-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒေါ်လာ ၁ သောင်းအကုန်အကျခံထားသော အဖြူရောင်ဗလာ ကြော်ငြာ Billboard ကြီး




 



 


 


 


 


 

ခရစ္စမတ်အဖြူရောင်စည်းရုံးလှုံ့ဆော်ရေးကို ရုပ်ပိုင်းဆိုင်ရာ နဲ့ လှုံ့ဆော်ရန် လွယ်ကူသော်လည်း ရေဒီယိုလှိုင်းများမှတဆင့်လှုံ့ဆော်ရန်မှာ စိန်ခေါ်မှု တစ်ခု သက်သက်သာ ဖြစ်ပါတယ်။


 




 

<<<unicode>>>

 

Christmas အားလပ်ရက် မှာ လူကြီး လူငယ်မရွေး နေရာဒေသအသီးသီးတွင် အလုပ်လုပ် ကိုင် နေကြသော လူများမှာ မိမိ နေရပ်သို့ ပြန်လည်ကာ မိသားစုနှင့် Christmas ပွဲတော်ကို ဆင်နွှဲ ကြသည်။
းအားလပ်ရက်ဖြစ်သဖြင့် မိသားစုနှင့်တူတူ လျှောက်လည် ကြသည် ထိုအချိန်တွင်သာ လမ်းမကြီးများတွင်ရှိသော ကြော်ငြာ Billboard များကို အရေးတစိုက် ကြည့်မိသည်မှာ ဧကန်အမှန်ပင်ဖြစ်သည်။

ရုံးဖွင့်ရက် ၊ ကျောင်းဖွင့်ရက်တွေမှာ လူတွေ အနေနှင့် Billboard များကို ကြည့်ရန် သိပ်မအားတတ်ကြပေ။

ကနေဒါနိုင်ငံမှ ဖန်တီးမှု ပိုင်းဆိုင်ရာ ကြော်ငြာအေ ဂျင်စီ Wunder မှ ဒေါ်လာ ၁၀၀၀၀ တန်ကြော်ငြာ Billboard နေရာကိုဝယ်ယူပြီးအဖြူရောင်နေရာလွတ် Billboard အဖြစ်သာထားရန် ဆုံးဖြတ်ခဲ့သည်။

ကြော်ငြာ Billboard ကြီး တစ်ခုလုံးကို အဖြူရောင်ထားပြီး အောက်နေရာလေးတွင် Logo လေး သေးသေး လေး သာ ရေးထားတာ တွေ့ရပါတယ်။

White Christmas ဟုခေါ်သော ဈေးကွက်မြှင့်တင်ရေးဆိုင်ရာကြော်ငြာ Campaign သည်၊ ဒစ်ဂျစ်တယ်နှင့်ရေဒီယိုအပါအဝင်အမျိုးမျိုးသောကြော်ငြာနည်းလမ်းများဖြင့်ကျော်ကြားပြီး Nova Scotia, Halotax ဒေသခံများအတွက် စိတ်ဝင်စားဖွယ်ရာကြော်ငြာများဖြင့် ပြည့်နှက်နေလိမ့်မည်ပင်ဖြစ်သည်။

 


KOL Marketing အကြောင်းသိကောင်းစရာ

 

အဆိုပါ အေဂျင်စီ ရဲ့ ကြော်ငြာ ဖန်တီးနိုင်မှု စွမ်းအား သည်အင်မတန်ကောင်းလွန်းသည် ။ ကြော်ငြာ ကို အ‌ဖြူဗြောင်ကြီးပဲ ဘာလို့ ပြသထားတာလဲ နောက်ကွယ်မှာ ဘာအတွေးတွေရှိနေလို့လဲ???

ထိုအကြောင်းအရာနဲ့ပတ်သက်ပြီး Wunder အေဂျင်စီ ၏ Creative Dirctor ဖြစ်သော Stephen Flynn ကယခုလို ရှင်းပြခဲ့ပါတယ်“ အဆိုပါ ကြော်ငြာဆိုင်းဘုတ်ကြီးက လူတွေအမြင်မှာတော့ တော်တော်လေး မလန်းတဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးတစ်ခု လို့ မြင်နေရ ပေမဲ့ တကယ့်လက်တွေ့မှာ စဉ်းစားစရာ တစ်ခုအဖြစ်ရှိနေပါတယ် "

ခရစ္စမတ်အဖြူရောင်စည်းရုံးလှုံ့ဆော်ရေးကို ရုပ်ပိုင်းဆိုင်ရာ နဲ့ လံှု့ဆော်ရန် လွယ်ကူသော်လည်း ရေဒီယိုလှိုင်းများမှတဆင့် လှုံ့ဆော်ရန်မှာ စိန်ခေါ်မှု တစ်ခု သက်သက်သာ ဖြစ်ပါတယ်။

ဒေသခံရေဒီယိုအသံလွှင့်ဌာနမှ အေဂျင်စီအား 'တိတ်ဆိတ်စွာ' အသံလွှင့်ရန်ခွင့်ပြုမည်မဟုတ်ပါ။ထို့ကြောင့်သူတို့က အဆိုပါလုပ်ငန်းစဉ်ကို ခေတ္တခဏရပ်တန့်ထားရသည်။

အရောင်မရှိ, ဆောင်ပုဒ် မရှိ ပေးချင်တဲ့ Message မရှိသော White Christmas Campaign မှာ လူတွေအမြင်မှာ မှားကောင်းမှားနေလိမ့်မယ်။ သို့သော် White Christmas ခေါင်းစဉ်နှင့် တွဲ၍ ကြော်ငြာများကို Christmas ရာသီ တွင်

အချိန်မီဖြန့်ချိခြင်းနှင့် ဖြူစင်သောအဖြူရောင်(ဆီးနှင်းရောင်) ခရစ်စမတ်ကို လွန်စွာမှ ဖော်ကြူးနေပြီး ကြော်ငြာ တစ်ခုရဲ့ စနစ်တကျ ရှိသော အောင်မြင်မှု တစ်ခုသာဖြစ်ပါတယ်။

အနောက်နိုင်ငံရှိ လူအများ မှာ စပ်စု တတ်ကြတဲ့အတွက် အဆိုပါ ဆိုင်းဘုတ် အဖြူရောင်ကြီးကို သူ့တို့ စိတ်ထဲ အတွေးတစ်ခု အဖြစ်ရှိကောင်းရှိနေပါလိမ့်မယ်။

 

Myanmar Advertising Directory 

 

Read times
Rate this item
(0 votes)