-->
×

Warning

JUser: :_load: Unable to load user with ID: 29


အနာဂတ်ကြော်ငြာလုပ်ငန်းတွေ မှာ ခေတ်စားလာမယ့် တည်နေရာအခြေပြုကြော်ငြာခြင်း!

အနာဂတ်ကြော်ငြာလုပ်ငန်းတွေ မှာ ခေတ်စားလာမယ့် တည်နေရာအခြေပြုကြော်ငြာခြင်း! google.com

တည်နေရာအခြေပြု ကြာ်ငြာခြင်းဆိုတာဘာလဲ?

ကျွန်တော်နည်းနည်း လောက်ပြောပြချင်ပါတယ်။

တည်နေရာအခြေပြုကြော်ငြာခြင်းဆိုတာကတော့ အခုခေတ်မှာ လူတွေဟာ ဘယ်ကိုပဲသွားသွား မိုဘိုင်းဖုန်းတစ်လုံးကတော့ အမြဲတစေ သယ်သွားလေ့ရှိတယ်ဆိုတဲ့ အချက်အပေါ်ကို မူတည်ပြီးတော့ဖစ်ပေါ်လာတာပါ။

 

ပြီးတော့ ကျွန်တော်တို့တွေတော်တော်များများက ကျွန်တော်တို့ရောက်ရှိနေတဲ့ တည်နေရာကို ကျွန်တော်တို့ အသုံးပြုနေတဲ့ များစွာသော အပလီကေးရှင်း (apps) တွေနဲ့ ကျကျေနပ်နပ်နဲ့ပဲ မျှဝေကြတယ်လေ။

ဒါဟာကြော်ငြာလုပ်ငန်းရှင်တွေအတွက်ဈးဝယ်သူတစ်ဦးချင်းစီနဲ့ပဲ သက်ဆိုင်တဲ့ personalize message တွေကို လက်ရှိသူတို့ရောက်ရှိနေတဲ့ တည်နေရာအပေါ်မူတည်ပြီး အချိန်ကိုက်တိုက်ရိုက်ပေးပို့နိုင်တဲ့ အခွင့်အလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ မိုဘိုင်းဖုန်းကနေထွက်လာတဲ့ တည်နေရာအချက်အလက်ဒေတာ (location data) ကို အသုံးပြုပြီးတော့

ကြော်ငြာသူတွေဟာဈးဝယ်သူတွေရာက်ရှိနေတဲ့နေရာကိုလိုက်ပြီး မတူညီတဲ့ကြော်ငြာ ဒါမှမဟုတ် စာတို message တွေကို ပးပို့နိုင်ပါတယ်။

Google က တည်နေရာအခြေပြုကြော်ငြာကို လုပ်ပေးပါတယ်။

ဆိုကြပါစို့ သင်ဟာ စစ်ကိုင်းတိုင်းကို အလုပ်ကိစ္စနှင့် ခရီးထွက်နေတဲ့အချိန်မှာ MK ဖက်ရှင်ဆိုင်ကနေပြီး စတိုင်ပန်ဘောင်းဘီတွေ ၃၀%ဈးလျှော့တဲ့ကြာ်ငြာကို သင်ဖုန်းသုံးနေတုန်းတွ့လိုက်ရတယ်။

သိပ်ကောင်းတာပဲ။ ဒါပေမယ့် သင်သွားနေတဲ့နေရာမှာ MK ဆိုင်ခွဲမရှိဘူး။ အဲ့ဒီတော့ အဲ့ဒီကြော်ငြာကို သင်လျစ်လျူရှုရုံမှအပ တခြားမတတ်နိုင်ဘူး။

ဒါပေမယ့် သင်ဟာ ဒီကြော်ငြာကိုပဲ  မြန်မာပလာဇာနားကို သင်ရောက်နေတဲ့အချိန်မှာတွေ့လိုက်တယ်ဆိုပါစို့။

