-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဘ၀ထဲမှ ဂိမ်းများ

ဘ၀ထဲမှ ဂိမ်းများ Google

ဂိမ်းကစားသူ အဖို့ ကီးဘုတ်၊ မောက်စ်၊ ဂျိုင်းစတစ်စတာ တွေနဲ့ ကစားနေကြရတော့ ဂိမ်းကစားနေတာပါ လားဆိုတဲ့ အသိကို ပေးနေပါတယ်။

နောင်တစ်ချိန်မှာ စိတ်နဲ့ အမိန့်ပေးစေခိုင်းပြီး ဂိမ်းကစားကြ ရတော့မှာ ဖြစ်ပါတယ်။
အဲဒီအခါကျရင် ဂိမ်း ကစားနေတာကို မေ့နေနိုင်ပါတယ်။
တစ်ချိန်တုန်းက ရုပ်ရှင်တွေ၊ သိပ္ပံစိတ်ကူး ယဉ်ဇာတ်လမ်းတွေထဲမှာ ဖော်ပြခဲ့တာတွေ လက်တွေ့အကောင်အထည်ပေါ်လာကြတာ တော်တော်များနေပြီ။
ဒစ်ဂျစ်တယ်နည်းပညာနဲ့ ကိရိယာတွေက မိုးပျံအောင် အပျံစားတွေ ဖြစ်လာနေကြပြီး တိမ်တွေပေါ်ကနေ ပြန်မဆင်းကြတော့ဘူး။
အရင်တလောက ခေါင်းဆောင်းကိရိယာတစ်မျိုးကို စမ်းသပ်ထုတ်လုပ်ခဲ့တာမှာ အဲဒီကိရိယာက သူ့အောက်မှာ ရှိနေတဲ့ ဦးနှောက်ထဲ ဘာလုပ်ဖို့ အမိန့်ပေးစေခိုင်းတယ်ဆိုတာကို သိနိုင်စွမ်းရှိတယ်။
ခေါင်းဆောင်းနဲ့ ချိတ်ဆက်ထားတဲ့ ကွန်ပျူတာမှာ ဖော်ပြပေးနေတယ်။
ဘာကိုခိုင်းဖို့ စဉ်းစားလိုက်သလဲဆိုတာ ဒက်ထိမှန်အောင် ပြန်ပြောပြနိုင်တယ်။
အဲဒီသတင်းကို လိုက်ရှာကြည့်တော့ အဦးဆုံး စမ်းသပ်ခဲ့တာ ၂၀၀၆ ခုနှစ်ကပါတဲ့။
အဲဒါ ဆော့ဖ် ဝဲလ် ထုတ်လုပ်သူတွေရဲ့ စကားနဲ့ ပြောရရင် ဗားရှင်း ၁.၀ ဖြစ်ပါတယ်။
အခု ဗားရှင်း ၃ လောက်ကို ရောက်နေပြီ။
ဗားရှင်း ၅ လောက်ဆို ရင် အသာကလေးတွေးပေးပြီး ဂိမ်းကစားလို့ ရတဲ့ ခေါင်းဆောင်းအပေါ့စားတွေ ထုတ်နိုင်လောက်တယ်။

