်စတင်ပြောင်းလဲပြီးတော့

ပိုကောင်းမွန်တဲ့ဘဝကို တည်ဆောက်မလားဆိုတာကတော့ သင့်အပေါ်မှာပဲ မူတည်နေပါတယ် ခင်ဗျာ...

အရာရာတိုင်းက သင့် အတွက်ဖြစ်နိုင်ပါတယ် ...

ကိုယ်ကသာ ရွေးချယ်မလားဆိုတာ မူတည်သွားတာပါ...

Recommended for you-သင်လိုချင်တာတွေရဖို့ ခက်ခဲနေတာလား?

Credit; Original Writer

Read times
Rate this item
(5 votes)