-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကျားကြီးကို အိမ်ထဲမှာ လှောင်ချိုင့် အပြင် ထုတ်ခိုင်းလိုက်တဲ့ တိုက်ဂါး

 

ယခုကမ္ဘာနှင့်တစ်ဝှမ်းဖြစ်နေတဲ့ ကိုရိုနာရောဂါကြောင့် နာမည်ကြီး Brand တော်တော်များများရဲ့ Logo ( ကုန်အမှတ်တံဆိပ် ) များကို

"Social Distancing" လူတစ်ဦးနဲ့တစ်ဦး အကွာအဝေးတစ်ခုမှာနေခြင်း သဘောဆောင် ကာ မားကတ်တင်းသမားများက ၎င်းတို့ Brand ရဲ့ စားသုံးသူများအားသတိပေးကာ အပြိုင်အဆိုင်လှုံဆော်နေကြပါတယ်။

"Social Distancing"ဆိုတော့ လူအချင်းချင်း ခပ်ခွာခွာ နေဖို့လိုတယ်။ မလိုအပ်ဘဲ လူစုလူဝေး မလုပ်ရဘူး။ ဒီတော့ ရုပ်ရှင်ရုံများ၊စားသောက်ဆိုင်များ၊ကဇာတ်ရုံများ၊ ပင်လယ်ကမ်းခြေများ၊ဘားများနဲ့ ကလပ်တွေ စတာတွေကို ပိတ်ထားကြရတယ်။
နောက်တစ်ချက် မလိုအပ်ဘဲ အိမ်ပြင်မထွက်ဘဲ အိမ်မှာ နေခိုင်းတယ်။
အဒီနှစ်ချက်ကို ထင်ဟပ် သတိပေး တိုက်တွန်းတဲ့အချက်တွေကို ကြော်ငြာတွေမှာ ဖော်ပြပေးတဲ့အပြင် Logo ကိုပါ လိုက်လျောညီထွေ ပြောင်းလဲပေးပါတယ်။

ထို Logo ကို ပုံစံပြောင်းတဲ့ Brand များထဲတွင် Tiger ဘီယာ ပါဝင်ပါတယ် Tiger ဟာ သူ့ရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေဖြစ်တဲ့ Facebook နဲ့ အင်စတာဂရမ် တို့မှာ Page Logo ကို ချိန်းခဲ့တာပါ။

ကျားကြီးကို အိမ်ထဲမှာ လှောင်ချိုင့် အပြင် ထုတ်ခိုင်းလိုက်တဲ့ တိုက်ဂါးဘီယာ

Logo ကို အစက Tiger ဘီယာက နေလုံးနဲ့ အုန်းပင်ပုံ ( ပင်လယ်ကမ်းခြေအလား ) အား ကျားရဲ့ Background နောက်ခံ အဖြစ်ထားခဲ့တာဖြစ်ပြီး အခုမှာတော့ ကျားရဲ့ နောက်က Background ကို အိမ်ပုံစံ ပြောင်းလဲခဲ့ပါတယ်။

စင်ကာပူမှာ Logo အသစ်ကြော်ငြာ တွင် ' ငါတို့ရဲ့ လမ်းတွေကို အထောက်အကူပြုသော အားဖြင့် ထိုလမ်းများရဲ့ အဝေးမှာ နေထိုင်ကြပါ ' ဆိုကာရေးသားထားပါတယ်။ထို Tiger ဘီယာ လုပ်ငန်းစုက စင်ကာပူနိုင်ငံသားများ ကို သူ့တို့ဘဝတွေကို ကျန်းမာပျော်ရွှင်စွာနေနိုင်ဖို့ အိမ်မှာပဲ နေပါ အပြင် မထွက်ကြဖို့ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ တင်တဲ့ ပိုစတာမှာတော့ "တတ်နိုင်သလောက် အိမ်ထဲမှာမှာသာနေပါ" လို့ ဖော်ပြထားတယ်။
Hashtagကတော့ #UncageAtHome ဖြစ်ပါတယ်။ အိမ်မှာ လှောင်အိမ်အပြင် ထုတ်ပါတဲ့။ အိမ်မှာပဲ ဘီယာဘူး ဖောက်ပြီး သောက်ဖို့ ဆိုလိုတာ ဖြစ်မယ်။