အကဲစမ်းခြင်းနဲ့ လျှို့ဝှက်ဆန်းကြယ်

ဂိမ်းတွေထဲမှာ ကစားသူကို အကဲစမ်းတာတွေ ထည့်ပေးထားတယ်။
ကစားသူက ကစားရင်း မှတ်ကျောက်တိုက်ခံရတယ်။
ရွှေ စစ်မစစ် အစစ်ခံရတယ်။
အကဲစမ်းထားတာကို ကျွမ်းကျင်သွားလို့ပဲဖြစ်ဖြစ်၊ ကံသီလို့ပဲဖြစ်ဖြစ် အနိုင်ရသွားတယ်၊ ပြီးစီးအောင်မြင်သွားတယ် ဆိုရင် ငါလုပ်လို့ရတယ်ဆိုတဲ့ ကျေနပ်အားရခြင်း ဖြစ်ပေါ်ပါတယ်။
အဲဒီ အရသာအပြင် လျှို့ဝှက်ဆန်းကြယ်တာတွေ၊ ပဟေဠိ ဉာဏ်ကစားရတာတွေကိုလည်း ရောမွှေထည့်ပေးထားပါသေးတယ်။
အဲဒါမှ ကျေနပ်အားရ ဖြစ်မိရတာ အပြင်းစား ဖြစ်နေစေမယ်။
အကဲစမ်းတာတွေ တစ်ခါပြီးတစ်ခါ ထပ်ခါထပ်ခါ လာနေတာကို ရင်ဆိုင်တယ်။
အောင်မြင်တယ်။ ကျေနပ်အားရ ဖြစ်တယ်။ ဆုရတယ်။ အဲဒီပုံစံနဲ့ သွားပါတယ်။
ဂိမ်းတစ်လျှောက်မှာ ကစားသူအနေဖြင့် တိုးတက်လာဖို့လိုတယ်။ ပိုတော်လာဖို့ လိုတယ်။ ဂိမ်းရဲ့ အထာကို ပိုသိလာဖို့ လိုတယ်။ ပိုတတ်လာဖို့ လိုတယ်။
နို့မို့လို့ရှိရင် သူသေရပြီ။ ဂိမ်းအိုဗာဖြစ်ပြီ။ ဒုံရင်းဒုံရင်းကို ပြန်ရောက်သွားပါလိမ့်မယ်။
လက်တွေ့ဘ၀မှာလည်း စာမေးပွဲဆိုတာတွေက အကဲစမ်းတာတွေ၊ မှတ်ကျောက်တင် ကြည့်တာတွေ ရှိပါတယ်။
လူတစ်ဦးအဖို့ တိုးတက်မှုတွေ အမြဲရနေဖို့ လိုပါတယ်။
နို့မို့လို့ရှိရင် ရှင်လျက်နဲ့ သေနေရသူ ဖြစ်နေမယ်။ ဘဝအသေကြီးနဲ့ ရှင်နေတဲ့သူ ဖြစ်နေမယ်။
ဂိမ်းမှာ ဆက်လက်ကစားနေနိုင်ဖို့အတွက် ကစားသူမှာ တိုးတက်မှုတွေ ရရှိနေဖို့ လိုအပ်ပါ တယ်။ နို့မို့လို့ကတော့ ရှုံးထွက်ပဲ။
တခြားသူတွေ နဲ့ တွဲပြီး ကစားကြရတဲ့ ဂိမ်းတွေမှာ ကိုယ်သိတာ ကိုယ်တတ်တာကို မသိသေးတဲ့သူ သိအောင် ပြောပြပေးကြရတယ်။ ပညာ မျှဝေကြရတယ်။
အဲဒီနည်းနဲ့ တိုးတက်မှုကို မြန်ဆန်အောင်လုပ် ကြတယ်။
လက်တွေ့ဘ၀ရဲ့ လုပ်ငန်းခွင်မှာလည်း အလားတူ မျှဝေမှုတွေ ဝေဆာနေရင် အဲဒီဌာန ရဲ့ လူအရင်းအနှီး (human capital) တက်တဲ့ နှုန်း မြန်ဆန်ပြီး ကြီးမားပါလိမ့်မယ်။
အထက်မှ အောက်၊ အောက်မှအထက်၊ အဆင့်တူချင်း လျှံထွက်မျှဝေခြင်းတွေ ရှိနေအောင် လုပ်ပေး ထားဖို့ လိုအပ်ပါတယ်။
အကဲစမ်းခြင်းနဲ့ ပဟေဠိတို့ဖြင့် ဂိမ်းကစား သူကို ပုံမှန်အားဖြင့် ၁၀ နာရီကနေ အစွဲကြီးစွဲ သွားပြီး နာရီပေါင်း ရာချီအောင် ကစားတဲ့အထိ လုပ်ထားတယ်။
အဲဒီလို စွဲသွားသူအဖို့ ဂိမ်း ကစားရုံ ကစားတာ မဟုတ်တော့ဘူး။ ဂိမ်းထဲမှာ သူ ပိုပိုတော်အောင် ကစားနေတာ ဖြစ်နေတယ်။
Valve ရဲ့ Counter Strike ဆိုတဲ့ဂိမ်းဟာ အကောင်းဆုံး ဥပမာပါပဲ။

