-->
×

Warning

JUser: :_load: Unable to load user with ID: 29


အချက်အလက်တွေကို ကြော်ငြာရှင်တွေထံမရောင်းချဘူးဆိုတဲ့ ဇူကာဘတ်

အချက်အလက်တွေကို ကြော်ငြာရှင်တွေထံမရောင်းချဘူးဆိုတဲ့ ဇူကာဘတ် google.com

အမေရိကန်လွှတ်တော်နဲ့ သက်သေထွက်ဆိုချက်မှာ Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်က ကုမ္ပဏီအနေနဲ့ အချက်အလက်တွေကို ကြော်ငြာရှင်တွေဆီ ရောင်းချခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
နည်းပညာလောကအတွင်းက လူတော်တော်များများဟာ

Facebook ရဲ့လုပ်ငန်းပုံစံနဲ့ ပတ်သက်ပြီး အမှတ်မှားနေကြပြီး Facebook က သုံးစွဲသူတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းပြီး ကြော်ငြာရှင်တွေဆီကို ပြန်လည်ရောင်းချနေတယ်လို့ ယုံကြည်နေကြပါတယ်။
မာ့ခ်ဇူကာဘတ်က ဒါဟာ လူတွေအတွေးမှားနေကြတဲ့ကိစ္စဖြစ်ပြီး အချက်အလက်တွေကို မရောင်းချဘူးဆိုတဲ့ အကြောင်းကို လွှတ်တော်နဲ့ သက်သေထွက်ဆိုချက်မှာ အထက်လွှတ်တော်အမတ်ဖြစ်တဲ့ ဂျွန်ကော်နီကို ရှင်းလင်းပြောပြခဲ့ပါတယ်။

ကျွန်တော်တို့က အချက်အလက်တွေကို ကြော်ငြာရှင်တွေဆီ ရောင်းချနေတယ်ဆိုပြီး လူတွေ အထင်မှားနေပါတယ်။ ကျွန်တော်တို့အနေနဲ့ အချက်အလက်တွေကို ကြော်ငြာရှင်တွေဆီ မရောင်းချပါဘူး။ ကြော်ငြာရှင်တွေကို သူတို့ဆက်သွယ်ချိတ်ဆက်လိုသူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဆီ ပြောပြခွင့်ပေးထားပါတယ်။ အဲ့ဒီနောက် ကျွန်တော်တို့က နေရာချပေးပါတယ်။

ဒါကြောင့် ကြော်ငြာရှင်တစ်ယောက်က ကျွန်တော်တို့ဆီ ရောက်လာပြီး ‘ကျွန်တော်တို့က နှင်းလျှောစီးဖိနပ်ဆိုင်ပါ။ အဲဒီနှင်းလျှောစီးဖိနပ်ကို အမျိုးသမီးတွေဆီ ရောင်းချင်တယ်’ လို့လာပြောရင် နှင်းလျှောစီးတာနဲ့ပတ်သက်ပြီး စိတ်ဝင်စားသလို သက်ဆိုင်တဲ့ content တွေဝေမျှတဲ့သူတွေကို ထည့်သွင်းစဉ်းစားပေးပါတယ်။ သူတို့ဟာ အမျိုးသားဖြစ်ရင်ဖြစ်နေပါလိမ့်မယ်။

နောက်တော့ ကျွန်တော်တို့က အချက်အလက်တွေ လက်လွှဲလက်ပြောင်းမလုပ်ဘဲ ကြော်ငြာတွေကို သင့်တော်သူတွေဆီ ရောက်အာင် ကျွန်တော်တို့ ပြသပေးပါတယ်။ ဒါဟာ ကျွန်တော်တို့ လုပ်ငန်းရဲ့ အခြေခံအကျဆုံး အစိတ်အပိုင်းပါ။ တစ်ခါတစ်လေမှာ ဒီလုပ်ငန်းအပေါ် နားလည်မှုလွဲမှားတာတွေ ရှိပါတယ်” လို့ ဇူကာဘတ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

Read-ကြော်ငြာတွေရဲ့ ရည်ရွယ်ချက်


Source; Internet Journal

Read times
Rate this item
(1 Vote)