-->
×

Warning

JUser: :_load: Unable to load user with ID: 29


လုပ်ချင်တာထက် လုပ်သင့်တာကို လုပ်ပေးလိုက်ပါ

လုပ်ချင်တာထက် လုပ်သင့်တာကို လုပ်ပေးလိုက်ပါ Google

လုပ်နေကျထက် ကျော်လွန်အောင် လုပ်ဆောင်ခြင်းဟာ စားသုံးသူ စိတ်ကျေနပ်မှု တိုးတက်စေဖို့အတွက် တစ်ခါတစ်ရံမှာ လုပ်ဆောင်ပေးပါတယ်။

လုပ်သင့်သည်ကို လုပ်ဆောင်ခြင်းဟာ အဆင်ပြေပေမဲ့ မျှော်လင့်မထားတဲ့ဝန်ဆောင်မှုတွေဟာ အလွန့်အလွန်ကောင်းမွန်သော ရလဒ်တွေအတွက် လုပ်ဆောင်ပေးနိုင်ပါတယ်။
ကျွန်တော်သွားခဲ့တဲ့ ခရီးတစ်ခုက နေပြီးတော့ ဖောက်သည် စိတ်ကျေနပ်မှု တိုးတက်စေဖို့လိုအပ်ချက်နဲ့ပတ်သတ်တဲ့ ဥပမာကောင်းတစ်ခုကို ရခဲ့ပါတယ်။
လန်ဒန်မှာရှိတဲ့ ခေတ်မီ ပြီး ဈေးအနည်းငယ် မြင့်မားတဲ့ဟိုတယ်မှာ တည်းခိုခဲ့ပါတယ်။
ထိုဟိုတယ်မှာရှိတဲ့ ဧည့်ကြို တစ်ယောက်ထံသို့ စာအုပ်အထပ်လိုက်ကို ယူလာကာ ကျွန်တော်က "စင်ကာပူမှာ ရှိတဲ့ ကျွန်တော့်အိမ်ကို ဒီစာအုပ်တွေပို့ဖို့အတွက် ဘယ်လောက်ကုန်မလဲ" လို့ ထိုသူကို မေးလိုက်ပါတယ်။
ညနေဘက်မှာ အကြောင်းပြန်မယ့်အကြောင်းကို သူက ကတိပေး ပြောဆိုပါတယ်။
ကျွန်တော်လည်း ဖောက်သည် စိတ်ကျေနပ်စေဖို့အတွက် လုပ်ဆောင်မှုနဲ့ပတ်သတ်ပြီး ကျေနပ်ကာ ပြုံးပြပြီး ထွက်ခွာခဲ့ပါတယ်။
နေ့လည်ဘက် ပြန်လာတဲ့အခါမှာတော့ ထိုသူက ကျွန်တော့်ကို စာအုပ်ပြန်ပေးပြီး "သုံးဆယ့်နှစ်ပေါင် ငါးဆယ်ဆင့်" ကျမယ်လို့ ပြောဆိုပါတယ်။
ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်လို့ ပြောဆိုပြီး ကျွန်တော့်အခန်းကိုပဲ ပြန်လာခဲ့လိုက်ပါတယ်။
ကျွန်တော် သူ့ကို ပြုံးမပြခဲ့ရုံသာမက tip လည်း မပေးခဲ့တဲ့အပြင် ဖောက်သည်စိတ်ကျေနပ်မှု တိုးတက်ဖို့အတွက် လိုအပ်ချက် ရှိနေပြီဆိုတာကို မြင်လိုက်ရပါတယ်။
နောက်တစ်နေ့မနက်မှာတော့ ကျွန်တော် ဧည့်ကြိုကောင်တာနေရာကို ပြန်ရောက်လာခဲ့ပါ တယ်။
ကျွန်တော်ကို အသက်ကြီးပြီး တမူထူးခြားတဲ့ ဧည့်ကြိုတစ်ယောက်က ကြိုဆိုပြီး "ကျွန်တော် ဘာများကူညီပေးနိုင်မလဲ"လို့ မေးတာခံလိုက်ရပါတယ်။
ကျွန်တော် က မနေ့ကပြောခဲ့တာတွေကို ပြန်ပြောပြပြီးတော့ စာတိုက်ဆီကို သွားရမယ့် လမ်းညွှန်ကို မေးလိုက်ပါတယ်။
သူက ကျွန်တော့်ကို "ဒါက အရေးကြီးတဲ့ package ပါလား" လို့ ပြန်ပြီးတော့ မေးပါတယ်။
ကျွန်တော်ကလည်း "အရေးကြီးတယ်တော့ မဟုတ်ပါဘူး။ စင်ကာပူကိုမပြန်ခင် ဒီမှာ ရှစ်ရက်လောက် ပိုနေသွားချင်လို့ပါ" လို့ ပြန်ပြောလိုက်ပါတယ်။
အဲ့ဒီအခါမှာ သူက "ဒီလိုဆိုရင်တော့ မောင်ရင့်အတွက် ကျွန် တော် စုံစမ်းမှုအနည်းငယ် ပြုလုပ်ပြီးရင် ရတဲ့ အဖြေကို ဒီနေ့မကုန်ခင် ပြန်ပြောပေးပါ့မယ်"
လို့ ဖြေလိုက်ပါတယ်။
ကျွန်တော်လည်း သဘောတူလိုက်ပါ တယ်။

