-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဂိမ်းဟာ ဂိမ်းပါပဲ။ လက်တွေ့ဘဝ က လက်တွေ့ဘဝပါပဲ။

ဂိမ်းဆိုတာဘာလဲလို့ မေးမြန်းနေဖို့ လိုသ လား။ ဂိမ်းဆိုတာ ဂိမ်းပါပဲလို့ အဖြေထုတ်ရင် မမှားပါဘူး

ကစားကြည့်လိုက် သိသွားမယ်လို့ လက်တွေ့ အတွေ့အကြုံဖြင့် အဖြေသိနိုင် ကြောင်းလည်း ဖြေပြလို့ ရပါတယ်။
ဘာလို့ ဂိမ်းကစားကြတာလဲ။ ဂိမ်းကစား မှာ ဘာများ ပျော်စရာတွေ ရှိနေသလဲ။ အဲဒီ ပျော်စရာ ဖြစ်အောင် ဘာတွေ ပါဝင်ထားသလဲ။ အဲဒါက လူသိမခံတဲ့ လျှို့ဝှက်ချက်ပြုတ်နည်း လား။ သိဖို့အတွက် အထူးသင်တန်းတက်ဖို့ လို သလား။
ဘာလို့ ဂိမ်းကစားကြရတာလဲ။ ဂိမ်းကစား တဲ့ အတွေ့အကြုံတွေကနေ ဘာများအကျိုးထူး လို့လဲ။ ဖျော်ဖြေရေးသက်သက်အတွက် ပဲလား။ ကျွန်တော်တို့က ဖျော်ဖြေရေးကို ဆာလောင် ကြတယ်။ စာအုပ်ဖတ်ပြီး ဖျော်ဖြေရေးကို ရယူ တယ်။ ရုပ်ရှင်၊ တီဗီ၊ ဗီဒီယို၊ သီချင်း၊ ပန်းချီကား၊ အားကစား စသဖြင့် ဖျော်ဖြေရေး အမျိုးမျိုးကို ရယူနေကြတယ်။ အဲဒီထဲမှာ ဂိမ်းကိုလည်း စာ ရင်းသွင်းလို့ရတယ်။ ဂိမ်းက ကိုယ်တိုင်ဝင်ပါလို့ ရတဲ့ ဖျော်ဖြေရေး ဖြစ်ပါတယ်။
ဖျော်ဖြေရေးဆိုတာ ငြီးငွေ့မှုရဲ့ ဟိုမှာ ဘက်ကို ရောက်နေတာလို့ ဆိုကြပါတယ်။ အဲဒီဟိုမှာဘက်ကို ဂိမ်းဖြင့် ကူးသွားဖို့ လွယ်ကူ ပါတယ်။
လူတစ်ယောက် ထောင်ကျနေတယ် ဆိုပါ စို့။ သူတစ်ယောက်တည်း အကျဉ်းခန်းထဲမှာ ရှိ နေတယ်။ သူငြီးငွေ့လာတယ်။ ဒီတော့ ငြီးငွေ့မှု ရဲ့ ဟိုမှာဘက်ကို သူသွားဖို့ လုပ်ပါတယ်။ နံရံ မှာ ရှိနေတဲ့ အမှတ်စက်ကို ဆေးပေါ့လိပ် အစီခံ တွေနဲ့ လှမ်းပစ်တမ်းကစားလိုက်တယ်ဆိုပါစို့။ အဲဒါ ဘဝများစွာမှာ ကစားဖြစ်တဲ့ ဂိမ်းများစွာထဲ က တစ်ခု ဖြစ်ပါတယ်။
အဲဒီဂိမ်းမှာ အောက်ဖော်ပြပါအချက်များ ကို အချက်အလက် ထုတ်ယူပြီး ဂိမ်းကို ပို ကောင်းအောင် ဖန်တီးဖို့ ကြံစည်ပေးနိုင်ပါတယ်။

  • အချိန်ကာလတစ်ခုအတွင်းမှာ ဘယ်နှကြိမ် ထိမှန်ခဲ့ပါသလဲ
  • ဘယ်လို အမှတ်ပေးသလဲ။
  • ထိမှန်တဲ့အများဆုံးကြိမ်ရေက ဘယ်လောက် လဲ။
  • တကယ်လို့ မျက်စိမှိတ်ပြီး ပစ်တာတောင် ထိ တယ်ဆိုရင် အမှတ်ကို ၃ ဆပေးပါသလား။
  • ပစ်မှတ်ကို တည့်တည့် မထိပေမဲ့ အနီးကို ထိ ရင် အမှတ်ပေးသလား။