ပြီးတော့ကြာ်ငြာကလည်းမြန်မာပလာဇာမှာရှိသော MK ဆိုင်ခွဲဆိုပြီး အသေအချာဆိုထားတယ်ဆိုရင် သင့်အတွက် ဒီကြော်ငြာဟာ ပိုပြီး စိတ်ဝင်စားဖွယ်ရာရှိပါတယ်။

ဒါဟာ အရမ်းရိုးစင်းတဲ့ ရှင်းပြချက်တစ်ခုပါပဲ။ကြော်ငြာရှင်တွေ ဘရန်း (brands) တွေအတွက် ဒီထက်ပိုပြီး တီထွင်ဖန်တီးနိုင်မယ့် အခွင့်အရေးတွေ တပုံတပင်ကြီး ရှိပါတယ်။

ဒါပေမယ့် အဓိက ဆိုလိုချင်တာကတော့ အဲ့ဒါပါပဲ။

ဒါဆိုရင် တည်နေရာအခြေပြု ကြော်ငြာခြင်းက ဘာကြောင့် အရမ်းထိရောက်မှုရှိတာလဲ။

တစိတ်တပိုင်းကတော့ လူတွေရဲ့ပြောင်းလဲလာတဲ့ ခံယူချက်သဘောထားတွေကြောင့်ပဲဖစ်ပါတယ်။

အပေါ်မှာ ကျွန်တော်ပြောသွားသလိုပဲဈးဝယ်သူတွေက သူတို့ရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့ပတ်သက်လို့ ပိုပြီးဖြေလျော့မှုရှိလာပါတယ်။

ဒါပေမယ့် ဒီနည်းနဲ့ကြော်ငြာခြင်း (marketing channel) က ထိရောက်မှုရှိတယ်ဆိုတာကို သက်သေပြနေတဲ့ တခြားအကြောင်းပြချက်တွေလည်း ရှိပါသေးတယ်။

အဲ့ဒီအကြောင်းပြချက်တွေကို ထဲထဲဝင်ဝင်ပိုသိရအောင် တချက်ကြည့်ကြတာပေါ့။

 

၁။ လူတစ်ဦးချင်းစီအတွက် သီးသန့်ဖြစ်ခြင်း

မြောက်မြားစွာသော ရှာဖွေလေ့လာမှုတွေအရ လူတစ်ဦးတစ်ယောက်စီနဲ့ပဲသက်ဆိုင်တဲ့ message တွေဟာ တခြားယေဘုယျဆန်တဲ့ message တွေထက်ပိုပြီး

လူတွေကို အလိုအလျောက် ပါဝင်ပတ်သက်လာစေတယ်ဆိုတာကျွန်တော်တို့တွေ့ရှိထားပြီးဖြစ်ပါတယ်။

တည်နေရာအခြေပြုကြော်ငြာခြင်းကလည်း ဒီသဘောပါပဲ။

လူတွေရဲ့ရောက်ရှိရာနေရာကိုလိုက်ပြီးကြော်ငြာတွေကို ဖန်တီးခြင်းအားဖြင့် သင်ဟာဈးဝယ်သူတွေကို သူတို့နဲ့သက်ဆိုင်တဲ့ သူတို့စိတ်ဝင်စားနိုင်တဲ့ အရာတွေကိုပဲပေးဖြစ်ဖို့ ပိုပြီးသေချာပါတယ်။

နွေ ခါင်ခေါင်မှာ စောင်ရှိပြီးသားသူတွေကို သူတို့ဝယ်မှာပဲဆိုပြီး စောင်တွေကို ဈေးချပြီးရောင်းခြင်းဟာ အကြောင်းထူးလာစရာတော့မရှိပါဘူး။

ဈေးဝယ်သူတွေ တကယ်ဘာစိတ်ဝင်စားလည်းဆိုတာ သိအောင်အရင်လေ့လာပြီးမှ သူတို့လိုချင်တာ သူတို့နဲ့သက်ဆိုင်တာကိုပဲကြော်ငြာခြင်းက ပိုပြီးယထာဘူတကျတဲ့ ချဉ်းကပ်မှုမျိုးပါ။