ရူးတဲ့စိတ်ကူး

ဂိမ်းထုတ်လုပ်တဲ့လောကမှာ ပြောနေကျစကားရှိပါတယ်။
ပန်းကန်တွေ တစ်ထပ်ကြီးကို ဆေးပြီးရင်း ဆေးနေရတဲ့ ဂိမ်းဆိုရင် ကစားချင်သူ မရှိသလောက် ရှားပါတယ်တဲ့။
အဲဒီလိုပဲ အ၀တ်အစားတွေ တစ်ထပ်ကြီးကို မီးပူတိုက်ပြီးရင်း တိုက်နေရတဲ့ ဂိမ်းဆိုရင်လည်း ကြာကြာကစားမယ့်သူရှိမှာ မဟုတ်ဘူး။
အလုပ်ဖြစ်တဲ့ ဂိမ်းမျိုးက စိတ်ကူး ရှိနေတာကို လုပ်ကိုင်လို့ရတာမျိုးတွေ ဖြစ်ပါတယ်။
လေယာဉ်မောင်းချင် တဲ့ စိတ်ကူးရှိနေတဲ့သူတွေအတွက် လေယာဉ်ပျံပိုင်းလော့အဖြစ် လုပ်ကိုင်လို့ရတဲ့ဂိမ်းမျိုးကို ဆိုလိုပါတယ်။
ပြိုင်ကားပြိုင်ပွဲမှာ ၀င်ပြိုင်တဲ့ဂိမ်း မျိုးကို ဆိုလိုပါတယ်။ စစ်သည်တစ်သောင်းကို ဦးဆောင်ပြီး တိုက်ရတဲ့သူအဖြစ် ကစားရတဲ့ဂိမ်း မျိုးကို ဆိုလိုပါတယ်။
တကယ့်လက်တွေ့ဘဝမှာ ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့ စိတ်ကူးတွေကို လုပ်ခွင့်ရသွားစေတဲ့ ဂိမ်းတွေကို ဆိုလိုပါတယ်။
ဒါပေမဲ့ စိတ်ကူးယဉ်တာကို ဂိမ်းအဖြစ် ကစားတဲ့အခါ ပျင်းရိစရာကောင်းနေလို့တော့ မဖြစ်ဘူး။
ရှိပြီးသား စိတ်ကူးယဉ်ထားတာကို ထပ်ပြီးစိတ်ကူးယဉ်လို့ ရသွားအောင် လုပ်ပေးထားဖို့ လို တယ်။
ဒါမှ ဆက်ကစားချင်မိနေမှာ ဖြစ်ပါတယ်။ ထပ်ခါထပ်ခါ ကစားမိနေမှာ ဖြစ်ပါတယ်။
အဲဒါအပြင် ကစားရင်း တတ်ကျွမ်းမှုရရှိ သွားဖို့လည်း လိုပါတယ်။
လက်တွေ့ဘ၀များစွာမှာလည်း အခါအားလျော်စွာ စိတ်ကူးယဉ်ခွင့်တွေ ရရှိနေဖို့ လိုပါ တယ်။
နို့မို့ဆိုရင် ငြီးငွေ့ခန်းခြောက်နေမယ်။ လုပ်ရင်းကိုင်ရင်း တတ်သိသွားတာကလေးတွေ ရရှိနေဖို့လည်း လိုပါတယ်။
အခါအားလျော်စွာ တိုးတက်မှုတွေ ရရှိနေဖို့လည်း လိုပါတယ်။
ဘာဆိုဘာမှထပ်ပြီး မထူးနိုင်တော့တဲ့ အခြေအနေမျိုးမှာ နည်းနည်းကြာလာတဲ့အခါ လုပ်ချင်ကိုင်ချင်စိတ် လျော့ကျသွားမယ်။
ဝတ်ကြေတန်းကြေ တွေ လုပ်နေမိမယ်။
တစ်နည်းပြောရရင် လက် ရှိဘ၀မှာ ကစားနေရတဲ့ ဂိမ်းကို ပျင်းပျင်းရိရိနဲ့ ကစားနေတာ ဖြစ်ပါတယ်။