စသဖြင့် အမှတ်ပေးစနစ်နဲ့တွဲပေးပြီး ဂိမ်း ကို အလေးအနက်ဖြစ်သွားအောင် လုပ်ပေးနိုင် ပါတယ်။
အဲဒီလို ဂိမ်းဒီဇိုင်းကို ကြံစည်တတ်တဲ့သူ အဖို့ ကြုံနေရတဲ့ အခြေအနေတွေကိုလည်း အချက်အလက်ထုတ်ကြည့်ပြီး ပိုကောင်းမွန် အောင် လုပ်ပေးလို့ ရမှာ ဖြစ်ပါတယ်။ ဖျော်ဖြေ မှုကို ပိုတန်ဖိုး ရှိအောင် လုပ်ပေးနိုင်မှာ ဖြစ်ပါ တယ်။ ဒါပေမဲ့ အဲဒီလို လုပ်တာဟာ ရိုးလွန်းအား ကြီးနေတယ်။ ကစားတဲ့သူက ကြာလာရင် ပျော် စရာ မကောင်းတော့ဘူး။ အမှတ်တွေလည်း မလိုချင်တော့ဘူး။ ဇာတ်ရှိန်အတက်အကျ မရှိ ဘဲ စကားပြောခန်းတွေများနေတဲ့ ရုပ်ရှင်ကား ကို ကြည့်ပြီး ရုံထဲက ထွက်လာတဲ့ ပရိသတ်တစ် ဦးလို ဖြစ်နေလိမ့်မယ်။
“တော်သေးတာပေါ့။ အဖော်ခေါ်လာပြီး ကြည့်ပေလို့သာပေါ့။ သူသာ မနှိုးပေးရင် ရုပ်ရှင် ပြီးမှန်းတောင် သိမှာ မဟုတ်ဘူး”
လို့ ပြောရမယ့် အဖြစ်ပါ။
ဖျော်ဖြေမှု တန်ဖိုးကို မြှင့်တင်တာ ခုနက ပြောသလို ရိုးရိုးစင်းစင်းဖြင့် မရနိုင်ဘူး။ ရော ထွေးယှက်တင်နေတာတွေကို လိမ္မာပါးနပ်စွာ ကိုင်တွယ်ပြီး တန်ဖိုးကို မြှင့်တင်ပေးနေနိုင်မှ ငြီး ငွေ့စရာအခြေအနေတွေကို မောင်းထုတ်ပေး ထားနိုင်မှာ ဖြစ်ပါတယ်။

