-->
×

Warning

JUser: :_load: Unable to load user with ID: 29







BMW သည် ၎င်း၏ အထင်ကရဖြစ်သော တံဆိပ်(Logo)ကို ပြန်လည်ဒီဇိုင်းဆွဲ















 

Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)

 

 

<<<Unicode>>>

 


ကိုရိုနာ ဗိုင်းရပ် ရောဂါဖြစ်နေချိန်မှာ သင့်စီးပွားရေး လုပ်ငန်းကို ဘယ်လိုလည်ပတ်အောင်လုပ်ယူလို့ ရမလဲ

ပြောရရင်တော့ ခက်တယ်ဗျာ ... ကိုရိုနာရောဂါ ပျံနှံ ကူးစက်မှု့ ကြီးက ရှိနေတော့ ကမ္ဘာ့ ခရီးသွားလာရေးတွေ ပိတ်ဆို့ မှု့ နှုန်းပိုမို များပြားလာတယ်။အမေရိကန် နဲ့ ဥရောပ နိုင်ငံ တစ်ချို့မှာဆိုရင် လူတွေအတော်များများက စိတ်တစေ ခြောက်လန့် ခံနေကြရတယ် ...

သို့ ပေမဲ့ လည်း အာရှ ရဲ့ နိုင်ငံ တွေ တော်တော်များများ မှာတော့ ထို ရောဂါ ကပ်ဆိုးကြီးကို အံတုလို အံတုရငြား ကြံပြီး လုပ်ငန်းဆောင်တာ တွေကို ပြန်လည် လုပ်ဆောင်နေတာ တွေ့ ရပါတယ်။

အာရှ နိုင်ငံ တစ်ချို့ မှာဆိုရင်တော့ အခု ဖြစ်ပျက်ခံစားနေရတဲ့ ကိုရိုနာ ဗိုင်းရပ်လိုရောဂါမျိုးတွေက အခုမှ စဖြစ်တာ မဟုတ်ဘူး ၂၀ ခုနှစ်ဦးပိုင်းလောက်မှာထဲက ကမ္ဘာ့တိုက်ကြီး ၇ တိုက်ရဲ့ သိမ်းစဉ်းထားတဲ့ မှတ်စု တွေကို ကြည့်ရင်သိနိုင်တယ်။

ဒီတော့ အာရှ နိုင်ငံ တွေက ဒါမျိုးတွေခံစားရတာ သိပ်တော့ မဆန်းကြယ်လောက်ဘူးဗျ သူတို့ အနေနဲ့ သူတို့ ခံစားရတာတွေကနေ သင်ခန်းက ရနေပြီးသားပေကိုး

အာရှနိုင်ငံတွေ အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် အကြောင်းကို သေချာတဲ့ထုတ်ပြန်ချက်တွေဟာ အေးအေးဆေးဆေးပါပဲ ဘာလို့ဆို သူတို့က ၂၀၀၃ခုနှစ်လောက်ထဲက အတွေ့အကြုံ သင်ခန်းစာတွေ ရထားပြီး လို့ပါပဲ၊ စောင့်ကြည်နေကြသူတွေကို Campaignတွေနဲ့ဆွဲဆောင်ထားတာတွေ ရုတ်တရက် ကုန်ကျစရိတ်တွေကို ပြန်လည်အချက်အလက်ပြုစုတာတွေက ထူးထူးဆန်းဆန်းတွေ မဟုတ်ပါဘူး။

မြန်မာနိုင်ငံရှိ နာမည်ကြီး ပုဂ္ဂလိကဘဏ်များ

SARSက သေချာတဲ့စီးပွားရေးနည်းလမ်းတွေနဲ့ လုပ်ငန်းတွေအားလုံး အောင်အောင်မြင်မြင်ဖြစ်အောင် လမ်းကြောင်းခင်းပေးတယ်။၂၀၀၃ခုနစ်က ကျွန်တော်တို့ နိုင်ငံတွေထိုးနှက်ခံခဲ့ရတယ်ပြီးတော့ အသစ်ပြန်လည်ကြိုးစားတည်ဆောက်ကြတယ် အဲ့တာကတော့ e-commerceပါပဲ၊USနဲ့ဥရောပနိုင်ငံတွင်း လုပ်ငန်းတွေရဲ့တုန့်ပြန်မှုကတော့ အကောင်းပြချက်ကောင်းတွေမရှိပါဘူး၊၂၀၀၃ခုနှစ်တုန်းကဖြစ်ခဲ့တာထက် ကြော်ငြာတွေကယနေ့မှာ အားလုံးနီးပါး ဒီဂျစ်တယ်တွေဖြစ်ပြီး အများကြီးပိုပြီး ဆက်သွယ်ရမယ် အဲ့တာမှ Campaignsတွေအားလုံးက ဆိုင်းငံ့ရတာ ပိုလွယ်ကူမှာလေ။

