-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာဘေဘုတ်ထားရှိမယ့်နေရာပေါ်မှုတည်ပြီး ရွေးချယ်သင့်တဲ့ဒီဇိုင်းပုံစံများ

ကြော်ငြာဘေဘုတ်ထားရှိမယ့်နေရာပေါ်မှုတည်ပြီး ရွေးချယ်သင့်တဲ့ဒီဇိုင်းပုံစံများ Google

မြို့ကြီးပြကြီးတွေဟာ လူဦးရေသိပ်သည်းလှပြီး လူတွေဟာလည်း နေ့ရောညပါလမ်းပေါ်မှာ သွားလာလှုပ်ရှားနေတာကြောင့် မိမိတို့ရဲ့ကုန်ပစ္စည်းအမှတ်တံဆိပ်ကို လူတွေနဲ့အမြဲထိတွေ့နေစေဖို့ အကောင်းဆုံးနည်းလမ်းက ဘေဘုတ်ကြော်ငြာတွေပဲ ဖြစ်ပါတယ်။

သင့်လုပ်ငန်းကို ဘေဘုတ်ထောင်ပြီးကြော်ငြာတော့မယ်ဆိုရင် အရင်ဆုံးစဉ်းစားရမှာက မိမိကြော်ငြာဘေဘုတ်ထောင်မယ့် နေရာနဲ့လိုက်ဖက်မယ့် ဘေဘုတ်ဒီိဇိုင်းပုံစံပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်ကြော်ငြာဘေဘုတ်နဲ့လိုက်ဖက်မယ့် ဒီဇိုင်းကာလာကိုစဉ်းစားတဲ့အခါမှာ လိုအပ်တဲ့အချက်တွေကို အထောက်အကူဖြစ်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

(၁) သစ်ပင်အရိပ်အောက် ရှိနေ၊ မရှိနေ

သင့်ရဲ့ကြော်ငာဘေဘုတ်ဒီဇိုင်းဟာ အပင်အောက် ဒါမှမဟုတ် အရိပ်အောက်မှာရှိနေတယ်ဆိုရင် Low Contrast color များကို ဦးစားပေးစဉ်းစားသင့်ပါတယ်။

(၂) နောက်ခံ BG မှာ တိုက်ခန်းများ ရှိနေ၊ မရှိနေ

သင့်ကြော်ငြာဘေဘုတ်ဟာ တိုက်ခန်းများနောက်ခံတွင် ရှိနေရင်တော့ Patern များ အသုံးပြုခြင်းကို ရှောင်ရှားသင့်ပါတယ်။ အမှန်တော့ ဘေဘုတ်ဒီဇိုင်းဆွဲခြင်းတွင် နောက်ခံ pattern များ အသုံးပြုခြင်းကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။

(၃) အနောက်ခံက ကောင်းကင်ကြီးပဲရှိတယ်ဆိုရင်

တကယ်လို့ သင့်ကြော်ငြာဘေဘုတ်ရဲ့နောက်ခံဟာ ကောင်းကင်ကြီးပဲရှိနေတာမျိုးဆိုရင်တော့ High Contrast color, Color Temp များတဲ့ အရောင်တွေကို သုံးသင့်ပါတယ်။

(၄) ဘေဘုတ်ထားရှိမယ့် ကြာချိန်

ဘေဘုတ်တစ်ခုထားရှိမယ့်ကြာချိန်ကို စဉ်းစားတဲ့အခါမှာ တက်နေ၊ ကျနေ ကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနေ ဖြစ်နေပါက ထားရှိမယ့်အချိန်ဟာ လနဲ့ချီပြီးကြာမြင့်မယ်ဆိုရင် အသုံးပြုထားတဲ့ အရောင် လွင့်ခြင်း၊ မှိန်ခြင်း စတာတွေဖြစ်လာနိုင်တာကြောင့်ပါ။

အခုဖော်ပြပေးခဲ့တာကတော့ ဘေဘုတ်တစ်ခုထောင်မယ်ဆိုရင် ကိုယ်ထားရှိမယ့်နေရာနဲ့လိုက်ဖက်တဲ့အရောင်တွေကို ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ ဘေဘုတ်ကြော်ငြာခြင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို ကြည့်ရူချင်တယ်ဆိုရင်တော့ ဒီလင့်ခ်လေးမှာ https://bit.ly/2wGdqI4 ဝင်ရောက်ကြည့်ရူနိုင်ပါတယ်။

Read More >>> ကြော်ငြာဆိုင်းဘုတ်တစ်ခုထောင်မယ်ဆိုရင် ဘယ်လိုအရောင်မျိုးကိုရွေးချယ်သင့်လဲ?

Ref; Mynameistutorial

 

Read times
Rate this item
(1 Vote)