ဂိမ်းတွေကို ကြည့်လိုက်ရင် အမဲလိုက်တဲ့ သဘာဝ (ဥပမာ လူဆိုးကို လိုက်ဖမ်းတဲ့ရဲ)၊ ရှာဖွေစုဆောင်းတဲ့သဘာဝ (ဥပမာ မြေပုံအပိုင်း အစကလေးတွေ လိုက်လံရှာဖွေစုဆောင်းပြီး မြေပုံတစ်ခုဖြစ်အောင် ဆက်စပ်ရခြင်း) ဆိုပြီး ရှိ ပါတယ်။ အဲဒီနှစ်ချက်က လူ့သမိုင်းကြောင်း တစ်လျှောက် လုပ်ကိုင်ခဲ့ကြတာတွေ ဖြစ်ပါ တယ်။ လူ့ဘဝတစ်လျှောက်မှာလည်း လုပ်ကိုင် ကြရပါတယ်။
နောက်တစ်ချက်ကလည်း လူ့သမိုင်းမှာ လုပ်ခဲ့ကြတဲ့အရာပါပဲ။ သတ္တဝါတွေကို ယဉ်ပါး အောင်ပြုပြီး ကျွန်တော်တို့အတွက် အလုပ်တွေ လုပ်ပေးအောင်၊ စားစရာ ရရှိအောင်နဲ့ စောင့် ရှောက်ပေးအောင် လုပ်ခဲ့ကြပါတယ်။ ခွေး၊ ကြောင်၊ နွား၊ ဝက် စတာတွေကို အိမ်မှာ မွေးမြူ နိုင်အောင် လုပ်ခဲ့ကြတယ်။ သိမ်းငှက်၊ ဆင်၊ ပင် လယ်ဖျံနဲ့ လင်းပိုင်တို့ကို စေခိုင်းနိုင်အောင် သင် ပေးခဲ့ကြတယ်။ အဲဒီ ဘဝရဲ့ ဂိမ်းတွေကို အီ လက်ထရွန်းနစ်ဂိမ်းတွေထဲမှာ ကစားနိုင်အောင် လုပ်ပေးထားတယ်။ မွေးမြူ၊ လေ့ကျင့်၊ မျိုးပွား စတာတွေ ဂိမ်းထဲမှာ လုပ်ကိုင်နိုင်ပါတယ်။ ၂၀၀၅ခုနှစ်မှာ ထွက်လာတဲ့ Nintendogs ဆို တဲ့ဂိမ်းဟာ ထင်ရှားတဲ့ ဥပမာတစ်ခု ဖြစ်ပါ တယ်။
နည်းနည်းလေး ဆွဲဆန့်ပြီး ကြည့်လိုက်ရင် ကစားသူက စိတ်ကူးယဉ်လောကဂိမ်းထဲမှာ ဇာတ်ကောင်တစ်ဦးအဖြစ် ကစားရတဲ့ဂိမ်းတွေ ရှိနေတာ တွေ့ရပါမယ်။ အဲဒီဇာတ်ကောင်ကို ပို အစွမ်းထက်လာအောင် လုပ်ပေးရတယ်။ မြေ တောင်မြှောက်ပြီး ပြုစုပျိုးထောင်ပေးရတယ်။ ကိုယ့်ရဲ့ အချိန်တွေ၊ အရင်းအမြစ်တွေ ရင်းနှီးမြှုပ်နှံပေးရတယ်။ အချိန်တွေ၊ အရင်းအမြစ်တွေ ပိုပေးတာနဲ့အမျှ ကိုယ့်ကို ကိုယ်စားပြုတဲ့ဇာတ် ကောင်က ပိုမိုကာကွယ်ပေးပြီးသား ဖြစ်လာ တယ်။
လူရဲ့ နောက်ထပ်ဓာတ်ခံသဘာဝက အမဲ လိုက်ခြင်း/လိုက်စုခြင်း ဓာတ်ခံသဘာဝနဲ့ ဆက် စပ်နေတဲ့ စုံလင်အောင်စုဆောင်းခြင်း ဖြစ်ပါ တယ်။ အဲဒီသဘာဝက ကိုယ်ကြိုက်နှစ်သက်တဲ့ အဆိုတော်ရဲ့ တေးစုတွေကို လိုက်လံစုဆောင်း တာထက် ပိုပါတယ်။ ကိုယ်ကြိုက်တဲ့ စာရေး ဆရာ ရေးသားသမျှ စာအုပ်တွေ စုံစေ့အောင် စု ဆောင်းတာထက် ပိုသည်းပါတယ်။ စုံစေ့အောင် ဝယ်ယူနိုင်တာမျိုးကို တွေ့ရရင် ကိုယ်စိတ်ဝင် တစား ဖြစ်တဲ့နယ်ပယ်က ဖြစ်နေလို့ကတော့ စုံ စေ့အောင် ဝယ်ပစ်လိုက်ဖို့ ဆန္ဒဖြစ်ပေါ်ပါတယ်။ စုံစေ့ပြည့်သွားအောင် လိုနေသေးတာကို ဝယ် ပြီးဖြည့်ပါတယ်။ ဗီဒီယိုဂိမ်းလောကထဲမှာလည်း အလားတူပင် စုံစုံစေ့စေ့ ဖြစ်အောင် ကြိုးစားပမ်း စား ကစားကြပါတယ်။ ပိုကီမွန်ဟာ ထင်ရှားတဲ့ ဥပမာဖြစ်ပြီး အမျိုးအမည် အများအပြား ရှိနေ အောင် လုပ်ပေးထားခြင်းဖြင့် စုံအောင်လိုက်စု နေရတဲ့ ကစားသမားအဖို့ နှစ်အတန်ကြာတဲ့ အထိ စုံအောင်လိုက်စုရင်း မစုံသေးတဲ့အဖြစ်ဖြင့် ဆက်လက်ကစားနေရပါတယ်။
ရှာဖွေစုဆောင်းလိုစိတ်ရဲ့ ဆော်သြမှုက နေ စုံစေ့လိုစိတ်ရဲ့ ဆော်သြမှုအဖြစ်ကို ပြောင်း လဲရောက်ရှိပါတယ်။ ဥပမာအားဖြင့် ၁၁ ခုရရှိခဲ့ ရင် စုံပြီလို့ ဆိုထားပါက ၁၀ခု ကိုယ်ရရှိထားပြီး ချိန်မှာ နောက်တစ်ခုသာ ထပ်ရခဲ့ရင် စုံစေ့ပြီဆို တဲ့ အသိကြောင့် စုံစေ့လိုစိတ် ဖြစ်ပေါ်ပြီး စုံစေ့ အောင် ကြိုးပမ်းအားထုတ်ဖို့ ဆော်သြပါတယ်။
အဲဒါကလည်း ကျွန်တော်တို့ရဲ့ ကလေး ဘဝ၊ လူငယ်ဘဝ၊ လူကြီးဘဝ၊ ဝန်ထမ်းဘဝ စတာတွေမှာ ရှိနေဖို့ လိုအပ်တဲ့ အချက် တစ်ချက်အရ ဂိမ်းဘဝထဲမှာ ထည့်သွင်းပေး ထားတာ ဖြစ်ပါ တယ်။ အဲဒါက ဘာလဲဆိုတော့ ကိုယ်လုပ်ကိုင်နေဆဲအလုပ်က ဘယ်လောက် ရောက်နေပြီလဲ ဆိုတာကို သိရခြင်းနဲ့အတူ ဘယ်လောက်ထပ်လုပ်ဖို့ လိုသေးသလဲ ဆိုတာ ကိုပါ အသိပေးခြင်းခံရတာ ဖြစ်ပါတယ်။ အဲဒီ နှစ်ချက်ကို သိရမှ လူက ဆက်လုပ်ဖို့ အားတက် ပါတယ်။ ဒီတော့ လူတွေကို စေခိုင်းတဲ့အခါ အားတက်စေဖို့အတွက် အဲဒီ နှစ်ချက်ကို ကျွေး ထားရပါတယ်။ ဂိမ်းမှာလည်း တစ်နည်းနည်း ဖြင့် ကျွေးပေးထားကြပါတယ်။
အဲဒီလို ကျွေးထားတဲ့ အာဟာရကို မှီဝဲပြီး ဂိမ်းကစားတဲ့သူက ရာနှုန်းပြည့် လက်ဝယ်ရရှိ တဲ့အထိ ဆက်လက်ကစားပါတယ်။ မရမချင်း သူ မပျော်ပိုက်ဘူး။

