-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးပွားရေး အားလုံးအတွက် အရေးပါသော Branding

စီးပွားရေး အားလုံးအတွက် အရေးပါသော Branding google.com

Logo တစ်ခုရဲ့ နောက်မှာ ကောင်းမွန်တဲ့ Branding က သင့်Company ရဲ့ value ကို တိုးတက်လာစေပါတယ်။ Employees တွေကိုလဲ Direction နဲ့ Motivation တွေပေးစွမ်းနိုင်တယ်။ နောက်ပြီး အသစ်သစ်သော Customers တွေကိုလဲ ဆွဲဆောင်လာနိုင်တယ်။ ဒါဆို Brand ဆိုတာကဘာလဲ???

Company တစ်ခုကပေးလိုက်တဲ့ Customer service အပေါ် လူတွေရဲ့အမြင် (perception ဆိုပါတော့) Reputation ( ဂုဏ်သတင်း) ၊ Advertising နဲ့ Logo စတာတွေပေါင်းစပ်ပြီး ဖြစ်တည်လာတာကို Brand လို့ဆိုနိုင်တယ်။ ဒီအစိတ်အပိုင်းတွေအားလုံးက ကောင်းကောင်းအလုပ်လုပ်နေတယ်ဆိုရင် သင့်ရဲ့ Brand က ကောင်းမွန်ခိုင်မာနေတယ်လို့ ပြောရမယ်။ ဒီလို မဟုတ်ဘဲ အစိတ်အပိုင်း တခုခုက ချွတ်ယွင်းနေခဲ့ရင်တော့ သင့်ရဲ့ Brand မှာအစွန်းအထင်းဖြစ်စေလိမ့်မယ်။ ဆိုလိုတာက ...

ဥပမာ။ ။ သင့် Company ရဲ့ product က quality လဲကောင်းတယ် ဈေးနှုန်းလဲ မှန်ကန်သင့်တင့်တယ်ဆိုပါစို့။ ဒါပေမယ့် customer service မှာအားနည်းချက်တွေရှိနေခဲ့မယ်ဆိုရင်တော့ သင့်ရဲ့ Brandကို အထိုက် အလျောက် အစွန်းအထင်းဖြစ်သွားစေပါတယ်။ဒါကို ကြုံဖူးကြပါလိမ့်မယ်။ သင့်ရဲ့ Brand အပေါ်ထားတဲ့ သူတို့ရဲ့ Perception မကောင်းတော့ဘူးဆိုရင်တော့ သင့်ရဲ့ Business ကိုထိခိုက်လာစေပါတယ်။ ဒါကြောင့် သင့်ရဲ့ Business မှာ Strong Brand ဖြစ်ဖို့လိုအပ်ပါတယ်ဆိုတာကို အောက်ပါ အချက် ၆ ချက်က သက်သေပြပါလိမ့်မယ်။

1. Branding improves Recognition

သင့် Brand ရဲ့ အဓိကအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုကတော့ Logo ပါ။ တွေးကြည့်လိုက်ပါ apple ဆိုရင် ရုတ်တရက် သင့်စိတ်ထဲမှာ ဘာကိုမှတ်မိနေလဲ ? ရိုးရှင်းတဲ့ ပန်းသီးပဲ့တစ်လုံး ကိုမြင်မိတယ်မဟုတ်လား။ ဒီလိုပါပဲ McDonald's ဆိုရင်လဲ M ပုံစံရွှေရောင်လက်ကိုင်အခုံးလေးနဲ့ logo ကိုတန်းမြင်ကြပါလိမ့်မယ်။

Logo ဆိုတာ Company တစ်ခုရဲ့ "မျက်နှာ" ပါပဲ။ ဒါကြောင့် Logo ရဲ့ design ကလဲ အရမ်းအရေးကြီးပါတယ်။ သင့် Advertising ရဲ့ အစိတ်အပိုင်းအားလုံးမှာ ပါရှိနေမယ့် သင့်ရဲ့ Logo ဟာ လူတွေမြင်လိုက်တာနဲ့ မှတ်မိနေစေမယ့် ရိုးရှင်းပြီး ဆွဲဆောင်မှုရှိနေတဲ့ simple graphic မျိုးဖြစ်နေသင့်ပါတယ်။ Professional Logo design တစ်ခုဟာ လူတွေမှတ်မိလွယ်နေအောင် ရိုးရှင်းပါတယ်။ ရိုးရှင်းပေမယ့် သင့် company ကလိုချင်နေတဲ့ impression မျိုးကိုတော့ လုံလုံလောက်လောက်ပေးစွမ်းထားနိုင်ပါတယ်။

