-->
×

Warning

JUser: :_load: Unable to load user with ID: 29


မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရတဲ့ အရည်အသွေးမြင့် အမှတ်တံဆိပ်တစ်ခု (သို့မဟုတ်) SAMSUNG

မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရတဲ့ အရည်အသွေးမြင့် အမှတ်တံဆိပ်တစ်ခု (သို့မဟုတ်) SAMSUNG google.com

မိုဘိုင်းဖုန်းတွေနဲ့ ခေတ်ပေါ်အီလက်ထရောနစ်ထုတ်ကုန်တွေကို မြန်မာနိုင်ငံမှာ ဖျော်ဖြေရေးပစ္စည်းတွေအနေနဲ့ စတင်အသုံးပြုလာကြတဲ့ အစောပိုင်းအချိန်ကတည်းကစပြီး Samsung ဟာ အရည်အသွေးကောင်းမွန်မှုနဲ့ တီထွင်ဆန်းသစ်မှုတွေကြောင့် နာမည်ကျော်ကြားတဲ့ အမှတ်တံဆိပ်တစ်ခုအဖြစ် လူသိများလာခဲ့ပါတယ်။ နိုင်ငံအတွင်း

စီးပွားရေး နယ်ပယ်အခွင့်အလမ်းတွေ ပိုမိုပွင့်လင်းလာတာနဲ့အမျှ ပြိုင်ဘက်အမှတ်တံဆိပ်တွေနဲ့ ဈေးနှုန်းပိုမိုချိုသာတဲ့ စမတ်ဖုန်းတွေ ဈေးကွက်အတွင်းကို ဝင်ရောက်မှုတွေရှိလာတာကိုတွေ့ရမှာပါ။ Samsungအနေနဲ့လည်း သုံးစွဲသူတွေ ပေးရတဲ့ တန်ဖိုးအလျောက် အသုံးဝင်ခေတ်မီဆန်းသစ်ပြီး ယုံကြည်စိတ်ချရတဲ့နည်းပညာအမှတ်တံဆိပ်တစ်ခုအဖြစ် လူကြိုက်များရုံသာမက ခေတ်ရေစီးကြောင်းအလိုက် သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို စဉ်ဆက်မပြတ် နားထောင်လျက်ရှိတဲ့ ကုန်အမှတ်တံဆိပ်တစ်ခု အနေနဲ့လည်းရပ်တည်လျက် ရှိပါတယ်။
နှစ်ပေါင်းများစွာ Samsungဟာ မိုဘိုင်းဖုန်း၊ နည်းပညာဆိုင်ရာပစ္စည်းတွေ နဲ့ အီလက်ထရောနစ် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ရောင်းချတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့အပြင် သုံးစွဲသူတွေရဲ့ လူနေမှုဘဝပုံစံ နဲ့ လူ့အဖွဲ့အစည်းကိုပိုမိုအဆင်မြင့်လာစေဖို့ အရည်အသွေးမြင့် ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးနိုင်စေဖို့အတွက် အစဉ်အမြဲ နည်းလမ်းများ ရှာဖွေလျက်ရှိတာကို သုံးစွဲသူတွေအနေနဲ့လည်း သတိပြုမိလာကြပြီဖြစ်ပါတယ်။
Samsung ဟာ ကန်ဒေါ်လာ ၅၆.၂ ဘီလီယံ တန်ဖိုးရှိ ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး Interbrand ရဲ့“ကမ္ဘာ့အကောင်းဆုံး အမှတ်တံဆိပ် ၂၀၁၇” မှာ နံပါတ် ၆ နေရာတွင်ရပ်တည်လျက်ရှိတဲ့အပြင် ၂၀၁၂ ခုနှစ် ကနေ ၂၀၁၇ ခုနှစ်အထိ Interbrand အဆင့်သတ်မှတ်ချက်မှာ ထိပ်တန်းအမှတ်တံဆိပ် ၁၀ ခုမှာ နှစ်စဉ်ပါဝင်လျက်ရှိပါတယ်။
