-->
×

Warning

JUser: :_load: Unable to load user with ID: 29



Smart Phone Brand ကုမ္ပဏီများအကြောင်း







 

Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)

 

<<<Unicode>>>

Live-streamမှ ဈေးဝယ်လို့ရနိုင်တော့မယ့် Pomeloရဲ့ အက်ပလီကေးရှင်း

တိုးတက်လာတဲ့ ယနေ့လိုခေတ်မှာ စီးပွားရေးလုပ်ငန်းတွေက သူ့ထက်ငါ အပြိုင်ထီထွင်လာကြပြီပဲ ဖြစ်ပါတယ်။ယခုအခါမှာတော့ ဖက်ရှင်Brandဖြစ်သော Pomeloက သူတို့ရဲ့ အက်ပလီကေးရှင်းတွင် ဗီဒီယိုမှ ဈေးဝယ်နိုင်တဲ့ စနစ်တစ်ခုကိုထည့်သွင်းလိုက်တာက သုံးစွဲသူဖောက်သည်တွေကို ဆက်လက်ဆွဲဆောင်နိုင်ဖို့နဲ့ Brandတစ်ခုအနေနဲ့ နည်းပညာပြောင်းလဲမှုတွေအပေါ်မှာ ဖောက်သည်တွေ စိတ်ကျေနပ်နိုင်အောင် လုပ်ဆောင်ပေးတာပဲဖြစ်ပါတယ်။

ဒီဝန်ဆောင်မှုအသစ်ကို သရုပ်ဆောင် မင်းသမီးDavika Hoorneနဲ့ ဒီအပတ် မတ်လ ၁၈ရက်နေ့မှာ Live-steam eventအထူးအစီအစဉ်နဲ့ စတင်မှာ ဖြစ်လို့ စာဖတ်ပရိသတ်များလည်း လက်လွတ်ခံလို့ မဖြစ်ပါဘူးနော်။

Pomeloက သူတို့appမှာ အရင်ကတည်းက Live-streamဝန်ဆောင်မှုနဲ့ စတင်ရောင်းချနေတာဖြစ်ပေမယ့် အခုကတော့ appကိုအသုံးပြုတဲ့ဖောက်သည်တွေကို ၎င်းဗီဒီယိုကနေ တိုက်ရိုက်ဝယ်ယူနိုင်အောင် စနစ်အသစ်ထပ်တိုး ရောင်းချတာပဲဖြစ်ပါတယ်။

ဗီဒီယိုပြသပြီး ရောင်းချနေချိန်မှာ customerတွေကို appက မော်ဒယ်ဝတ်ပြီးကြော်ငြာနေတဲ့ ပစ္စည်းတွေကို ဘေးကနေ iconလေးတွေနဲ့ ပြနေမှာဖြစ်ပြီး ဝယ်ယူချင်ရင် အဲ့iconလေးကို နှိပ်လိုက်ရုံပါပဲ။အရွယ်အစားတွေနဲ့ တခြားအသေးစိတ်အချက်အလက်တွေကို ပိုက်ဆံမရှင်းခင် ရွေးချယ်နိုင်မှာလည်းဖြစ်တယ်။

အဆိုပါပြောင်းလဲမှုသည် Brandများကို ဒီဂျစ်တယ်အသွင်ပြောင်းယူမှု ဖြစ်စေပြီး သုံးစွဲသူများနှင့်
e-commerce ပတ်သက်သော မျှော်လင့်ချက်များဖြည့်ဆည်းရန် ကြိုးပမ်းနေသော လမ်းကြောင်းများပေါ်ကို ရောက်ရှိသွားခြင်းပဲဖြစ်တယ်။

ကိုရိုနာ ဗိုင်းရပ် ရောဂါဖြစ်နေချိန်မှာ သင့်စီးပွားရေး လုပ်ငန်းကို ဘယ်လိုလည်ပတ်အောင်လုပ်ယူလို့ ရမလဲ

Googleမှဆန်းစစ်လေ့လာထားသော သုံးစွဲသူဖောက်သည်များရဲ့ အပြောင်းအလဲအချို့ကို အခြေခံ၍ ၎င်းအကြောင်းအရာများ ပူးပေါင်းပါဝင်မှု နဲ့မျှဝေသည့် ကူးသန်းရောင်းဝယ်ရေး အတွက် မျှော်လင့်ချက်ကြီးထွားလာကြပြီလေ။ Pomelo ပြောကြားချက်အရ သူတို့က နာမည်ကြီးအောင်မြင်ကျော်ကြားသူတွေကို အသုံးပြုပြီး ဖောက်သည်တွေရဲ့စိတ်ဝင်စားမှုရအောင် ပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။

သရုပ်ဆောင်မင်းသမီးကို Live-streamမှာ အသုံးပြုပြီး အပြန်အလှန်အကျိုးသက်ရောက်မှုရှိစေဖို့ သူမရဲ့ ပရိသတ်တွေနဲ့ စကားပြောကြမှာဖြစ်ပါတယ်။သူမက Pomelo's Collectionက ဘယ်အရာတွေကို ကြိုက်တယ် ဘာတွေကကောင်းတယ် စတာတွေပြောမှာ ဖြစ်ပြီး ဖောက်သည်တွေကို သူမရဲ့ဖက်ရှင်တွေ မျှဝေသွားမှာ ဖြစ်ပါတယ်။၎င်းအစီအစဉ်အသစ်ကို ဒီအပတ်မှာ ‘Live On Pomelo’ ရှိုးနဲ့ စတင်မှာဖြစ်ပြီး Pomelo Brandမှပစ္စည်းအသစ်တွေနဲ့ နာမည်ကြီးပစ္စည်းတွေကို ကြော်ငြာရောင်းချသွားမှာ ဖြစ်ပါတယ်။

ဤဆောင်းပါးသည် ထိုင်းနိုင်ငံ၊Ecommerce၊Live-streaming၊Digital Transformation၊ဈေးကွက်ရှာဖွေရေး၊Digitalနှင့်Brandများကို ရည်ညွှန်းခြင်းဖြစ်ပါသည်။

 

Reference Source: The Drum

Myanmar Advertising Directory

Published in Digital Marketing

အခုနောက်ပိုင်း အွန်လိုင်းရှော့ပင်းတော်တော်များများမှာ လိုက်ဖ်လွှင့်ပြီးဈေးရောင်းတာတွေ၊ ဗီဒီယိုတွေတင်ပြီး ဈေးရောင်းတာတွေကတော့ တော်တော်ကိုခေတ်စားလာတယ်။

Published in Tips