2. Branding creates Trust

Professional အသွင်အပြင်တစ်ခုက Credibility နဲ့ Trust ကိုတည်ဆောက်ပါတယ်။ အမှန်တကယ် တရားဝင်ဖြစ်ပြီး ထင်ပေါ်နေတဲ့ Business မျိုးကနေ လူတွေက ပိုပြီးဝယ်ယူချင်ကြပါတယ်။ ဆိုလိုတာက ဒီ Brand ကို ယုံကြည်စိတ်ချရတယ်လို့ ခံစားမိရင် သူတို့ဝယ်ယူဖို့စဉ်းစားကြပါတယ်။ဒါဟာ ကျွန်ုပ်တို့ ဦးနှောက်အတွင်းက Emotional reaction ကြောင့်ပါ။ မမြင်ဖူးတဲ့ Brand၊ မယုံကြည်တဲ့ Brand ကို ဝယ်ယူဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါကြောင့် Emotional Reaction ( စိတ်ခံစားချက် တုန့်ပြန်မှုတွေ) က ဝယ်ယူရန် ရွေးချယ်ခြင်းမှာ အများကြီးလွှမ်းမိုးမှုရှိနေပါတယ်။ အချုပ်ပြောရရင်တော့ Branding က Customer Trust ကို ရစေပါတယ်။

3. Branding supports Advertising

Advertising ကလဲ သင့် Brand ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ Advertising လုပ်တဲ့အခါ အလယ်အလတ် ရွေးချယ်၍ Focus လုပ်ပြီး ကြေငြာခြင်းက သင့်ရဲ့ Brand ကိုဖြစ်တည်လာစေပါတယ် ။ Advertising focus လုပ်တာ အရမ်းကျဉ်းလွန်းသွားရင် Market အသစ်ထဲကို ချဲ့ထွင်ဝင်ရောက်ဖို့ ခက်ခဲသွားစေပါတယ်။ Focus လုပ်တာ အရမ်းကျယ်သွားရင်လဲ Customer တွေရဲ့ စိတ်ထဲကို ရောက်စေမယ့် Company ရဲ့ impression ကိုမဖန်တီးနိုင်ခြင်းမျိုးကို ဖြစ်စေပါတယ်။ သင့်ရဲ့ Branding ကောင်းနေခဲ့ရင် သင့်ရဲ့ ကြေငြာတွေက လူတွေရဲ့ စိတ်ထဲကို အလွယ်တကူဝင်ရောက်စေဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်။

4. Branding build Financial value

Strong Brand တစ်ခုက Future Business ကို အာမခံချက်ပေးနိုင်တယ်။ သင့်ရဲ့ ခိုင်မာတဲ့ Brand ကြောင့် Financial ပိုင်းလဲ ခိုင်မာလာမှာဖြစ်သလို သင့်ရဲ့ လုပ်ငန်းကို ချဲ့ထွင်ဖို့ ငွေကြေးချေးယူဖို့ လိုလာတဲ့အခါမှာလဲ ယုံကြည်စိတ်ချစွာနဲ့ ပေးမယ့် Company တွေကရှိနေပါလိမ့်မယ်။ သင့် Company Brand ရဲ့ value ကို ပိုမိုကောင်းမွန်အောင် အလေးထားလေလေ ပိုကောင်းတဲ့ financial return ကိုရလာလေလေဖြစ်ပါတယ်။

5. Branding inspires Employees

Employees အများစုက ယနေ့အလုပ်လုပ်နေရခြင်းထက် နောင်တချိန်ထိ အလုပ်ကောင်းကောင်း ဆက်လုပ်နေရဖို့ မျော်လင့်ကြတယ်။ သင့် Company ရဲ့ Mission တွေ ၊ဘာကြောင့် ရပ်တည်နေရတယ် ဆိုတာကို Employees တွေနားလည်လာတဲ့အခါ တူညီတဲ့ ဂုဏ်ယူမှုကိုသူတို့ခံစားမိကြပြီး Company ကချမှတ်လိုက်တဲ့ Goals တွေကိုရရှိနိုင်မယ့် လမ်းအတိုင်း သူတို့လျှောက်လှမ်းကြလိမ့်မယ်။ ဒါကြောင့် Strong Brand ဖြစ်ခြင်းက Company logo ကို အလံတစ်ခုအဖြစ် အသွင်ပြောင်းလာစေပါတယ်။ သင့်တိုင်းပြည်ရဲ့ အလံကို သင်ဘယ်လိုတန်ဖိုးထားတယ်ဆိုတာ သင်အသိပါပဲ။

6. Branding Generates new customers

Branding ဖြစ်ခြင်းက သင့် Company ကို Referral Business ရလာစေပါတယ်။ ဆိုလိုတာက သင့်ရဲ့ Brand က ဘယ်လောက်ကောင်းမွန်ကြောင်းကို သင့်ရဲ့ လက်ရှိ customers တွေက အခြားသောသူများဆီကို လက်ဆင့်ကမ်းပြောပြခြင်းကို ဆိုလိုပါတယ်။ ဒါကြောင့် Customers အသစ်တွေကို သင်ရရှိလာပါတယ်။

Company ကြီးသည်ဖြစ်စေ ၊ ငယ်သည်ဖြစ်စေ သက်ဆိုင်ရာ Market ထဲမှာဦးဆောင်နေနိုင်ဖို့ Branding က အရေးကြီးပါတယ်။ Branding ဖြစ်လာစေမယ့် Strategy တွေကို လေ့လာပြီး ကောင်းကောင်းapply လုပ်ကာ Strong Brand တစ်ခုကို တည်ဆောက်နိုင်ကြပါစေ။

Read-အာရှရဲ့ ဘယ်နိုင်ငံတွေမှာ စီးပွားရေးလုပ်ဖို့ အကောင်းဆုံးလဲ???

Source; Dream Lab

Read times
Rate this item
(1 Vote)