-->
×

Warning

JUser: :_load: Unable to load user with ID: 29


Advertiser တွေသိထားသင့်တဲ့ Buying Method (၃) မျိုး

Advertiser တွေသိထားသင့်တဲ့ Buying Method (၃) မျိုး Pexels

Boost လုပ်တယ်ဆိုတာ အားလုံးသိတဲ့အတိုင်း Facebook ကို ကိုယ်ကငွေပေးပြီး သူတို့ Ad Server အကူအညီနဲ့ ကိုယ့်ရဲ့ Organic ကြော်ငြာကို Promote လုပ်တာ တနည်းအားဖြင့် လူပိုမြင်အောင် ပြတဲ့သဘောပါ။

ကိုယ့်ကြော်ငြာကို လူမြင်အောင် Boost လုပ်တယ်ဆိုတာရဲ့နောက်မှာ အဓိက key objective နှစ်ခုရှိပါတယ်။ Buying Methods လို့ခေါ်တဲ့ ကြော်ငြာဝယ်ယူမှုပုံစံနဲ့ Ads objective လို့ခေါ်တဲ့ ကိုယ်ကြော်ငြာမယ့်ပုံစံ သို့မဟုတ် ကိုယ့် Campaign ရဲ့ Goal ပါ။ ဆိုတော့ ကိုယ့် Budget range နဲ့ ကိုယ်လိုချင်တဲ့ KPI ရဖို့ ဘယ် buying methods မျိုးက ကိုယ့်အတွက် အကောင်းဆုံး ဖြစ်မလဲ။


၁။ Auction Buying

Auction buying ကတော့ ရှင်းပါတယ်။ Advertisers တိုင်း Agency တိုင်းသုံးလို့ရတယ်။ Auction ဆိုတဲ့အတိုင်း လေလံပြစ်ရတယ်။ Facebook မှာကြော်ငြာနေတာ ကိုယ်တယောက်ထဲမှ မဟုတ်တာ။ တခြား advertisers တွေနဲ့ယှဉ်ပြီး ကိုယ့်ကြော်ငြာကို လူပိုမြင်ရအောင် လုပ်တယ်လို့ ပြောလို့ရပါတယ်။ တခြား advertisers တွေထက် Facebook ကိုပိုပေးရင် ကိုယ့်ကြော်ငြာကို လူများများ၊ အကြိမ်ရေများများ မြင်ရမယ် unique reach ရမယ်၊ impression များမယ်ပေါ့။ ဈေးတော့ များများပေးပေါ့။ သတိချက်ရမှာက များများပေးတိုင်း winning ads ဖြစ်မယ်လို့တော့ ပြောလို့မရပါဘူး။

သင့်ကုန်ပစ္စည်းကို အမှန်ကန်ဆုံး ဈေးနှုန်းသတ်မှတ်နိုင်မယ့် နည်းလမ်းများ


၂။ Reach and Frequency Buying

R&F Buying ကို Ads manager ရှိတဲ့ advertisers တိုင်းသုံးလို့မရပါဘူး၊ limited access ပါ။ ကိုယ့်ရဲ့ Biz Manager ထဲမှာ ရှိတဲ့ Brand accounts, သုံးခဲ့တဲ့ Amount spent, နောက်ထပ်သုံးမယ့် Upcoming budget, Global မိခင် company စတဲ့ အချက်တွေပေါ်မူတည်ပြီး Facebook ကို R&F သုံးခြင်ကြောင်း request လုပ်ရပါတယ်။ ကိုယ့်ရဲ့ request ကို Facebook ဖက်ကနေ review လုပ်ပြီးမှာ R&F access ချပေးတာပါ။ R&F မှာ အားလုံးကို ကိုယ်လိုချင်သလို set-up လုပ်လို့ရတယ်။ ပြောချင်တာက campaign မှာကိုယ်လိုချင်တဲ့ result ကို ကြို plan ပြီး order တင်လို့ရတယ်။ နိုင်ငံတကာ နာမည်ကြီး အမှတ်တံဆိပ်တွေ ရှိတဲ့ agency တွေပဲ R&F Buying ကို အသုံးပြုကြပါတယ်။ Branding, Awareness ကို အဓိကထားတဲ့ Brands တွေပဲ R&F Buying ကို ရွေးချယ်ကြတာများပါတယ်။ ဈေးကြီးလို့ပါ။


၃။ TRP Buying (Target Rating Point Buying)

ကြိုပြောချင်တာက TRP Buying ကို မြန်မာနိုင်ငံအတွက် မပေးထားပါဘူး။ တခြားနိုင်ငံတွေမှာ TRP Buying ကို FB က Nielsen နဲ့အတူ လက်တွဲလုပ်ကိုင်တာပါ။ Nielsen ဆိုတာ ကမ္ဘာနာမည်ကြီး Data, Research, Market Insight တွေလုပ်ကိုင်နေတဲ့ Group ကြီးပါ၊ Offline ဘက်ကလူတွေဆို ပိုပြီး ရင်းနှီးပါလိမ်မယ်။ Offline Marketing Touchpoint ဖြစ်တဲ့ TV, Radio, Billboard, Print ကြော်ငြာတွေဟာ ဒီ Nielsen ရဲ့ Data တွေကို Base လုပ်ပြီး ဆောက်ထားတာဖြစ်ပါတယ်။ ဒါတွေကို သိတဲ့ FB ဟာ Nielsen နဲ့ ပူးပေါင်းပြီး TRP Buying ကို Advertisers တွေလက်ထဲ ထည့်ပေးလိုက်ပါတယ်။ Video Ads တွေ ကို TRP Buying အသုံးပြုပြီး FB နဲ့ TV ၂ခုစလုံးမှာ ကြော်ငြာခွင့် ပေးလိုက်ပါတယ်။ Nielsen ဘက်ကနေ TV မှာပြတဲ့ ကြော်ငြာတွေကို ပြန် measure လုပ်ပါတယ်။ FB မှာ ပေးရတဲ့ ကြော်ငြာနှုန်းထားက TV နဲ့ယှဉ်လိုက်ရင် တော်တော်လေးနည်းပါသေးတယ်။


Facebook မှာ Buying Methods ၃မျိုးရှိပါတယ်။ ကိုယ့်ရဲ့ Campaign Goal ဘာဆိုတာကို ကောင်းကောင်းကြီး သိထားရင် ကိုယ်နဲ့ ကိုက်ညီတဲ့ Buying Method နဲ့ Ads Objective ကို setup လုပ်ဖို့ တွေဝေနေစရာမလိုတော့ပါဘူး။


Source; DigitalRoundTabl

Myanmar Advertising Directory

Read times
Rate this item
(2 votes)