Tiger Beer switches its sun for house in logo to support stay at home

Tiger မှတင်မဟုတ်ပါဘူး Brand တွေတော်တော်များများ က ယခုအချိန်မှာ အိမ်မှာနေဖို့အသိပညာပေး တွေ Sharing လုပ်နေပါတယ် ဒါ့ထက် IKEA မှလည်း '' Stay Home '' Camaign လုပ်ပြီးIKEA မှ အကြီးဆုံးဖြစ်တဲ့ Nigel Richardson က အခုချိန်မှာ သင်ချစ်တဲ့ မိသားစုတွေနဲ့ အိမ်မှာနေနေဖို့ က အရေးအကြီးဆုံးပါ ဆိုကာပြောကြားသွားခဲ့ပါတယ်။

မလေးရှား မှာလည်းပဲ Brand တွေက သူတို့ရဲ့ Logo တွေကို လက်ရှိ အခြေအနေအလိုက် Stay Home ပုံစံဖန်တီးကြတယ်သိရပါတယ်။Brand တွေနဲ့ အေဂျင်စီတွေဖြစ်တဲ့ Celcom, Entropia နဲ့ လက်မှတ်အရောင်း ပလက်ဖောင်းဖြစ်တဲ့ redBus တို့လည်း အိမ်မှာနေဖို့ လူစုလူဝေး ရှောင်ဖို့Logo တွေလုပ်ထားကြပြီသိရပါတယ်။

 

က်ားႀကီးကို အိမ္ထဲမွာ ေလွာင္ခ်ိဳင့္ အျပင္ ထုတ္ခိုင္းလိုက္တဲ့ တိုက္ဂါး

ယခုကမာၻႏွင့္တစ္ဝွမ္းျဖစ္ေနတဲ့ ကို႐ိုနာေရာဂါေၾကာင့္ နာမည္ႀကီး Brand ေတာ္ေတာ္မ်ားမ်ားရဲ႕ Logo ( ကုန္အမွတ္တံဆိပ္ ) မ်ားကို "Social Distancing" လူတစ္ဦးနဲ႔တစ္ဦး အကြာအေဝးတစ္ခုမွာေနျခင္း သေဘာေဆာင္ ကာ မားကတ္တင္းသမားမ်ားက ၎တို႔ Brand ရဲ႕ စားသုံးသူမ်ားအားသတိေပးကာ အၿပိဳင္အဆိုင္လႈံေဆာ္ေနၾကပါတယ္။

"Social Distancing"ဆိုေတာ့ လူအခ်င္းခ်င္း ခပ္ခြာခြာ ေနဖို႔လိုတယ္။ မလိုအပ္ဘဲ လူစုလူေဝး မလုပ္ရဘူး။ ဒီေတာ့ ႐ုပ္ရွင္႐ုံမ်ား၊စားေသာက္ဆိုင္မ်ား၊ကဇာတ္႐ုံမ်ား၊ ပင္လယ္ကမ္းေျခမ်ား၊ဘားမ်ားနဲ႔ ကလပ္ေတြ စတာေတြကို ပိတ္ထားၾကရတယ္။
ေနာက္တစ္ခ်က္ မလိုအပ္ဘဲ အိမ္ျပင္မထြက္ဘဲ အိမ္မွာ ေနခိုင္းတယ္။
အဒီႏွစ္ခ်က္ကို ထင္ဟပ္ သတိေပး တိုက္တြန္းတဲ့အခ်က္ေတြကို ေၾကာ္ျငာေတြမွာ ေဖာ္ျပေပးတဲ့အျပင္ Logo ကိုပါ လိုက္ေလ်ာညီေထြ ေျပာင္းလဲေပးပါတယ္။

