-->
×

Warning

JUser: :_load: Unable to load user with ID: 29


Seoul Metro က ဘူတာရုံ အမည်များ ရောင်းပြီး တစ်ဖက်တလမ်းမှ ဝင်ငွေရှာ

Seoul Metro  က ဘူတာရုံ အမည်များ ရောင်းပြီး တစ်ဖက်တလမ်းမှ ဝင်ငွေရှာ

ဘူတာရုံအမည်နောက်မှာ လုပ်ငန်းအမည်ဖော်ပြပေးဖို့ မြေအောက်ရထားဘူတာရုံ ၅၀ ခုအတွက် ရောင်းချပြီး မြေအောက်ရထားလုပ်ငန်းက ဘဏ္ဍာရေး အခက်အခဲများကို ဖြေရှင်းပါတယ်။

တောင်ကိုရီးယားနိုင်ငံမှ မြေအောက်ရထားလိုင်းများ Subway Lines No. 1 မှ 8 အထိ ပြေးဆွဲလျက်ရှိတဲ့ Seoul Metro ကုမ္ပဏီက တစ်နှစ်တာမှာ ဝမ် ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၉၉ သန်း) ခန့် အသားတင်အရှုံးပေါ်နေခဲ့ပါတယ်။ အသက်ကြီးတဲ့ နိုင်ငံသားများကို ရထားအခမဲ့စီးခွင့် ပေးထားရတဲ့အပြင် ကပ်ရောဂါကြောင့် ခရီးသည် အရနည်းနေလို့ အကြီးအကျယ် အရှုံးပေါ်နေတာ ဖြစ်ပါတယ်။ 

 ပြီးခဲ့တဲ့နှစ်မှာ အရှုံးစုစုပေါင်း ဝမ် ၁၇.၃ ထရီလီယံအထိ ဖြစ်လာခဲ့ပါတယ်။

 

Annotation 2022-06-06 171952.jpg

 

ဘဏ္ဍာရေးပြဿနာ ကျော်လွှားနိုင်ဖို့အတွက် Seoul Metro က ဘူတာရုံအမည်နှင့်တွဲပြီး လုပ်ငန်းအမည် ဖော်ပြပေးတာကို ၂၀၁၆ ခုနှစ်ကတည်းက လေလံစနစ်ဖြင့် နေရာရောင်းချပြီး ဝင်ငွေ ရှာဖွေရယူခဲ့ပါတယ်။

 

ဘူဝာရုံအမည်ဖော်ပြတဲ့အခါ ဘူတာရုံအမည်နောက်မှာ ကွင်းစကွင်းပိတ်ဖြင့် လုပ်ငန်းအမည်ကို ဖော်ပြပေးတဲ့အပြင် ရထားပေါ်မှာ ဘူတာရုံအမည်ကို ကြေညာတဲ့အခါမှာလည်း ဘူတာအမည်နောက်မှာ လုပ်ငန်းအမည်ကို ကြေညာပေးပါတယ်။ အမည်နေရာ ဝယ်တဲ့စာချုပ်သက်တမ်းက ၃ နှစ် ဖြစ်ပါတယ်။ သက်တမ်း တစ်ကြိမ် တိုးခွင့် ရှိတယ်။ သက်တမ်းတိုးပြီး သက်တမ်းကုန်လို့ ထပ်တိုးချင်ရင် လေလံပြန်ပြိုင်ရမှာ ဖြစ်ပါတယ်။

 

Annotation 2022-06-06 171655.jpg

 

၂၀၂၂ ဇွန်လမှာ မက်ထရိုဘူတာရုံ ၃၃ ခု သက်တမ်းတိုးထားကြတယ်။ 

ဈေးအမြင့်ဆုံးက ဝမ် ၈၇၄ သန်း ($7,000)ဖြစ်ပါတယ်။ 

 

Seoul Metro က မြေအောက်ရထား ဘူတာရုံ ၂ရ၅ ခုအထိ တိုးချဲ့လုပ်ကိုက်ဖို့ အစီအစဉ် ရှိပါတယ်။ ဘူတာရုံ ၆၇ ခုကတော့ လူထုအကျိုးအတွက် လုပ်ကိုက်နေတဲ့အဖွဲ့အစည်းတွေဖြစ်နေလို့ အခမဲ့ သုံးခွင့်ပေးထားပါတယ်။

Read times
Rate this item
(0 votes)