ဂိမ်းကို ဘာကြောင့် ကစားသလဲဆိုတာနဲ့ ပတ်သက်တဲ့ သီအိုရီတွေ အများကြီး ရှိပါတယ်။ တစ်ခုက ကျွန်တော်တို့ဟာ နို့တိုက်သတ္တဝါ ဖြစ် နေကြလို့ လို့ဆိုထားပါတယ်။ နို့တိုက်သတ္တဝါ တွေက ဘဝအတွက် ပြင်ဆင်မှုတွေ လုပ်ကြ တာ ဓမ္မတာ ဖြစ်ပါတယ်။ လူ့ဘောင်လောကမှာ ပညာရေးဆိုတာ ဘဝအတွက် ပြင်ဆင်မှုတွေ လုပ်တဲ့အရာ ဖြစ်ပါတယ်။ တိရစ္ဆာန်လောကမှာ လည်း ပြင်ဆင်မှုတွေ ရှိတယ်။ မွေးချင်းတွေ ဆော့ကစားကြတဲ့အခါ နောင်တစ်ချိန် အရွယ် ရောက်ရင် လှုပ်ရှားရမှာတွေကို လေ့ကျင့်ခန်း ယူနေကြတာ ဖြစ်ပါတယ်။
အလားတူပင် လူတွေလည်း ငယ်စဉ်မှာ ကစားရင်း လေ့ကျင့်ခန်းယူခဲ့ကြပါတယ်။ ဥပမာ အိုးတွေ ခွက်တွေနဲ့ ဟင်းချက်တမ်း ကစား ကြည့်ခဲ့ကြတယ်။ အဲဒီလိုပဲ ဂိမ်းတွေထဲမှာ လူကြီးလုပ်တမ်း ကစားကြပါတယ်။ ဥပမာ လေယာဉ်မောင်းတတ်သူအဖြစ် ကစားပါတယ်။
ဂိမ်းဘဝထဲမှာ စိတ်ကူးအကြံသစ်တွေ၊ နေရာ အသစ်တွေ၊ အကဲစမ်းမှု အသစ်တွေကို ရင်ဆိုင်ကြရပါတယ်။ ဖြတ်သန်းကြရပါတယ်။ ပြီးတော့ ဆန့်ကျင်ဘက်ဆိုတာ ရှိနေတယ်။ အဲဒီ ဆန့်ကျင်ဘက်က ကွန်ပျူတာမှ ထိန်း
ကျောင်းစေခိုင်းပေးနေတဲ့အရာဖြစ်ချင်ဖြစ်မယ်။ နောက်ထပ်ကစားသမားတစ်ယောက် ဖြစ်ချင် ဖြစ်မယ်။ ကျွန်တော်တို့ လုပ်ကိုင်နိုင်တာတွေ ကို ကန့်သတ်ချုပ်ချယ်နေတဲ့ ဂိမ်းရဲ့ တားမြစ် ချက်တွေ၊ စည်းကမ်းတွေ ဖြစ်ချင်ဖြစ်မယ်။ အဲဒီ ဆန့်ကျင်ဘက်တွေက ကိုယ့်ကို ခက်ခဲအောင် လုပ်နေကြတဲ့အပြင် ရှုံးအောင်ပါ လုပ်နေကြ ပါတယ်။ အဲဒီ ဆန့်ကျင်ဘက်ဆိုတာကလည်း တကယ့်လက်တွေ့ဘဝမှာ ရှိစမြဲပါ။

