-->
×

Warning

JUser: :_load: Unable to load user with ID: 29


မျက်နှာတွေ အားလုံး ကာထားတာ အလိုရှိသည်

ဤစိုးရိမ်ဖွယ်အချိန်ကာလအတွင်း ကျွန်ုပ်တို့သည် ဖုန်းကိုပွတ်၍ နောက်ဆုံးသတင်းများကို အမြဲတမ်းစစ်ဆေးသည်၊

ထိုသတင်းတို့က ကျွန်ုပ်တို့အား ပို၍ စိုးရိမ်ပူပန်စေသည်။ ယခုလို နည်းပညာက နာက်ဆုံးရ သတင်းအချက်အလက်များကို မှန်သည် မှားသည် လုပ်ကြံထားသည် မစိစစ်ဘဲ ပေါပေါလောလော စခရင်ပေါ် ဖော်ပြပေးနေသည့် ခေတ်မရာက်ခင် တစ်ချိန်တစ်ခါတုန်းက ယခုလို ကူးစက်ရောဂါကပ်ဘေူ ကျရောက်စဉ် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အသိပေးချက်များကို အခြေခံဂရပ်ဖစ်ရုပ်ပုံများဖြင့် ဆက်သွယ်အသိပေးရာ၌ အဝေးကပင် မြင်နိုင်စေရန် ပိုစတာများကို သုံးခဲ့ကြသည်။ ကြီးမားသောအတိုင်းအတာဖြင့် ထုတ်လုပ်ပြီးပြသသော ဤပိုစတာများသည် အများပြည်သူနှင့် သက်ဆိုင်သော အပြုအမူများနှင့် တစ်ခါတစ်ရံ ထိတ်လန့်ဖွယ်ကောင်းသော ပုံရိပ်များကို ထိန်းချုပ်ရန် ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့်စိတ်ပိုင်းဆိုင်ရာနည်းဗျူဟာ အမျိုးမျိုးကို အသုံးပြုခဲ့ကြသည်။ ဘာတွေကို အဓိက ထားပြီး အသိပေးပြီ သတိပေးခဲ့ကြသလဲ။

 

ချောင်းဆိုးသောအခါ ပါးစပ်ကို ဖုံးထားပါ၊ 

သင်နေမကောင်းဖြစ်သည့်အခါ အိမ်တွင် နေပါ၊ 

လူအုပ်ကို ရှောင်ပါ။

ပြူးတူးပြဲတဲ စာလုံးများဖြင့် ဖော်ပြထားသည်။ ရိုးသည်။ ရှင်းသည်။ ခပ်ချေချေ ရေးထားတယ်။ သို့သော် လိုရင်းကို ထိသည်။

တုပ်ကွေး ဆိုတာ များသောအားဖြင့် အဆုတ်ရောင်ရမ်းနာရောဂါနဲ့ ဇာတ်ရှုပ်သွားတတ်တယ်။ 

ယခုအခါ အမေရိကန်နိုင်ငံတစ်လွှား ပျံ့နှံ့နေတယ်။

ဒီရုံက ကျန်းမာရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်။ 

ခင်ဗျားလည်း အများနည်းတူ လုပ်ရမည်။

တကယ်လို့ ခင်ဗျား အအေးမိပြီး ချောင်းဆိုး 

နှာချေ နေတယ်ဆိုရင် ရုံထဲကို ဝင်မလာပါနဲ့။

နေပြန်ကောင်းတဲ့အထိ အိမ်မှာပြန်နေပြီး အိပ်ရာထဲ နေလိုက်ပါ။

ချောင်းဆိုးခြင်း နှာချေခြင်း တံတွေးထွေးခြင်းတို့ကို ဤရုံထဲမှာ ခွင့်ပြုလိမ့်မည် မဟုတ်ပါ။

ချောင်းဆိုးတာ နှာချေတာ ဖြစ်လာခဲ့ရင် ခင်ဗျားရဲ့ ကိုယ်ပိုင် လက်ကိုင်ပုဝါနဲ့ လုပ်ပါ။

တကယ်လို ချောင်းဆိုး နှာချေတာ ဆက်ဖြစ်နေရင် ရုံထဲက ချက်ချင်း ထွက်သွားလိုက်ပါ။

ဒီရုံက တုပ်ကွေးအကြောင် အမှန်တရားကို ဖြန့်ဖြူးဖို့ ကျန်းမာရေးဌာနနဲ့ သဘောတူထားပါတယ်။ 

သို့ဖြစ်ရာ ကြီးလေးသော ပညာပေးခြင်းရည်ရွယ်ချက်တစ်ခုကို ထမ်းဆောင်နေပါတယ်။

ရှီကာဂိုကို ကမ္ဘာ့အကျန်းမာဆုံးမြို့ဖြစ်အောင် ကျွန်ုပ်တို့ ထိန်းသိမ်းနေသည်ကို ကူညီပါ။

နှာချေတယ်ဆိုတာ တားဆီးလို့ ရသောအရာ မဟုတ်။ သိုဖြစ်ရာ မည်သို့ လုပ်ဆောင်ရမည်နည်း။

 

လက်ကိုင်ပုဝါနဲ့ အုပ်ပြီး ချေ၊ 

မြေကြီးရှိရာ အောက်ဖက်ကို ခေါင်းငိုက်ပြီးချေ။

ပါးစပ်ထဲ ခဲတံ၊ လက်ချောင်း မထည့်နဲ့။

ရေခွက် အတူတူ မသုံးကြနဲ့။

သူတစ်ပါးရှိရာ လေထုထဲ မချေပါနဲ့။

ကာတွန်းနဲ့ အပျော်အပြက် ပညာပေးတာမျိုးလည်း ရှိခဲ့တယ်။

 

နွေအခါ အရှည်ဝတ်၊ ဆောင်းအခါ မဝတ်နဲ့

 

ကိုယ့်ကိုယ်ကိုယ် ဝတ်ဖြစ်အောင်စား။ ကစီဓာတ်စား၊ 

သစ်သီးဖျော်ရည်က ဗီတာမင်တွေ အများအပြား ပေးတယ်။

 

ဟေးလားဟားလား အများကြှီး လုပ်ပြီး 

သုဘရာဇာ ကောင်းစားရေး လုပ်ပါ။

 

သူတစ်ပါး မျက်နှာပေါ် ချေ၊ 

ဒါမှ သူလည်း ဖျားနာမယ်။

 

ဟောင်းလောင်းပွင့်နေတဲ့နေရာမှ ဘာမှ မခြုံဘဲ အိပ်

ဒါမှ စောစောသေမယ်။

 

ကိုယ်ဘာသာ ဆရာဝန်လုပ်ပြီး ကု

ဆရာဝန်တွေက ငတုံးတွေ

 

ဒစ်ဂျစ်တယ်ခေတ်ရောက်လို့ ပိုစတာကြီးတွေ ထောင်တာ နည်းပါးသွားပြီ ဆိုပေမဲ့

ပိုစတာကြော်ငြာဒီဇိုင်းပညာကတော့ ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါတယ်။ 

 

စိုးရိမ်ထိတ်လန့် ဖြစ်ခြင်းနဲ့ သွေးအေးခြင်းတို့ နှစ်ခုပါတဲ့ 

အကြောင်းစုံ အမှန်အတိုင်းသိခြင်း ဖြင့် ရင်ဆိုင်ပါ။

 

မျက်နှာတွေ အားလုံး ကာထားတာ အလိုရှိသည်။

 

 

 

 

 

Read times
Rate this item
(0 votes)