-->
×

Warning

JUser: :_load: Unable to load user with ID: 29


The Complete Guide to Facebook Advertising 2019 (3)

Facebook ads မွာ ထင္ရွားတဲ့ ေကာင္းခ်က္ ၁၀ ခုေတာ့ အနည္းဆုံးအေနျဖင့္ ရွိေနတယ္။

ZAWGYI+UNICODE

၁။ Facebook ဘိန္းစြဲေနတဲ့ သုံးဘီလ်ံ

ပထမတစ္ခ်က္က အင္မတန္ႀကီးမားတဲ့ ပရိသတ္ႀကီး ရွိေနၿပီး အဲဒီ ပရိသတ္ႀကီးက Facebook ကို ဘိန္းစြဲသလိုမ်ဳိး စြဲေနၾကတယ္။ ေန႔စဥ္ေန႔တိုင္း ဖုန္းပြတ္ရင္း Facebook ဘိန္းကိ္ု တက္ရွဴေနၾကတယ္။ Facebook သုံးစြဲသူဦးေရ စုစုေပါင္းက ၃ ဘီလ်ံေလာက္ ရွိၿပီး ၇၀ ရာခိုင္ႏႈန္းေက်ာ္က ေန႔စဥ္ေန႔တိုင္း Facebook ကို သုံးၾကတယ္။ ၄၃ ရာခိုင္ႏႈန္းေက်ာ္က တစ္ေန႔လွ်င္ တစ္ႀကိမ္မက သုံးၾကတယ္။ ဒီေလာက္ေတာင္ မ်ားျပားေနမွေတာ့ ေၾကာျ္ငာတစ္ခု ျပသခ်င္တဲ့ ပစ္မွတ္ပရိသတ္ဆီကို အေရာက္ပို႔ၿပီး ျပသႏိုင္ေျခဟာ အလြန္ျမင့္မားတာ သဘာ၀က်ပါတယ္။

၂။ ေလဆာနဲ႔ ပစ္တဲ့အတိုင္ အတိအက် ထိမွန္တယ္။
မ်က္လုံးမွာ တိမ္ရွိလို႔ ေလဆာနဲ႔ ပစ္ၿပီး ရွင္းတယ္။ အဲဒီလို ေလဆာနဲ႔ ပစ္တာ အင္မတန္ တိက်တယ္။ Facebook ေၾကာ္ျငာကလည္း လိုခ်င္တဲ့ ပစ္မွတ္ပရိသတ္ကို အတိအက် ပစ္ေပးလို႔ရတယ္။ ပစ္ခ်င္တဲ့ ေနရာေဒသဆိုရင္လည္း ကမ႓ာ့ေနရာအႏွံ႔ လက္လွမ္းမီတယ္။ ပထဝီအရ အကန္႔အသတ္ မျဖစ္ဘူး။
ခင္ဗ်ားက ပစ္မွတ္ပရိသတ္အတြက္ သတ္မွတ္ခ်က္ေတြ ခ်မွတ္ေပးလို႔ရတယ္။ lifestyles ေတြက ဘယ္ဟာေတြ၊ အျပဳအမူေတြက ဘယ္လိုမ်ဳိးေတြ၊ အသက္အရြယ္အပိုင္းအျခားက ဘယ္လို၊ လူဦးေရဆိုင္ရာ အခ်က္အလက္ေတြအရ သတ္မွတ္ခ်က္ေတြ၊ ၿပီးေတာ့ ဘာကို စိတ္၀င္စားတဲ့သူလဲ စတာေတြကို သတ္မွတ္ေပးလိုက္ရင္ အဲဒီ သတ္မွတ္ခ်က္ေတြနဲ႔ ကိုက္ညီတဲ့ Facebook သုံးစြဲသူေတြကို ေၾကာ္ျငာ ျပသေပးမွာ ျဖစ္တယ္။
နမူနာတစ္ခု ေျပာၾကည့္မယ္။ စားေသာက္ကုန္ပစၥည္း ေရာင္းတဲ့ ကုမၸဏီတစ္ခုက ေၾကာ္ျငာအတြက္ ပစ္မွတ္ သတ္မွတ္ခ်က္ေတြ ခ်မွတ္ေပးမယ္။
အိမ္ေထာင္မရွိ အမ်ဳိးသား၊ အသက္ ၁၈ မွ ၃၀ ႏွစ္အတြင္း၊ ကုမၸဏီလိပ္စာနဲ႔ ၁၀ မိုင္ စက္ဝိုင္းအတြင္း ေနထိုင္သူ၊ တိုက္ခန္းျဖင့္ ေနသူ၊ တစ္လ လစာ ၅ သိန္း။
အဲဒီလိုမ်ဳိး တိတိပပ သတ္မွတ္ခ်က္ ခ်ေပးလို႔ ရတယ္။