ဒါပေမဲ့ ဂိမ်းဟာ ဂိမ်းပါပဲ။ လက်တွေ့ဘဝ က လက်တွေ့ဘဝပါပဲ။
ဂျပန်မှာ ဂိမ်းနဲ့ ပတ်သက်တဲ့ တကယ့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ဖူးတာကို တင်ပြလိုပါ တယ်။ ဆယ်ကျော်သက်တစ်ဦးက သူ့မိဘနှစ် ပါး အိပ်ပျော်နေတုန်း ခုတ်သတ်ပစ်လိုက်တယ်။ ရဲအဖမ်းခံရပြီး သူ့ကို စစ်ကြောတော့ သူက ပြောပြတယ်။
“ ဂိမ်းတွေထဲမှာ သုံးခါသေခွင့် ရှိတယ်”
လို့ တစ်ခွန်းပဲ ပြန်ပြောပါတယ်။ အခု သူ သတ်လိုက်ပေမဲ့ သူ့မိဘတွေ ဂိမ်းထဲမှာလိုပဲ ပြန်ရှင်လာကြဦးမယ်လို့ သူ ထင်နေပါတယ်။ နောက်ထပ် နှစ်ခါ ထပ်သတ်ပြီးမှ အပြီးအပိုင် သေကြရမှာ ဖြစ်ပါတယ်။

ဂိမ်းဟာ ဂိမ်းပါပဲ။ လက်တွေ့ဘဝက လက်တွေ့ဘဝပါပဲ။ ဂိမ်းကို လက်တွေ့ဘဝမှာ ရှိနေတဲ့ အချက်တွေနဲ့ တည်ဆောက်ပေးထား တာကြောင့် ဂိမ်းဟာ လက်တွေ့ဘဝလို ဖြစ်နေ ရတာသာ ဖြစ်ပါတယ်။ ဂိမ်းနဲ့ လက်တွေ့ဘဝ အဆက်အစပ်ရှိတယ်လို့ ပြောတာဟာ မခိုင်မာ ပါဘူး။ တကယ်ကြီးကို အဆက်အစပ် ရှိပါတယ် ဆိုရင်လည်း အလွန်သေးမျှင်တဲ့ ဆက်စပ်မှု ဖြစ် ပါလိမ့်မယ်။ မှန်ကန်တယ်လို့ အများက ယူဆ ထားကြတဲ့ အဆိုပြုချက်တွေသာ ဖြစ်ပါတယ်။

ဒီတော့ ဂိမ်းဆိုတာ ဂိမ်းပါပဲ။

Read times
Rate this item
(1 Vote)