USနဲ့ ဥရောပနိုင်ငံတွေရဲ့ ကြော်ငြာတွေရဲ့ အကျိုးသက်ရောက်မှုရပ်စဲခြင်းတွေက ပရိသတ်တွေကြောင့်ဖြစ်တာ အဲ့တာတွေကလည်း ခရီးသွားလို့ မရတော့တာကြောင့်ပဲလေ။ပရိသတ်တွေရဲ့အားပေးမှုနဲလာတာက ဗိုင်းရပ်စ်ပျံ့နှံ့မှု ရင်ဆိုင်တဲ့နေရာမှာ လုပ်ငန်းတွေတိုးချဲ့မှုရဲ့ တန်ဖိုးကို အတွင်းကျကျသိသာစေပါတယ်။

စီးပွားဖြစ်လုပ်ငန်းခွင်တစ်ခုအတွက် သေချာတဲ့ခြေလှမ်းကို အတည်ပြုပြီးတဲ့အခါမှာတော့ လုပ်ငန်းတွေကို အရေးပေါ်တရားဝင် ပြင်ဆင်လာကြပြီး သူ့အလုပ်သမားတွေရဲ့ အမြင့်ဆုံးထုတ်ကုန်စွမ်းရည်အတွက် လုပ်ငန်းရဲ့ အစီအစဉ်တွေဟာ တဖြည်းဖြည်းဝေးလံလာပါတယ်။

တရုတ်နိုင်ငံ လုပ်ငန်းများရဲ့ ကုန်ထုတ်လုပ်မှု အစီအစဉ်က လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေကိုမူတည်ပြီး လိုက်ရောညီထွေဖြစ်အောင်ထုတ်လုပ်ခြင်းဖြစ်ပြီး သူတို့က လုပ်ငန်းကို ကမ်းလွန်နေရာတွေ ကမ်းခြေနဲ့နီးတဲ့နေရာတွေကို တလှည့်စီခွဲထုတ်ပြီး လုပ်ကိုင်တာပဲဖြစ်တယ်။

လက်ရှိတရုတ်၏ဗဟုသုတနှင့် ဝန်ဆောင်မှုလုပ်ငန်းတွေကို အမေရိကန်နှင့်ဥရောပအခြေစိုက်စီးပွားရေးလုပ်ငန်းတွေက အထူးစိတ်ဝင်စားသင့်တယ်။တရုတ်နိုင်ငံရဲ့လုပ်ငန်းတွေက ပြန်လည်လည်ပတ်နေပြီ ဖြစ်သော်လည်း အလုပ်အကိုင်ရှာဖွေနေသေးတဲ့ ဗဟုသုတအများပြားရှိတဲ့ အလုပ်သမားတွေကျန်ရှိနေပါသေးတယ်။USနှင့်ဥရောပရှိစီးပွားရေးလုပ်ငန်းများသည် ၎င်းအလုပ်သမားများအားငှားရမ်းခြင်းမှအစ ဝယ်ယူခိုင်းစေခြင်းသည် ရှေးရေးရော နောင်ရေးပါတိုးတက်လာနိုင်ပါသည်။

တရုတ်နိုင်ငံရဲ့ ဝန်ဆောင်မှုနှင့် လုပ်ငန်းဆိုင်ရာအသိပညာတွေက တဖြည်းဖြည်းကြီးထွားလာပါပြီ။ဒါ့ကြောင့် ဈေးကွက်နဲ့ပက်သက်သော အသိပညာတွေကိုသင်ယူဖို့သွားသင့်တယ်။ဥပမာ အိန္ဒိယနဲ့ ဥရောပအရှေ့ပိုင်းနိုင်ငံတွေအနေနဲ့ပေါ့။ဒါတွေက ကိုရိုနာဗိုင်းရပ်ဆုံးဖြတ်ချက်မှာ ခရီးသွားလာမှုပြန်လည်မြင့်တက်လာဆဲဆဲဖြစ်သော စီးပွားရေးလုပ်ငန်းရဲ့ပြင်ဆင်မှုအနေနဲ့ အရေးကြီးပါတယ်။