၃။ ေငြကုန္ရက်ဳိးနပ္တယ္။


တခ်ဳိ႕သမား႐ိုးက် ေၾကာ္ျငာအတြက္ ေၾကာ္ျငာစရိတ္က တကယ္လို႔ ခင္ဗ်ားလုပ္ငန္းက ကုမၸဏီအႀကီးစား တစ္ခု မဟုတ္ရင္ စရိတ္ေထာင္းတယ္။ မတတ္ႏိုင္ဘူး။ ေဈးႀကီးလြန္းေနတယ္။
ဒီေတာ့ ပုံႏွိပ္ေၾကာ္ျငာေလာက္နဲ႔ပဲ ေက်နပ္တင္းတိမ္ရတယ္။ စကၠန္႔ပိုင္းကေလးကို သိန္းခ်ီ ကုန္က်တယ္။ ဒီေတာ့ လုပ္ငန္းႀကီးေတြပဲ တတ္ႏိုင္ၾကတယ္။
Facebook မွာေတာ့ ေၾကာျ္ငာဖို႔ တစ္ႏိုင္တစ္ပိုင္ ႏိုင္သေလာက္ျဖင့္ ေၾကာ္ျငာလို႔ ရတယ္။ အဲဒါေၾကာင့္ လုပ္ငန္းငယ္ေတြလည္း ေၾကာ္ျငာႏိုင္ၾကတယ္။ ေၾကာ္ျငာရက်ဳိး နပ္ၾကတယ္။

၄။ Facebook မွာ ဖုန္းပြတ္တဲ့ ပရိသတ္ ႀကီးမားတယ္။
အဲဒီလို ႀကီးမားတဲ့ ပရိသတ္ႀကီး ရွိေနလို႔ ဖုန္းကေနတစ္ဆင့္ ေၾကာ္ျငာျပသဖို႔ အဆင္ေျပတယ္။ ထိေရာက္တယ္။ အခုအခါမွာ ကြန္ပ်ဴတာျဖင့္ Facebook သုံးတဲ့ဦးေရက လူနည္းစု ျဖစ္ေနၿပီမို႔ ဖုန္းပြတ္တဲ့ ပရိသတ္ ႀကီးမားတာဟာ ထိေရာက္တဲ့ အားသာခ်က္ တစ္ခုပါပဲ။

၅။ Facebook က သုံးစြဲသူေတြအေၾကာင္း အတြင္းက်က် သိထားတယ္။
Facebook သုံးစြဲသူ တစ္ဦးခ်င္းစီရဲ႕ အခ်က္အလက္ေတြကို Facebook က စုေဆာင္း သိမ္းဆည္းထားတယ္။ အခုေလာေလာဆယ္ ဘာကို စိတ္၀င္တစား ျဖစ္ေနသလဲဆိုတာလည္း သိတယ္။ ဘယ္လို အျပဳအမူေတြ ရွိေနသလဲ ဆိုတာလည္ သိတယ္။ အဲဒီလို အတြင္းက်က် သိထားတဲ့ အခ်က္ေတြကို အသုံးျပဳၿပီး ေၾကာျ္ငာကို အက်ဳိး အထိေရာက္ဆုံး ျဖစ္ေအာင္ လုပ္ေပးႏိုင္စြမ္း ရွိတယ္။ ေၾကာ္ျငာရွင္က ပစ္မွတ္ပရိသတ္၊ ဘတ္ဂ်က္၊ ျပသေစလိုတဲ့ေနရာ စတာေတြအရ အေကာင္းဆုံးျဖစ္ေအာင္ Facebook က လုပ္ေဆာင္ေပးေလ့ ရွိတယ္။

၆။ ကိုယ့္ရဲ႕ ေဖာက္သည္ေတြကို ေၾကာ္ျငာျပသခိုင္းလို႔ ရတယ္။
ပစ္မွတ္ထားလိုတဲ့ ပရိသတ္ေတြကို သတ္မွတ္ေပးလို႔ရတယ္။ ခင္ဗ်ားမွာ ရွိၿပီးသား ပရိသတ္စာရင္းအရ ေၾကာ္ျငာျပသေပးလို႔ ရတယ္။ ခင္ဗ်ားရဲ႕ ပရိသတ္ အမည္စာရင္း customer list ကို တင္ေပးလိုက္ၿပီးရင္ Facebook က Facebook သုံးစြဲတ့ဲသူစာရင္းမွာ တိုက္ဆိုင္စစ္ေဆးေပးတယ္။ အမည္ အစစာလုံး၊ အဆုံးစာလုံး၊ အီးေမးလ္လိပ္စာ၊ ဖုန္းနံပါတ္ စတာေတြနဲ႔ တိုက္စစ္တယ္။ ကိုက္ညီမႈ ရွိတဲ့သူေတြကို ေၾကာ္ျငာ ျပသေပးတယ္။ ဒီေတာ့ ကိုယ့္ရဲ႕ ေဖာက္သည္ေတြကို ေၾကာ္ျငာျပသခိုင္းလို႔ ရတယ္။