Samsungရဲ့ ကုန်အမှတ်တံဆိပ် တန်ဖိုး စဉ်ဆက်မပြတ် တိုးတက်အောင်မြင်လာတာကို အဆိုပါစစ်တမ်း တွေက တစ်ဆင့်သိသိသာသာ မြင်တွေ့နိုင်ပါတယ်။ Campaign Asia-Pacific နဲ့ Nielson တို့ ပူးပေါင်းကောက်ယူခဲ့တဲ့ “အာရှရဲ့အကောင်းဆုံး အမှတ်တံဆိပ် ၁၀၀၀” စစ်တမ်းရဲ့ ရလဒ်တွေအရလည်း Samsung အနေနဲ့ အာရှမှာ အကောင်းဆုံး အမှတ်တံဆိပ်တစ်ခုအနေနဲ့ ခြောက်နှစ်ဆက်တိုက် ရပ်တည်လျက်ရှိပါတယ်။
ဒါ့အပြင် Myanmar Online Advertising (MOA) က မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်တမ်းမှာလည်း ”Samsung အနေနဲ့ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ စမတ်ဖုန်းဈေးကွက်မှာ ထိပ်ဆုံးကနေ ရပ်တည်လျက်ရှိပါတယ်။”လို့ဖော်ပြခဲ့တာကိုတွေ့ရပါတယ်။ အဲဒီလို Samsungက နိုင်ငံတကာအဆင့်မီ အမှတ်တံဆိပ်တစ်ခုအနေနဲ့ အခုလိုမျိုးရပ်တည်နေနိုင်နေရတဲ့ အကြောင်းရင်းတွေကို ကြည့်လိုက်ကြရအောင်။
ကောင်းမွန်ပြည့်စုံတဲ့ Customer Service
Samsung သုံးစွဲသူတွေအားလုံး အတွက် ထုတ်ကုန်တွေဝယ်ယူသုံးစွဲပြီးတဲ့အခါမှာ ရနိုင်တဲ့ အမျိုးမျိုးသော ဝန်ဆောင်မှုတွေကို နိုင်ငံနှင့်တစ်ဝှမ်းရရှိနိုင်ပြီး အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ Samsung အနေနဲ့ မြန်မာနိုင်ငံနှင့်တစ်ဝှမ်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မုံရွာ၊ ပုသိမ် အစရှိတဲ့ မြို့ကြီးတွေမှာ Customer Service Center တွေဖွင့်လှစ်ပေးထားပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်တဲ့ Iconic Customer Service Plaza ကိုလည်း ရန်ကုန်မြို့မှာ ဖွင့်လှစ်ခဲ့ပါသေးတယ်။
လက်ရှိအဲ့ဒီ Iconic Customer Service Plaza မှာ အမျိုးမျိုးသော ဝန်ဆောင်မှုတွေကို တစ်နေရာထဲမှာ ရရှိနိုင်အောင် စီစဉ်ပံ့ပိုးပေးလျက်ရှိပါတယ်။ အဆိုပါ ပလာဇာမှာ အီလက်ထရောနစ်ထုတ်ကုန်တွေ အကုန်လုံးအတွက် ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးနေရုံသာမကဘဲ နောက်ဆုံးပေါ်ထုတ်ကုန်တွေကိုလည်း စမ်းသပ်ကြည့်ရှုအသုံးပြုနိုင်ဖို့အတွက် ခင်းကျင်းပြသပေးထားပါတယ်။ ကျွမ်းကျင်ပညာရှင် နှင့် ဝန်ထမ်းပေါင်း ၃၀ ကျော်ခန့်အပ်ပေးထားပြီး တစ်နေ့အတွင်းသုံးစွဲသူပေါင်း ၃၀၀ ကျော်ကို ဝန်ဆောင်မှုတွေ ပေးအပ်လျက် ရှိပါတယ်။
