-->
×

Warning

JUser: :_load: Unable to load user with ID: 29


နာမည်ကြီး ပြီး လူကြိုက်များကြတဲ့ ကား Brand တွေ ရဲ့ Logo နောက်ကွယ်က ထူးခြားတဲ့ အဓိပ္ပါယ်များ (၁)

နာမည်ကြီး ပြီး လူကြိုက်များကြတဲ့  ကား Brand တွေ  ရဲ့ Logo နောက်ကွယ်က ထူးခြားတဲ့  အဓိပ္ပါယ်များ (၁) google.com

နာမည်ကြီး ပြီး လူကြိုက်များကြတဲ့  ကား Brand တွေ  ရဲ့ Logo အဓိပ္ပါယ်လေးတွေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်ဗျ။

 

တော်တော်လေးကို ခပ်ဆန်းဆန်းလေးတွေ တွေးပြီးပေးထားကြပုံရပါတယ်။ 

 

TOYOTA

Related image

Toyota ရဲ့ Logo မှာ ဘဲဥပုံ ၃ ခုကို ထပ်ထားပြီး အတွင်းဘက်က ဘဲဥပုံ နှစ်ခုက တီ(T) ပုံသဏ္ဍန်ကို ဖော်ဆောင်ပါတယ်။

စတီယာရင် ကိုလည်း ပုံဖော်ပါတယ်။ အပြင်ဘက်က ဘဲဥပုံ အကြီးကတော့ ကမ္ဘာကို ဝိုက်ဖက်ထားတဲ့ သဘောပါတဲ့ဗျာ။

 

SUBARU

Related image

ဂျပန်ဘာသာအရ Subaru ဆိုတာ ဖျောက်ဆိပ်ကြယ် အစုတစ်ခုပဲဖြစ်တာကြောင့် Subaru ရဲ့ Logo က ကြယ်အစုလေးတစ်ခု ဖြစ်နေတာပါ။

ကုမ္ပဏီ ၆ ခုပေါင်းပြီး Subaru ဖြစ်လာတဲ့အတွက်လည်း ကြယ် ၆ လုံး ပါဝင်နေတာပါခင်ဗျာ။

 

Audi

Related image

Audi ရဲ့ Logo ဖြစ်တဲ့ စက်ဝိုင်းလေးလုံးကတော့ Audi ရယ်လို့ ဖြစ်လာအောင် ပေါင်းစည်းခဲ့တဲ့ ကုမ္ပဏီ ၄ ခု (Audi,DKW,Horch,Wanderer) ချိတ်ဆက်မှုရဲ့ သင်္ကေတပဲ ဖြစ်ပါတယ်။

အရင်ကတော့ စက်ဝိုင်းတွေထဲမှာ နာမည်တွေ ထည့်ခဲ့ပေမယ့် နောက်ပိုင်းမှာ မပါဝင်လာတော့ပါဘူး။

ဟိုးအရင်က စက်ဝိုင်းတွေထဲမှာ နာမည်ထည့်ထားတဲ့ ပုံလေးက ဒီလိုမျိုးလေးပါ။

audi

 

MITSUBISHI

Image result for mitsubishi logo

Mitsu ရဲ့ အဓိပ္ပါယ်က ၃ ဖြစ်ပြီး Bishi ရဲ့ အဓိပ္ပါယ်က ရွမ်းဗက် ( အနားပြိုင်စတုဂံ) ဖြစ်တာကြောင့် Mitsubishi ရဲ့ Logo က ရွမ်းဗက် ၃ ခုပုံ ဖြစ်နေတာပါ။

 

BMW

Image result for bmw log

BMW ရဲ့ အဖြူ-အပြာ စက်ဝိုင်း Logo အဓိပ္ပါယ်က လေယာဉ်ရဲ့ လည်နေတဲ့ ရှေ့ပန်ကာကို ကိုယ်စားပြုတာပါ။

အဲ့ဒါက အမှတ်တော့ မဟုတ်ပါဘူး။ ပုံဖော်မှု အမှန်ကတော့ ဂျာမနီနိုင်ငံ ဘာဗရေယန် (Bavarian) ပြည်နယ်ရဲ့ အလံ (အဖြူ-အပြာ) အကွက်ကို ပုံဖော်ထားတာပါ။

စီးပွားရေး Logo တွေမှာ အလံတွေ ထည့်တာ တရားမဝင်လို့ အပေါ်က ဆိုလိုရင်းက ထွက်ပေါ်လာခဲ့ရတာပါ။

 

Ferrari

Screenshot from 2018 07 30 11 06 26

 

Ferrari ရဲ့ခုန်ပေါက်နေတဲ့ မြင်း Logo ဟာ ပထမကမ္ဘာစစ်အတွင်း လေယာဉ်သူရဲကောင်းတစ်ဦးဖြစ်တဲ့ Francesco Baracca ရဲ့ တိုက်လေယာဉ်ကိုယ်ထည်မှာ ရေးခြယ်ထားတဲ့ ပုံလေးပါပဲ။

Ferrari ရဲ့ပိုင်ရှင် Enzzo Ferrari နဲ့ လေယာဉ်သူရဲကောင်းရဲ့ မိဘတွေ တွေ့ဆုံစဉ်

သူတို့သား လေယာဉ်က မြင်းပုံလေးကို Enzo ရဲ့ ကားတွေမှာ ထည့်သွင်းရင် ကားတွေရဲ့ ကံဇာတာ တက်လာမှာလို့ အကြံပြုခဲ့ပါတယ်။

ဒီလိုနဲ့ပဲ သုံးဖြစ်သွားတယ်ပေါ့နော်။

ကျန်တဲ့ ကား Brand တွေရဲ့ Logo အဓိပ္ပါယ်လေးတွေကို နောက်နေ့ ထပ်ပြောပြပါ့မယ်နော်...။

Recommended for you-Branding (သို့မဟုတ်) အမှတ်တံဆိပ်ကို တည်ဆောက်ခြင်း အနုပညာ

Source; brand & logo

Read times
Rate this item
(2 votes)