၇. ဆင္ဆင္တူ ပရိသတ္ တိုးေစတယ္။
ခင္ဗ်ားရဲ႕ ေဖာက္သည္စာရင္းကို Facebook ကို ေပးထားလိုက္ၿပီးရင္ Facebook ကို အလားတူ လူမ်ဳိးေတြထံ ေၾကာ္ျငာ ျပသခိုင္းလို႔ရတယ္။ Lookalike Audience ကို ရွာခိုင္းလို႔ ရတယ္။ အဲဒီနည္းျဖင့္ ရွိၿပီးသား ေဖာက္သည္ပရိသတ္နဲ႔ ဆင္ဆင္တူတဲ့သူေတြကို ေၾကာ္ျငာျပသၿပီး ကိုယ့္ရဲ႕ ေဖာက္သည္ ျဖစ္လာေစဖို႔ လမ္းဖြင့္ေပးလို႔ ရတယ္။

၈။ ပလက္ေဖာင္းေတြ ပြားလို႔ ရတယ္။
Facebook က ေၾကာ္ျငာကို ျပသေပးတာမွာ သူ႔ရဲ႕ mobile News Feed, desktop
News Feed နဲ႔ ယာျခမ္းေကာ္လံတို႔မွာ ျပသတယ္။ ၿပီးေတာ့ သူပိုင္ဆိုင္တဲ့ Instagram မွာ လည္း ျပသလို႔ ရတယ္။ Instagram feed, Instagram Stories တို႔မွာ ျပသလို႔ ရတယ္။ Audience Network မွာလည္း ေၾကာ္ျငာ ျပသလို႔ ရတယ္။ Audience Network ဟာ လက္တြဲထားတဲ့သူေတြရဲ႕ ကြန္ရက္ျဖစ္ၿပီး သူတို႔ရဲ႕ အက္ပ္ေတြနဲ႔ ၀က္ဘ္ဆိုက္ေတြမွာ ေၾကာ္ျငာ ျပသေပးတယ္။ ဒီေတာ့ ပလက္ေဖာင္း အမ်ဳိးမ်ဳိးမွာ ေၾကာ္ျငာ ျပသခြင့္ ရရွိတယ္။ ကုန္က်စရိတ္ကို နည္းပါးေအာင္ ေရြးခ်ယ္လို႔ ရတယ္။ ဥပမာ Cost Per Click (CPC) ကလစ္လုပ္တဲ့ ႀကိမ္ေရအရ ေၾကာ္ျငာခကို ေပးေခ်ရတာမွာ တကယ္လို႔ Facebook မွာ ေဈးႀကီးတယ္လို႔ ခင္ဗ်ားယူဆရင္ တျခားေဈးသက္သာတဲ့ဆီမွာ ေၾကာ္ျငာဖို႔ ေရြးခ်ယ္လို႔ ရတယ္။

၉။ ႏႈိင္းယွဥ္ ခ်ိန္ဆလို႔ ရတယ္။
ခင္ဗ်ားက ေၾကာ္ျငာတစ္ခုကို ဗားရွင္း ႏွစ္မ်ဳိး လုပ္ထားတယ္။ ဘယ္ဟာက ပိုအလုပ္ျဖစ္မလဲ သိခ်င္လို႔ A/B testing လုပ္ခ်င္တယ္ဆိုရင္ Facebook မွာ လုပ္လို႔ ရတယ္။
A/B testing ကို split testing လို႔လည္း ေျပာၾကတယ္။ bucket testing လို႔လည္း ေျပာၾကတယ္။ ဗာရွင္းႏွစ္ခုကို ႏႈိင္းယွဥ္ခ်ိန္ဆၿပီး ဘယ္ဟာက ပိုေကာင္းသလဲဆိုတာ စမ္းသပ္ၾကည့္တာ ျဖစ္ပါတယ္။