SARS ပြီးတဲ့နောက် အာရှနဲ့ပစိဖိတ်ဒေသတွေကို အဓိကလေယာဉ်လိုင်းတွေနဲ့ခရီးသွားလာမှုက ၂၂.၅%တိုးတက်လာတာ ကျွန်တော်တို့တွေ့မြင်ရတယ်။ဒါကို ကျွန်တော်တို့ ကြိုတင်ခန့်မှန်းပြီးသားပါပဲ။မေးချင်တာက ခင်ဗျားမှာ အဲ့တာတွေအတွက် အခုအစီအစဉ်တွေရှိနေပြီလား ဆိုတာပါပဲ။
USနဲ့ဥရောပမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေက လုပ်ငန်းရဲ့ရေရှည်ဦးတည်ရာကို တွေးတောသင့်တယ်။

ခရီးသွားလုပ်ငန်းသည်ရေရှည်အပြောင်းအလဲများကိုမြင်တွေ့ရမည်ဖြစ်ပြီးတရုတ်ခရီးသွားများအနေဖြင့်သူတို့၏ကျန်းမာရေးကိုစီမံခန့်ခွဲရန်ပိုမိုတိုးတက်လာအောင် စီမံခန့်ခွဲမှုနဲ့ စတင်လာပါပြီ။ဆေးဝါးနှင့်ကျန်းမာရေး ခရီးသွားလုပ်ငန်းသည်လူကြိုက်များလာနိုင်ပါတယ်။

ဤပြောင်းလဲနေသောလမ်းကြောင်းများကိုသတိပြုမိခြင်းကစီးပွားရေးလုပ်ငန်းများတွင် သူတို့၏ဖောက်သည်များနှင့်ဆက်ဆံရေးကိုအုတ်မြစ်ချရန် တထောင့်တနေရာကကူညီမည့်အရာပဲဖြစ်ပြီး အနာဂတ်ကပ်ရောဂါများနှင့်ရင်ဆိုင်ရတဲ့အခါမှာလည်း အားကောင်းနေမှာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က coronavirus ကိုပျံ့နှံ့ကူးစက်မှုဟုကြေငြာလိုက်ခြင်းဖြင့် အမေရိကန်နှင့်ဥရောပရှိစီးပွားရေးလုပ်ငန်းများသည် သူတို့၏ရုံးများကိုပိတ်ပစ်လိုက်ပြီး ကုမ္ပဏီရဲ့ အလေ့အထကိုကာကွယ်ရန်သူတို့၏အားထုတ်မှုများကိုပြည်တွင်းမှာ အာရုံစိုက်လိုက်ကြပါတယ်။ သို့သော် တရုတ်နိုင်ငံတွင်

အခြေစိုက်သည့်စီးပွားရေးလုပ်ငန်းများသည် လုပ်ငန်းလည်ပတ်မှုကိုပြန်လည်စတင်ပြီးပြီဖြစ်တယ်။ဒါကတရုတ် ပရိသတ်ဖောက်သည်များက ပြန်လည်လက်ခံလာတာကို ဆိုလိုခြင်းပဲလေ။

coronavirus ပြဿနာကိုဖြေရှင်းသည့်အခါ ပြင်ပအသိအမြင်ရှိသူများနှင့်သူတို့၏ဈေးကွက်ဝေစု ဝေမျှခြင်းကိုဆက်လက်ထိန်းသိမ်းထားသောစီးပွားရေးလုပ်ငန်းများသည် အမေရိကန်နှင့်ဥရောပရှိစီးပွားရေးလုပ်ငန်းများရဲ့တရုတ်ခရီးသွားများအတွက် အချိန်ကောင်းပဲဖြစ်ပါတယ်။

ဤဆောင်းပါးသည် တရုတ်၊ကိုရိုနာဗိုင်းရပ်စ်၊ဒီဂျစ်တယ်ကြော်ငြာခြင်း၊ဈေးကွက်ရှာဖွေရေး၊ကြော်ငြာခြင်း၊Technology နှင့်အေဂျင်စီတို့ကို ရည်ညွှန်းခြင်းဖြစ်ပါသည်။

 

Reference Source: The Drum

Myanmar Advertising Directory

 

Read times
Rate this item
(0 votes)