ဒါပေမယ့် မပြုံးပြတော့ပါဘူး။
Tipလည်း မပေးတော့ပါဘူး။
သို့သော်လည်း ဖောက်သည်စိတ်ကျေနပ်မှု တိုးတက်စေဖို့အတွက် ကြိုးစားမှုကိုတော့ အရမ်းကိုစိတ်ဝင်စားမိပါတယ်။
ညနေဘက် ကျွန်တော်ပြန်ရောက်တဲ့အချိန်မှာတော့ အသက်ကြီးနေပြီးဖြစ်တဲ့ ဧည့်ကြိုထံမှ ဖောက်သည်စိတ်ကျေနပ်မှုတိုးတက်အောင် ဘယ်လိုလုပ်ဆောင်မယ် ဆိုတာကို ပြသနေတဲ့ စာမျက်နှာ နှစ်မျက်နှာပါတဲ့ စာတစ်စောင်က

ကျွန်တော့်အခန်းထဲမှာ စောင့်နေပါတယ်။
စာထဲမှာတော့ အောက်ပါအတိုင်း ရေးသားထား တာ တွေ့ရပါတယ်။
ချစ်ခင်ရပါသော Mr.Kaufman,
ကောင်းမွန်သော နေ့တစ်နေ့ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
သင့်စာအုပ်တွေကို စာတိုက်ကနေတစ်ဆင့် ပို့မယ်ဆိုရင် သုံးဆယ့်နှစ်ပေါင် ငါးဆယ်ဆင့် ကျပြီး ၇ ရက်ကနေ ၁၀ ရက် အထိ ကြာနိုင်ပါတယ်။
စာတိုက်က ဟိုတယ် ကနေ ကျွန်တော့်အိမ်ကို ပြန်တဲ့ လမ်းမှာ ရှိတဲ့ အတွက် သင်ဆန္ဒရှိမယ်ဆိုရင် သင့်စာအုပ်တွေကို မနက်ဖြန်မှာ ယူသွားပေးနိုင်ပါတယ်။
၁၀၀ ရာခိုင်နှုန်း အာမခံအတွက် ၅ပေါင် ကျမှာဖြစ်ပြီး မှတ်ပုံတင်တာအတွက် ၃ ပေါင် ကျသင့်မှာ ဖြစ်ပါတယ်။
အကယ်၍ သင့်စာအုပ်တွေက အဖိုးတန်တယ်ဆိုရင် နှစ်ခုစလုံး လုပ်ဆောင်ဖို့ အကြံပေးလိုပါတယ်။
ဈေးနှုန်းသက်သာတာကို ပိုပြီးတော့ နှစ်သက်မယ်ဆိုရင်တော့ ပင်လယ်ရေကြောင်းကနေ တစ်ဆင့်ပို့ရင်လည်း ရပါတယ်။
ကုန်ကျစရိတ်ကတော့ ၈ ပေါင် ၂၅ ဆင့်ပဲ ကျမှာဖြစ်ပြီး လေးပတ်ကနေ ခြောက်ပတ်အထိ ကြာနိုင်ပါတယ်။
သို့သော်လည်း သင်္ဘောနဲ့ပို့မယ်ဆိုရင်တော့ အာမခံနဲ့ မှတ်ပုံတင်တာတို့ မရနိုင်ပါဘူး။
သင့်စာအုပ်တွေက အဖိုးတန်တယ်ဆိုရင်တော့ ကျွန်တော့်အနေနဲ့ ဒီနည်းလမ်းကို မရွေးစေလို ပါဘူး။
စင်ကာပူမှာရှိတဲ့စာတိုက်က သင့်ပါဆယ်ကို ပို့ဖို့အတွက် တစ်ကြိမ်တော့ ကြိုးစားမှာပါပဲ။
အကယ်၍ သင်သာ အဲဒီအချိန် အိမ်မှာမရှိဘူး ဆိုရင်တော့ သူတို့က မှတ်ချက်ရေးထားခဲ့မှာဖြစ်ပြီး သင်အဆင်ပြေတဲ့အခါ စာတိုက်မှာ သင်ကိုယ်တိုင်သွားရွေးရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ သင့်အတွက် အရမ်းအဆင်ပြေမယ်မထင်ပါဘူး။
ဒါကြောင့် ကျွန်တော်က နိုင်ငံတကာပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုကို အသုံးပြုဖို့ ဆက်သွယ်စေချင်ပါတယ်။
ဈေးနှုန်းပိုင်းမှာ အဆင်ပြေတဲ့အပြင် သင့်စာအုပ်တွေကို ၃ ရက်ကနေ ၄ ရက်အတွင်း ရောက်အောင် ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
အကယ်၍ သင် အိမ်မှာ မရှိဘူးဆိုရင်လည်း သူတို့က မှတ်ချက်လေးရေးပြီး ထားခဲ့ပေးမှာပါ။
ဒါပေမဲ့ မတူညီတာက သူတို့က သင်အဆင်ပြေတဲ့အချိန်မှာ သင့်အိမ်ကိုလာပြီးပို့ပေးမှာ ဖြစ်ပါတယ်။
ဒီဝန်ဆောင်မှုကို သုံးမယ်ဆိုရင် လေး ဆယ့်နှစ်ပေါင် ကျသင့်မှာ ဖြစ်ပါတယ်။
အဲ့ဒီထဲ မှာ အာမခံကြေးတို့၊ မှတ်ပုံတင်ကြေးတို့ပါပြီးသားဖြစ်ပါတယ်။
တကယ်လို့ သင်္ဘောနဲ့ပို့မယ် ဆိုရင် သင်အနေနဲ့ သင့်စာအုပ်တွေကို သေချာထုတ်ဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့က သင့်အတွက် အဲ့သလိုထုပ်ပိုးပေးဖို့ ကူညီချင်ပါတယ်။
Mr.Kaufman ခင်ဗျာ။
ကျွန်တော့်ရဲ့စာဟာ သင့်စာအုပ်တွေကို စင်ကာပူသို့ ဘယ်လိုပို့ရင် ကောင်းမလဲလို့ စဉ်းစားတဲ့နေရာမှာ အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်မိပါတယ်။
ကျွန်တော်တို့ဆီမှာ တည်းခိုတဲ့အတွက် အရမ်းကိုပဲ ပျော်ရွှင်ကျေနပ်မိပါတယ်။
နောက်ပြီး သင့်ကို အခုလို ကူညီခွင့်ရတဲ့အတွက်လည်း အရမ်းကို ကျေနပ်မိပါတယ်။