ဒါ့အပြင် ၂၀၁၆ ခုနှစ်ကတည်းကစတင်ပြီး Samsung Myanmar မှ flagship ဖုန်းများအတွက် စီစဉ်ပေးထားတဲ့ Premium Care Service ကို စတင်မိတ်ဆက်ပေးထားပါတယ်။ ဒီလိုသီးသန့်စီစဉ်ပေးထားတဲ့ ဝန်ဆောင်မှုကြောင့် သုံးစွဲသူတွေအနေနဲ့ အထူးခံစားခွင့်များကို ရရှိနိုင်ပြီး Samsung အနေနဲ့လည်း သုံးစွဲသူတွေဆီကနေ ကျေနပ်သဘောကျ အသိအမှတ်ပြုမှုတွေကိုလည်း ရရှိခဲ့ပါတယ်။
Samsung သုံးစွဲသူတွေအတွက် တစ်ကမ္ဘာလုံးအသုံးပြုနိုင်တဲ့ ဆက်သွယ်ရေးဆိုင်ရာ ပလက်ဖောင်းသစ် Samsung Members ကိုလည်း မကြာသေးမီက မိတ်ဆက်ခဲ့ပါတယ်။ Samsung ချစ်သူတွေအနေနဲ့ ၀ယ်ယူပြီးနောက်ပိုင်း ပိုင်ဆိုင်မှု အကျိုးခံစားခွင့်၊ Customer service ကို တိုက်ရိုက်ဆက်သွယ်နိုင်ခြင်း နဲ့ Samsung ထုတ်ကုန်တွေကို အဓိက Platform တစ်ခုတည်းနဲ့ ထိန်းသိမ်းနိုင်ခြင်း အစရှိတဲ့ အကျိုးခံစားခွင့်တွေကို အဆိုပါ ပလက်ဖောင်းကတစ်ဆင့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ပြဿနာတွေကို အလျှင်မြန်ဆုံး ဖြေရှင်းပေးနိုင်တဲ့ ဝန်ဆောင်မှုပိုင်းဆိုင်ရာ အကြံပေးသူတွေနဲ့ တိုက်ရိုက် Live Chat ပြုလုပ်နိုင်စေဖို့လည်း ထည့်သွင်းပေးထားပါတယ်။ တိုးတက်များပြားလာတဲ့ Samsung သုံးစွဲသူတွေကြား ထူးခြားဆန်းပြားတဲ့ လုပ်ဆောင်ချက်တွေ၊ အပြန်အလှန် ကူညီဖြေရှင်း မျှဝေမှုတွေကို ပလက်ေ်ဖောင်းတစ်ခုတည်းကနေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အထူးအစီအစဉ်တွေ နဲ့ ကူပွန်တွေကို လဲလှယ်အသုံးပြုနိုင်တဲ့ Reward အစီအစဉ်ကိုလည်း အဲဒီ့အက်ပ်မှာ ထည့်သွင်းပေးထားပါတယ်။
သုံးစွဲသူတွေအပေါ် ကျေးဇူးတုံ့ပြန်မှု
Samsung အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရုံအတွက်သာမက ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့အထူးအစီအစဉ်တွေကိုလည်း ပုံမှန်ပြုလုပ်ပေးလျက်ရှိပါတယ်။ သုံးစွဲသူတွေအတွက် ရာသီအလိုက်၊ လစဉ် အထူးဈေးနှုန်း၊ကံစမ်းမဲအစီအစဉ် နဲ့ အထူးပွဲအခမ်းအနားတွေကိုလည်း အစဉ်အမြဲ မိတ်ဆက်ပြုလုပ်ပေးလျက်ရှိပါတယ်။ဒါ့အပြင် Samsung အနေနဲ့ လူမှုကွန်ယက်မှာလည်း Samsung ချစ်သူတွေအတွက် ပြိုင်ပွဲနဲ့ အထူးအစီအစဉ်တွေကိုစဉ်ဆက်မပြတ် ဖန်တီး ဆောင်ရွက်လျက်ရှိပါတယ်။
