-->
×

Warning

JUser: :_load: Unable to load user with ID: 29


ရိုးရှင်းလွယ်ကူခြင်းရဲ့ ထိရောက်မှု

ဘဏ်တိုင်းဟာ သူတို့ရဲ့ဖောက်သည်တွေ ကို စိတ်ကျေနပ်စေဖို့အတွက် လုပ်ပေးဖို့ လိုအပ်တာ အမှန်ပါပဲ။

အခက်အခဲက ဘဏ်အားလုံးက တူညီတဲ့အရာတွေဖြစ်တဲ့ ကောင်းမွန်တဲ့ အတိုး နှုန်း၊ ဘဏ်ခွဲအသစ်တွေ၊ ATM စက်ထားတဲ့ နေရာတွေ၊ ၂၄ နာရီဝန်ဆောင်မှုပေးတာတွေ အပေါ်မှာပဲ ကြိုးစားပြိုင်ဆိုင်နေကြတာ ဖြစ်ပါ တယ်။ တူညီတဲ့အရာတွေပေါ်မှာပဲ ယှဉ်ပြိုင်ကြ တဲ့အတွက် သူတို့တစ်တွေက လူအုပ်ကြီးထဲက နေခွဲထွက်ရပ်တည်ဖို့ ခက်ခဲလာသလို၊ ဖောက် သည် ဝန်ဆောင်မှုမှာလည်း သတိပြုမိဖို့ ခက်ခဲ လာပါတယ်။ 

ဘဏ်တစ်ခုကတော့ သူတို့ရဲ့ ဖောက် သည် စိတ်ကျေနပ်မှုကို သိသိသာသာ တိုးမြှင့် ပေးနိုင်မယ့် လွယ်ကူတဲ့ နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ သူတို့က အရမ်းလွယ်ကူတဲ့၊ တခြားသော ပြိုင်ဘက်တွေ သတိမပြုမိနိုင်တဲ့ အရာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သို့သော် လည်း သူတို့က ဖောက်သည်တွေအတွက် အလုပ်ဖြစ်ခဲ့ပြီး ဖောက်သည်တွေရဲ့ ကျေးဇူး တင်မှုကိုလည်း ရရှိခဲ့ပါတယ်။
ဒီဘဏ်က ဘယ်လိုလုပ်ပြီး ဖောက်သည် ဝန်ဆောင်မှုမှာ ဦးဆောင်နေနိုင်တာလဲ။ ဘဏ် ကို သွားတဲ့ လူတိုင်းက တန်းစီကြရမှာ သဘာဝ ပါပဲ။ ဘယ်လောက်ပဲ လူတန်းက မြန်မြန်ရွေ့ တယ် ပြောပါစေ။ ဖောက်သည်တွေက အချိန် အတိုင်းအတာ တစ်ခုအထိ မတ်တပ်ရပ်ပြီး စောင့် ကြရပါတယ်။ အနံ့အသက်ပေါင်းစုံဒဏ်ကို ခံကြရပါတယ်။ တခြားလူတွေရဲ့ အကြည့်ကို လည်း ခံကြရပါတယ်။ တကယ်တော့ ဒီအချိန် လေးက တကယ်ကို စိတ်ပျက်စရာ အချိန်ပါပဲ။ ကောင်တာကို ရောက်မှပဲ ဖောက်သည်တွေက ဘဏ်ဝန်ထမ်းတွေရဲ့ ကြိုဆိုမှုကို ခံရပြီး လူ အများရဲ့ အကြည့်မှလည်း သက်သာရာရကြ တာ ဖြစ်ပါတယ်။ ဒါကြောင့် ဖောက်သည်တွေကို သက်တောင့်သက်တာ ဖြစ်စေဖို့အတွက် ဘဏ် မှာရှိတဲ့ ကောင်တာဝန်ထမ်းတွေက ဖောက်သည် တစ်ယောက်ချင်းစီကို သူတို့တွေ ကောင်တာ ကို ရောက်တာနဲ့ ချက်ချင်းဆိုသလို နှုတ်ခွန်း ဆက်ဖို့၊ ချီးမွမ်းစကားဆိုဖို့ သင်ထားပေးသင့် ပါတယ်။ ဒီလို ကြိုဆိုမှု လုပ်ဆောင်ခြင်းဟာ ဖောက်သည်ကို ဝန်ဆောင်မှုပေးတဲ့လုပ်ဆောင် မှုမှာ အလုပ်ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေး သိပ်မဆန် ဘဲနဲ့ ရိုးရှင်းလွယ်ကူပြီး ယဉ်ကျေးမှုရှိတဲ့ နှုတ်ဆက်မှုမျိုးကို ကောင်တာဝန်ထမ်းတွေက ရွေးချယ်နိုင်ပါတယ်။ နမူနာ ပြောရမယ်ဆိုရင်
"ဝတ်ထားတဲ့အရောင်လေးက လိုက်ဖက်မှုရှိ တယ်နော်" ၊ "လက်ရေးလှတယ်နော်" ၊ "ပန် ထားတဲ့ပန်းလေးက လှလိုက်တာ" စသည်တို့ပဲ ဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်မှုက သေးငယ်တယ်လို့ ထင်ရပါလိမ့်မယ်။ ဘဏ်တွေအတွက် အလုပ်
မဖြစ်နိုင်ပါဘူးလို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ သို့သော်လည်း ဒီလိုစကားတွေကို ပြောဆိုခြင်း ဟာ လူတိုင်းကို သက်တောင့်သက်သာဖြစ်စေပြီး သူတို့ကိုသူတို့ သက်တောင့်သက်သာဖြစ်စေ
ဖို့အတွက် ကူညီရာလည်း ရောက်ပါတယ်။ အတိုချုပ်ပြောရမယ်ဆိုရင် ဒီလို လုပ်ဆောင်မှု ဟာ ကောင်းမွန်တဲ့ ဖောက်သည်ဝန်ဆောင်မှု အတွက် လုပ်ဆောင်မှု ဖြစ်ရုံသာမက လုပ် ဆောင်ရာမှာလည်း လွယ်ကူမှု ရှိပါတယ်။ ဖောက်သည်တွေရဲ့ ဘဏ်စာရင်းတွေကို ဂရု စိုက်ရုံသာမက ဖောက်သည်တွေရဲ့ စိတ်ခံစား မှုကိုပါ ဂရုစိုက်မယ်ဆိုရင် ဒီလိုဝန်ဆောင်မှုကိုအလေးထားတဲ့ဘဏ်က သူရဲ့ ဖောက်သည် ကို အလေးထားတဲ့ ဝန်ဆောင်မှုကြောင့် တခြား ဘဏ်တွေနဲ့မတူ ကွာခြားနေမှာ ဖြစ်ပါတယ်။

