-->
×

Warning

JUser: :_load: Unable to load user with ID: 29


YBS ယာဉ်လိုင်းများ ကြော်ငြာကပ်ရာတွင် သတ်မှတ်ချက်ကို လိုက်နာခြင်းမရှိပါက အရေးယူမည်

YBS ယာဉ်လိုင်းတွင် ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ယာဉ်များအနေဖြင့် မော်တော်ယာဉ်တွင်

ကြော်ငြာကပ်ခြင်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်း မရှိပါကအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့(YRTA)မှ အသိပေးချက် ထုတ်ပြန်လိုက်သည်။

အဆိုပါ ခရီးသည်ယာဉ်များ၌ ကြော်ငြာများကပ်ရာတွင် သတ်မှတ်ချက်ကိုလိုက်နာခြင်းမရှိပါက အများပြည်သူ သယ်ယူပို့ဆောင်ရေးတွင် မလိုလားအပ်သောပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။ သို့ဖြစ်၍ YBS ယာဉ်လိုင်းတွင်ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ယာဉ်များအနေဖြင့် မော်တော်ယာဉ်တွင် ကြော်ငြာကပ်ခြင်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာခြင်းမရှိပါက YRTA မှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

YBS ခရီးသည်တင် ယာဉ်လိုင်းများတွင် ပါဝင်ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ်များအနေဖြင့် မော်တော်ယာဉ်များတွင် ကြော်ငြာများကပ်ခြင်းနှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေး မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေပါသတ်မှတ်ချက်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ (၂၀၁၈ ခုနှစ်)ပါ ကြော်ငြာကပ်ခြင်းနှင့်စပ်လျဉ်းသည့် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။

ထိုသို့ လိုက်နာဆောင်ရွက်ခြင်း ရှိစေရေးအတွက် YBS ခရီးသည် မော်တော်ယာဉ်များပြေးဆွဲလျက်ရှိသော ကုမ္ပဏီများနှင့် ပုဂ္ဂလိကကြီးကြပ်ယာဉ်လိုင်းအဖွဲ့များသို့ အသိပေးအကြောင်းကြားထားပြီးဖြစ်၍ အဆိုပါ သတ်မှတ်ချက်စည်းကမ်းများကို သက်ဆိုင်ရာခရီးသည်တင်ယာဉ်ကုမ္ပဏီများနှင့် ပုဂ္ဂလိကယာဉ်ပိုင်ရှင်များ အနေဖြင့် လိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

မြို့တော် သတင်း

Read times
Rate this item
(1 Vote)