ထို Logo ကို ပုံစံေျပာင္းတဲ့ Brand မ်ားထဲတြင္ Tiger ဘီယာ ပါဝင္ပါတယ္ Tiger ဟာ သူ႔ရဲ႕ ဆိုရွယ္မီဒီယာ ပလက္ေဖာင္းေတြျဖစ္တဲ့ Facebook နဲ႔ အင္စတာဂရမ္ တို႔မွာ Page Logo ကို ခ်ိန္းခဲ့တာပါ။

Logo ကို အစက Tiger ဘီယာက ေနလုံးနဲ႔ အုန္းပင္ပုံ ( ပင္လယ္ကမ္းေျခအလား ) အား က်ားရဲ႕ Background ေနာက္ခံ အျဖစ္ထားခဲ့တာျဖစ္ၿပီး အခုမွာေတာ့ က်ားရဲ႕ ေနာက္က Background ကို အိမ္ပုံစံ ေျပာင္းလဲခဲ့ပါတယ္။

စင္ကာပူမွာ Logo အသစ္ေၾကာ္ျငာ တြင္ ' ငါတို႔ရဲ႕ လမ္းေတြကို အေထာက္အကူျပဳေသာ အားျဖင့္ ထိုလမ္းမ်ားရဲ႕ အေဝးမွာ ေနထိုင္ၾကပါ ' ဆိုကာေရးသားထားပါတယ္။ထို Tiger ဘီယာ လုပ္ငန္းစုက စင္ကာပူႏိုင္ငံသားမ်ား ကို သူ႔တို႔ဘဝေတြကို က်န္းမာေပ်ာ္႐ႊင္စြာေနႏိုင္ဖို႔ အိမ္မွာပဲ ေနပါ အျပင္ မထြက္ၾကဖို႔ တိုက္တြန္းလိုက္တာျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕မွာ တင္တဲ့ ပိုစတာမွာေတာ့ "တတ္ႏိုင္သေလာက္ အိမ္ထဲမွာမွာသာေနပါ" လို႔ ေဖာ္ျပထားတယ္။
Hashtagကေတာ့ #UncageAtHome ျဖစ္ပါတယ္။ အိမ္မွာ ေလွာင္အိမ္အျပင္ ထုတ္ပါတဲ့။ အိမ္မွာပဲ ဘီယာဘူး ေဖာက္ၿပီး ေသာက္ဖို႔ ဆိုလိုတာ ျဖစ္မယ္။

Tiger မွတင္မဟုတ္ပါဘူး Brand ေတြေတာ္ေတာ္မ်ားမ်ား က ယခုအခ်ိန္မွာ အိမ္မွာေနဖို႔အသိပညာေပး ေတြ Sharing လုပ္ေနပါတယ္ ဒါ့ထက္ IKEA မွလည္း '' Stay Home '' Camaign လုပ္ၿပီးIKEA မွ အႀကီးဆုံးျဖစ္တဲ့ Nigel Richardson က အခုခ်ိန္မွာ သင္ခ်စ္တဲ့ မိသားစုေတြနဲ႔ အိမ္မွာေနေနဖို႔ က အေရးအႀကီးဆုံးပါ ဆိုကာေျပာၾကားသြားခဲ့ပါတယ္။

မေလးရွား မွာလည္းပဲ Brand ေတြက သူတို႔ရဲ႕ Logo ေတြကို လက္ရွိ အေျခအေနအလိုက္ Stay Home ပုံစံဖန္တီးၾကတယ္သိရပါတယ္။Brand ေတြနဲ႔ ေအဂ်င္စီေတြျဖစ္တဲ့ Celcom, Entropia နဲ႔ လက္မွတ္အေရာင္း ပလက္ေဖာင္းျဖစ္တဲ့ redBus တို႔လည္း အိမ္မွာေနဖို႔ လူစုလူေဝး ေရွာင္ဖို႔Logo ေတြလုပ္ထားၾကၿပီသိရပါတယ္။

Read times
Rate this item
(0 votes)