ဖောက်သည် စိတ်ကျေနပ်မှု တိုးတက်စေရန်အတွက် လုပ်သင့်သည်များ

ဖောက်သည်စိတ်ကျေနပ်မှု တိုးတက်စေဖို့အတွက် လုပ်ဆောင်ရမည့် အဆင့်များ ရှိပါတယ်။
ဖောက်သည်ဝန်ဆောင်မှုမှာ ဦးဆောင်သူ နေရာကို ရယူလိုက်ပါ။ ဘယ်လိုချီးမွမ်းတဲ့စကား မျိုး၊ အသိအမှတ်ပြုတဲ့ စကားမျိုးကို သင့်ရဲ့
ဝန်ထမ်းတွေက ဖောက်သည်တွေကို တစ်နေ့ ချင်းစီအလိုက် ပြောနိုင်မလဲ။ သင်တွေ့ရမယ့် လူတိုင်းမှာ သင်ပြောလိုက်တဲ့ စကားလေးက တစ်နေ့လုံးမှာ သူကြားရတဲ့ တစ်ခွန်းတည်း သော အသိအမှတ်ပြုတဲ့၊ ချီးမွမ်းတဲ့စကားဖြစ် နေမှာ အသေအချာပါပဲ။ ဒီလိုမျိုး အပြုသဘော ဆောင်တဲ့ လုပ်ဆောင်မှုမျိုးက သင့်ရဲ့အဖွဲ့ အစည်းလိုမျိုး ကောင်းမွန်တဲ့ အဖွဲ့အစည်းကနေ လုပ်ဆောင်လိုက်တာက ဘယ်လောက်များ ကောင်းမွန်လိုက်သလဲ။ ဘယ်လောက်များ ကြည်နူးစရာ ကောင်းလိုက်သလဲ။

Read times
Rate this item
(1 Vote)