သင့်၏ သစ္စာရှိလှစွာသော
ဧည့်ကြို

မနက်မှာတော့ ကျွန်တော်ဟာ ဧည့်ကြို ကောင်တာကို သွားခဲ့ပြီး ကျွန်တော် ဖြစ်စေ ချင်တာကို အဲ့ဒီအသက်ကြီးကြီးဧည့်ကြိုကို ပြော ခဲ့ပါတယ်။
နောက်ပြီး ကျွန်တော်သူကို ပြုံးပြခဲ့ပါတယ်။
နောက်ပြီး tip အများကြီးလည်း ပေး ခဲ့ပါတယ်။
သူက ဖောက်သည် စိတ်ကျေန် မှု တိုးတက်အောင် ဘာတွေ လိုအပ် တယ်ဆိုတာ ကို သေချာသိတဲ့လူပဲ ဖြစ်ပါတယ်။

ဖောက်သည်ဝန်ဆောင်မှု အရည်အသွေးအတွက် သင်ကြားရမည့် အဓိကအချက်

မျှော်လင့်ချက်နဲ့ စိတ်ကျေနပ်မှု၊ မေးခွန်း ကို ဖြေတာနဲ့ ပြဿနာကို ဖြေရှင်းတာ၊ လိုအပ်တာကို လုပ်တာနဲ့ ဆုံးဖြတ်ထားတဲ့အတိုင်းလုပ်တာတို့ဟာ အရမ်းကိုကွာခြားမှုရှိပါတယ်။
အဲ့ဒီ ကွာခြားမှုတွေဟာ ဖောက်သည် စိတ်ကျေနပ်မှု တိုးတက်စေဖို့အတွက် လုပ် ဆောင်ဖို့ လိုအပ်တာတွေပဲ ဖြစ်ပါတယ်။

ဖောက်သည် စိတ်ကျေနပ်မှု တိုးတက်စေဖို့အတွက် လုပ်ဆောင်ရမည့်အဆင့်များ

ဖောက်သည် စိတ်ကျေနပ်မှုတိုးတက်စေဖို့ သင်ကူညီနိုင်မယ့် နယ်ပယ်တွေကို ရှာကြည့်ပါ။
ဖောက်သည် စိတ်ကျေနပ်မှုတိုးတက်စေဖို့ အတွက် နည်းလမ်းရှာဖွေပါ။
ပိုပြီးတော့ ကူညီနိင်အောင်၊ သတင်းပေးနိုင်အောင်၊ စဉ်းစားနိုင်အောင်၊ ပညာပေးနိုင်အောင်နဲ့ အဆင်ပြေအောင် သင်ဘယ်လို လုပ်ပေးနိုင်မလဲ။
သူတို့ ရဲ့ ဘဝတွေ ပိုပြီးတော့ လွယ်ကူလာအောင်၊ ချောမွေ့လာအောင်၊ ပိုပြီးတော့ သက်သောင့် သက်သာဖြစ်အောင် ဘယ်လို လုပ်ပေးနိုင်မလဲ။
တခြားလူတွေ ဘာတွေမေးနေကြသလဲဆိုတာ နားထောင်ပါ။
ပြီးတော့ သူတို့ လိုချင်တာထက် ပိုပြီးတော့ ပေးလိုက်ပါ။

Source: up your service Kon Hoffen.

Read times
Rate this item
(1 Vote)