-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာတွေရဲ့ ရည်ရွယ်ချက်

ကြော်ငြာတွေရဲ့ ရည်ရွယ်ချက် google.com

ကြော်ငြာဆိုတာ မျက်မှောက်ခေတ် စီးပွားရေးလုပ်ငန်းတိုင်းအတွက် မရှိမဖြစ် လုပ်ဆောင် လေ့ရှိကြတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။  ကုန်ပစ္စည်းကြော်ငြာ၊ အလုပ်ကြော်ငြာ၊ သင်တန်းကြော်ငြာ၊ ဝန်ဆောင်မှုကြော်ငြာ အစရှိသဖြင့် ကြော်ငြာပေါင်း မျိုးစုံနဲ့

နေ့စဉ်ကြုံတွေ့နေရမှာ မလွဲဧကန်ပဲမဟုတ်ပါလား...အနည်းဆုံးတော့ မိမိတို့အသုံးပြုနေတဲ့ လက်ကိုင်ဖုန်းထဲကို Operator တွေကနေ SMS နဲ့ နေ့စဉ်ပို့နေတဲ့ ကြော်ငြာတစ်ခုမဟုတ်တစ်ခုတော့ ရရှိနေလိမ့်မှာ မလွဲပါဘူး...

အထူးသဖြင့် မျက်မှောက်ခေတ် Digital ITခေတ်ကြီးထဲမှာ မနက်မိုးလင်းလို့ FBတို့၊ TVတို့ ဖွင့်လိုက်တာနဲ့ ကြော်ငြာတွေကို အပြိုင်အဆိုင်တွေ့မြင်နေရမှာပဲ ဖြစ်ပါတယ်...ကြော်ငြာတွေကို အိမ်ထဲမှာတင် တွေ့နိုင်သလို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ တီဗွီ၊ ရေဒီယို၊ ဘေဘုတ်၊ ဖျောဖြေရေးပွဲ၊ အရောင်း မြင့်တင်ရေးပွဲ၊ လက်ကမ်းကြော်ငြာ အစရှိသဖြင့် နည်းလမ်းမျိုးစုံနဲ့ တွေ့မြင်ကြရမှာပဲ ဖြစ်ပါတယ်။

ကြော်ငြာခြင်းဆိုတာ ယေဘုယျအားဖြင့် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်...
မှန်ပါတယ် စီးပွားရေးလုပ်ပြီး မကြော်ငြာတာဟာ မိမိနာမည်မိတ်မဆက်ဘဲ ရည်းစားစကား သွားပြောတာနဲ့ အတူတူပါပဲ...ဒါ့အပြင် မိမိဘာတွေရောင်းသလဲဆိုတာ Customer တွေ သိရှိအောင် မကြော်ငြာမှ တော့ ဘယ်Customerကမှ မိမိအိမ်တံခါးလာခေါက်ပြီး လာဝယ်လိမ့်မှာမဟုတ်ပါဘူး။
ဒါကြောင့် သေးငယ်တဲ့ အိမ်တွင်း SMEလုပ်ငန်းလေးတွေကစပြီး MNCလုပ်ငန်းကြီးတွေအထိ တနည်းမဟုတ်တနည်းဖြင့် ကြော်ငြာခြင်းကို လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။
ကြော်ငြာခြင်းကို လုပ်ဆောင်ရခြင်းရဲ့ အဓိကရည်ရွယ်ချက် သုံးမျိုးရှိပါတယ်...

ဒါတွေကတော့

To Inform to get the customers

မိမိလုပ်ငန်း ဘာတွေလုပ်နေသလဲ၊ ဘာတွေရနိုင်သလဲ၊ ဘာတွေရောင်းပြီး ဘာတွေကောင်းသလဲဆိုတာ Customerတွေကို အသိပေးဖို့နဲ့ Customer Awareness ရဖို့ ကြော်ငြာခြင်းကို လုပ်ဆောင်ကြပါတယ်။ တနည်း အားဖြင့် မိမိရဲ့ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို Customerတွေ စိတ်ဝင်စားလာအောင်၊ ဝယ်ချင်လာအောင် Advertising နဲ့ Communicateလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် To get the customers ဆိုတဲ့အတိုင်း အသစ်အသစ်သော Customersတွေကို ရရှိစေမှာပဲဖြစ်ပါတယ်...

To Persuade to keep the customers

မိမိလုပ်ငန်းရဲ့ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတွေကို Customerတွေ သုံးစွဲလာအောင် ဆွဲဆောင်သိမ်းသွင်းဖို့ ကြော်ငြာခြင်းကို လုပ်ဆောင်ကြပါတယ်။ တနည်းအားဖြင့် မိမိရဲ့ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို Customer တွေ ထပ်ခါထပ်ခါဝယ်ချင်လာအောင် Advertising နဲ့ Attract လုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် To keep the customer ဆိုတဲ့အတိုင်း ပြိုင်ဆိုင်မှုများတဲ့ ဈေးကွက်ထဲမှာ မိမိရဲ့ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု များကိုသာ သုံးစွဲလိုတဲ့ Customers တွေကို ထိန်းထားနိုင်မှာပဲဖြစ်ပါတယ်။

To Remind to grow the customers

မိမိလုပ်ငန်းရဲ့ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတွေကို Customer တွေ မေ့မသွားစေဘဲ အမြဲတမ်းမှတ်မိအသုံးပြုနေစေရန် ကြော်ငြာခြင်းကို လုပ်ဆောင်ကြပါတယ်။ တနည်းအားဖြင့် မိမိရဲ့ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို Customer တွေရဲ့ ရင်ထဲမှာ အမြဲတမ်းနေရာယူနေစေဖို့ Advertising နဲ့ Positioning လုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် To grow the customer ဆိုတဲ့အတိုင်း ပြိုင်ဆိုင်မှုများတဲ့ ဈေးကွက်ထဲမှာ မိမိရဲ့ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကိုသာ သုံးစွဲလိုတဲ့ Customersအဟောင်း၊Customers အသစ်တွေ တစ်စတစ်စတိုးပွားလာမှာပဲ ဖြစ်ပါတယ်။

Read-နှုတ်တစ်ရာ = စာတစ်လုံး၊ စာလုံး ၁၈သိန်း = video ၁မိနစ်စာ

Source; 24jobs.com.mm

Read times
Rate this item
(1 Vote)