လူအဖွဲ့အစည်းကို တစ်ထောင့်တစ်နေရာကနေ တတ်စွမ်းသမျှပံ့ပိုးပေးနေတဲ့ Samsungနိုင်ငံတကာမှာ စိတ်ချယုံကြည်ရတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Samsung အနေနဲ့ မြန်မာနိုင်ငံကိုစတင်ဝင်ရောက်လာခဲ့တဲ့ ၂၀၁၂ ခုနှစ်ကဲ့ စတင်ပြီး လူမှုအကျိုးပြုလုပ်ငန်းတွေကို တစိုက်မတ်မတ်လုပ်ဆောင်လျက်ရှိပါတယ်။ ကျောင်းသားပေါင်း ၄၀၀ ကျော်ကို မိုဘိုင်းအက်ပ်လီကေးရှင်းဖန်တီးခြင်းသင်တန်း နဲ့ အသက်မွေးဝမ်းကြောင်း ဆိုင်ရာ နည်းပညာတို့ကို လေ့ကျင့်သင်ကြားပေးတဲ့ စီမံကိန်းအစရှိတဲ့ ပညာရေးကို အဓိကထားတဲ့ အစီအစဉ်တွေကို ၂၀၁၃ ခုနှစ်ကတည်းက ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၆ ခုနှစ်ကစတင်ပြီးတီဗွီ နှင့် မိုဘိုင်းဖုန်းပြုပြင်ရေးဆိုင်ရာ သင်တန်းတွေကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။ Samsung အနေနဲ့၂၀၁၅ ခုနှစ် အစောပိုင်းကစပြီး NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာရွေ့လျားပညာသင်ကြားရေးနဲ့ ပူးပေါင်းပြီးမြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရတဲ့ ကလေးသူငယ်တွေကိုသူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ပေးဖို့အတွက် ရွေ့လျားစာသင်ခန်းတွေနဲ့အတူ တစ်ဖက်တစ်လမ်းကနေကူညီ ပံ့ပိုးပေးလျက်ရှိပါတယ်။
ဒါ့အပြင် ၂၀၁၃ နဲ့ ၂၀၁၇ခုနှစ်အတွင်း မှာလည်း Samsung Quiz Show လို့ လူအများသိကြတဲ့ မြန်မာနိုင်ငံမှာရှိတဲ့ကျောင်းသားတွေကို ပိုမိုသင်ယူလေ့လာလိုစိတ်နဲ့ ကိုယ်စွမ်းကိုယ်စများကို အကောင်းဆုံး ကြိုးစားပြီး ဖော်ထုတ်ပြသလိုစိတ်တွေ ပေါ်ပေါက်လာစေဖို့ တွန်းအားပေးနိုင်တဲ့ ပညာရေးဆိုင်ရာ ရုပ်မြင်သံကြားအစီအစဉ်ကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။
ဒါတင်မကသေးပါဘူး။ နှစ်စဉ် အောက်တိုဘာလတိုင်းမှာပြုလုပ်ကျင်းပလေ့ရှိတဲ့ “Samsung Love and Care” အစီအစဉ်မှာဆိုရင်လည်း Samsung ဝန်ထမ်းတွေကလိုအပ်နေတဲ့လူ့အဖွဲ့အစည်း နဲ့ အသင်းအဖွဲ့တွေဆီ သွားရောက်ပြီး တစ်နေ့တာ လုပ်အားပေးပံ့ပိုးကူညီလေ့ရှိကြပါတယ်။Samsung အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို အလေးထားဦးစားပေးပြီး နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေနဲ့ လူမှုအကျိုးပြု အစီအစဉ်တွေကတဆင့် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဆက်လက်ဖန်တီး ယူဆောင် ပေးသွားမှာပါ။
Source ; Duwun

Read times
Rate this item
(1 Vote)