အစွယ်အပွားဆုများ

အကဲစမ်းတာတွေနဲ့ သာလွန်ခြင်းတွေနဲ့ အတူ အစွယ်အပွားဆုတွေ ကစားသူအားတက်အောင် ပေးတဲ့အစီအစဉ်တွေကိုလည်း ဂိမ်းထဲမှာ ပုံစံအမျိုးမျိုးဖြင့် ထည့်ပေးထားပါတယ်။
ဂိမ်းအထာကို သင်ယူတတ်မြောက်တာ တွေတတ်ကျွမ်းမှုအသစ် တိုးတာတွေဟာ အစွယ်အပွားဆုစာရင်းအောက်မှာ ပါပါတယ်။
တစ်ခုခုကို ဟန်ကျအောင် လုပ်ပေးလိုက်လို့ တစ်ခုခု ဆုရလိုက်တာ၊ ပါဝါတိုးသွားပြီး စွမ်းရည်မြင့်တက်သွားတာတွေဟာလည်း အစွယ်အပွားဆုတွေပါပဲ။
ရမှတ်တိုးသွားတာဟာလည်း အစွယ်အပွားဆုပါပဲ။
ရမှတ်တွေဟာ ကိန်းဂဏန်းတွေဆိုပေမဲ့ အရေးပါပါတယ်။
အမှတ်ပေးတာကို ပေါ့ပေါ့ဆဆ ပေးလို့ မရဘူး။
အပေးမှားရင် ဂိမ်းကစားတဲ့သူကို ဒေါသအမျက်ထွက်စေပါတယ်။
ခက်ခက်ခဲခဲကြီးတွေ လုပ်ရပြီးရလာတဲ့ အမှတ်က မပြောပလောက်ဘူး ဖြစ်နေရင် ဂိမ်းကစားတဲ့သူဒေါပွတာ သဘာဝကျပါ တယ်။
လက်တွေ့ဘဝများစွာမှာလည်း ချီးကျူး လိုက်တာတွေ၊ အားပေးအားမြှောက်ပြုတာတွေ ဟာ အဆွယ်အပွား ဆုချတာတွေဖြစ်ပြီး ပေါ့ ပေါ့ဆဆ လုပ်လို့မရဘူး။ တကယ်ကို အလေး အနက်ထားပြီး ဂရုတစိုက် လုပ်ပေးဖို့ လိုပါ တယ်။ ကိုယ့်အပေါ် မကျေမချမ်းဖြစ်သွားနိုင်ပါ တယ်။ လူတွေက ကျောသပ်ပေးတာကို ကြိုက် ကြပါတယ်။ ကျောချခံရတာကိုတော့ မနှစ်မြို့ ကြပါဘူး။ ကျောချမှ ဓားပြမှန်းသိ ဖြစ်ရတာကို မလိုလားကြပါဘူး။ အားထုတ်ကြိုးစားထားတာ တွေအတွက် ထိုက်ထိုက်တန်တန် မရရင် ကျောချခံရပြီလို့ သဘောပေါက်လိုက်ကြပါ တယ်။ ကိုယ့်ရမယ့်ဟာကို ကုမ္ပဏီက အေးဓား ပြတိုက်သွားပြီလို့ ယူဆကြပါတယ်။
ဂိမ်းမှာ ကျောသပ်ပေးတဲ့ တုံ့ပြန်ချက်တွေ ထည့်သွင်းပေးထားကြပါတယ်။ အချိန်ကိုက်ပြီး ကျောသပ်ပေးနေတယ်။ ဒီနည်းကို လျှော့တွက် လို့ မရဘူး။ တကယ်အလုပ်ဖြစ်တဲ့နည်း ဖြစ်ပါ တယ်။