တည်နေရာအချက်အလက်က သင့်ကိုအဲ့လိုချဉ်းကပ်ဖို့ ကူညီပေးနိုင်ပါတယ်။

လူတွေရောက်နေတဲ့နေရာကိုလိုက်ပြီး စွဲဆောင်မှုရှိတဲ့ Offers တွေဖြစ်တဲ့ ပရိုမိုးရှင်းနှင့် Discounts တွေကိုပေးနိုင်ပါတယ်။

 

၂။ အချိန်ကိုက်ဖြစ်ခြင်း

တည်နေရာအခြေပြုကြော်ငြာတွေရဲ့ အားသားချက်တွေထဲက တစ်ချက်ကတော့ အချိန်ကိုက်ဖြစ်ခြင်းပဲဖစ်ပါတယ်။

ဘာလို့လဲဆိုတော့ တည်နေရာအချက်အလက်တွေကို အချိန်နဲ့တသားတည်းပေးပို့နိုင်မှသာကြော်ငြာရှင်တွေ ဘရန်း (brands) တွေကဈးဝယ်သူတွေရာက်ရှိနေတဲ့နေရာရာက်ရှိနေတဲ့အချိန်မှာပဲ ချက်ချင်းကြော်ငြာနိုင်တဲ့ အခွင့်အလမ်းရှိနေလို့ပါပဲ။

 

၃။ ပစ်မှတ်ထားနိုင်ခြင်း

အွန်လိုင်းဝက်ဘ်ဆိုက်တွေပေါ်မှာတွ့ရတတ်တဲ့ ရုပ်ပြကြော်ငြာ (Display Ads) တွေရဲ့ခေတ်ဟာ ကုန်လွန်ခဲ့ပါပြီ။

အခုခေတ်မှာ မိုဘိုင်းဖုန်းနှင့် တခြားအင်တာနက်ကွန်ရက်တွေကနေ ရရှိလာတဲ့အချက်အလက်ပမာဏနဲ့ဆိုရင်

ကြော်ငြာလုပ်ငန်းလုပ်သူတွေ (marketers) အနေနဲ့ကြာ်ငြာရှင်တွေပးလိုတဲ့ message တွေကို ဈေးဝယ်သူတွေကို ပစ်မှတ်ထားမပေးနိုင်စရာ မရှိပါဘူး။ ဒစ်ဂျစ်တယ်ကြော်ငြာလုပ်ငန်းဖြစ်တဲ့ IAB UK

၏လေ့လာတွေ့ရှိမှုအရ ၄၆ ရာနှုန်းသော သူတွေကြော်ငြာ ဘလော့သော အပလီကေးရှင်းနှင့် ဆော့ဖ်ဝဲတွေ (ad blockers) ကို အသုံးပြုခြင်းဟာ သူတို့နဲ့အဲ့ဒီကြော်ငြာတွေနဲ့ မသက်ဆိုင်ခြင်းကြောင့်ဟု ဆိုပါတယ်။

အကယ်၍သာကြော်ငြာတွေကို ထိထိရောက်ရောက် ပစ်မှတ်ထားနိုင်မည်ဆိုလျှင်ကြော်ငြာတွေဟာဈးဝယ်သူတွေနှင့် ပိုပြီးသက်ဆိုင်မှုရှိမှာဖြစ်ပြီး လျစ်လျူရှုခြင်းနှင့် ဘလော့ခံရနိုင်ချေ နည်းသွားမှာပဲဖြစ်ပါတယ်။

ပို၍ကောင်းမွန်သောကြော်ငြာပစ်မှတ်ထားခြင်းဖြင့် သင်တို့ရဲ့ကြော်ငြာ message တွေကို လုံးဝစိတ်ဝင်တစားမရှိသော လူတွေဆီကို အချိန်တိုတို အခကြေးငွေနည်းနည်းနှင့် ပေးပို့နိုင်မှာပဲ ဖြစ်ပါတယ်။

Recommended for you-ဒီဂျစ်တယ်စနစ်ကို ဦးတည်နေတဲ့ မြန်မာနိုင်ငံရဲ့ ဈေးကွက်ရှာဖွေရေး

Source: Econsultancy

Read times
Rate this item
(2 votes)