ရှေးခေတ်တုန်းက စစ်ပွဲနိုင်ရင် အောင်ပွဲခံ ကြတယ်။ မီးရှုးမီးပန်းတွေ ဖောက်ကြတယ်။ အဲဒါမျိုးကို အောင်ပွဲခံပြီး ဂိမ်းပြီးဆုံးသွားချိန်မှာ ထည့်ပေးထားကြတယ်။ တုံးတိကြီး ပြီးလိုက်လို့ မရဘူး။
အောင်မြင်တဲ့အရသာကို အရှိန်တင် ပေးရပါတယ်။
လက်တွေ့ဘဝများစွာမှာလည်း အောင်နိုင် သူအတွက် လက်ခုပ်သြဘာသံတွေ လိုအပ်ပါတယ်။
ဒီတော့ လက်ခုတ်သြဘာပေးဖို့ မပျက်ကွက်မိစေနဲ့။ လက်ခေါက်မှုတ်ပြီး အားပေး လိုက်စမ်းပါ။ လုပ်ငန်းခွင်မှာ ချီးမွမ်းစရာ ရှိရင် လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်ပါ။

ဆုပေးတဲ့စနစ်နဲ့ ဂိမ်မာကို ထိန်းကျောင်း ပေးတာမျိုးလည်း ရှိတယ်။
ဘယ်လိုမျိုး လုပ်လိုက်ရင် ဆုရမယ်။ ဘယ်လိုမျိုး လုပ်ရင် ဂိမ်းမှာ ရှေ့ဆက်လို့ ရတော့ရတယ်။ ဒါပေမဲ့ ဆုမရနိုင်ဘူးဆိုတာတွေ ထည့်ပေးထားတယ်။
ဒီတော့ ရမှတ်လို အစွယ်အပွား ဆုရချင်တဲ့သူအနေဖြင့် ဆုရမယ့်နည်းနဲ့ လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။
အစွယ်အပွားဆုနဲ့အတူ ဒဏ်ပေးတာတွေ လည်း ထည့်ပေးထားတယ်။ ညစ်ပြီးနိုင်လိုက်ရင် ပရိသတ်ဆီကနေ လှောင်ပြောင်သံတွေ ထွက် လာမယ်။ ဂိမ်းထဲမှာ ကိုယ့်ကို ကိုယ်စားပြုထားတဲ့ ဇာတ်ကောင်က ဘာမှ မသိဘူး။ လှောင်တာ ကို သူမသိဘူး။ ဒါပေမဲ့ ဂိမ်းကစားသူရဲ့ စိတ်ကိုလာပြီး ဂယက်ရိုက်တယ်။
လက်တွေ့ဘ၀များစွာမှာလည်း ဆုပေး ဒဏ်ပေးစနစ်နဲ့ ရှင်သန်နေကြရတယ်။
ချီးမွမ်း ခြင်း ကဲ့ရဲ့ခြင်းဆိုတဲ့ လောကဓံတရားနှစ်ပါးနဲ့ မကင်းနိုင်ကြပါဘူး။

ယူရီပိုင်

Read times
Rate this item
(1 Vote)