၁၀။ Facebook မွာ သုံးစြဲသူမ်ားရဲ႕ အခ်က္အလက္ေတြ စုေဆာင္းဖို႔ Lead Ads ပါတယ္။

Lead Ads မွာ တစ္ခုခုလုပ္ဖို႔ စီစဥ္ခ်က္ call-to-action (CTA) button ပါေလ့ရွိတယ္။ အဲဒီခလုတ္မွာ “subscribe” သို႔မဟုတ္ “sign up” ဆိုၿပီး ေဖာ္ျပထားတယ္။ သုံးစြဲသူက အလြယ္တကူ ျမန္ျမန္ဆန္ဆန္ျဖင့္ သူ႔ဆီ ဆက္သြယ္ဖို႔အတြက္ အခ်က္အလက္ကို ျဖည့္လို႔ ရတယ္။ CTA button ကို သုံးစြဲသူက ကလစ္လုပ္လိုက္တဲ့အခါ အခ်က္အလက္ ျဖည့္ဖို႔ form ကို ျပသမယ္။ မိုဘိုင္းဖုန္း စခရင္နဲ႔ အဆင္ေျပတဲ့ form ကို ျပသေပးတယ္။ သူက Facebook မွာ ေပးထားတ့ဲ အခ်က္အလက္ေတြကို အဲဒီပုံစံမွာ အလိုအေလ်ာက္ ျဖည့္ေပးလိုက္တယ္။ သုံးစြဲသူက submit လုပ္လိုက္႐ုံပဲ။
Lead Ads ဟာ အလုပ္မရႈပ္ဘဲ ဆက္သြယ္ရန္အတြက္ အခ်က္အလက္ေတြကို ေကာက္ခံရယူႏိုင္ေစတယ္။

 

 

The Complete Guide to Facebook Advertising 2019 (3)

Facebook ads မှာ ထင်ရှားတဲ့ ကောင်းချက် ၁၀ ခုတော့ အနည်းဆုံးအနေဖြင့် ရှိနေတယ်။

၁။ Facebook ဘိန်းစွဲနေတဲ့ သုံးဘီလျံ
ပထမတစ်ချက်က အင်မတန်ကြီးမားတဲ့ ပရိသတ်ကြီး ရှိနေပြီး အဲဒီ ပရိသတ်ကြီးက Facebook ကို ဘိန်းစွဲသလိုမျိုး စွဲနေကြတယ်။ နေ့စဉ်နေ့တိုင်း ဖုန်းပွတ်ရင်း Facebook ဘိန်းကို တက်ရှူနေကြတယ်။ Facebook သုံးစွဲသူဦးရေ စုစုပေါင်းက ၃ ဘီလျံလောက် ရှိပြီး ၇၀ ရာခိုင်နှုန်းကျော်က နေ့စဉ်နေ့တိုင်း Facebook ကို သုံးကြတယ်။ ၄၃ ရာခိုင်နှုန်းကျော်က တစ်နေ့လျှင် တစ်ကြိမ်မက သုံးကြတယ်။ ဒီလောက်တောင် များပြားနေမှတော့ ကြောြ်ငာတစ်ခု ပြသချင်တဲ့ ပစ်မှတ်ပရိသတ်ဆီကို အရောက်ပို့ပြီး ပြသနိုင်ခြေဟာ အလွန်မြင့်မားတာ သဘာဝကျပါတယ်။

၂။ လေဆာနဲ့ ပစ်တဲ့အတိုင် အတိအကျ ထိမှန်တယ်။
မျက်လုံးမှာ တိမ်ရှိလို့ လေဆာနဲ့ ပစ်ပြီး ရှင်းတယ်။ အဲဒီလို လေဆာနဲ့ ပစ်တာ အင်မတန် တိကျတယ်။ Facebook ကြော်ငြာကလည်း လိုချင်တဲ့ ပစ်မှတ်ပရိသတ်ကို အတိအကျ ပစ်ပေးလို့ရတယ်။ ပစ်ချင်တဲ့ နေရာဒေသဆိုရင်လည်း ကမ္ဘာ့နေရာအနှံ့ လက်လှမ်းမီတယ်။ ပထဝီအရ အကန့်အသတ် မဖြစ်ဘူး။
ခင်ဗျားက ပစ်မှတ်ပရိသတ်အတွက် သတ်မှတ်ချက်တွေ ချမှတ်ပေးလို့ရတယ်။ lifestyles တွေက ဘယ်ဟာတွေ၊ အပြုအမူတွေက ဘယ်လိုမျိုးတွေ၊ အသက်အရွယ်အပိုင်းအခြားက ဘယ်လို၊ လူဦးရေဆိုင်ရာ အချက်အလက်တွေအရ သတ်မှတ်ချက်တွေ၊ ပြီးတော့ ဘာကို စိတ်ဝင်စားတဲ့သူလဲ စတာတွေကို သတ်မှတ်ပေးလိုက်ရင် အဲဒီ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ Facebook သုံးစွဲသူတွေကို ကြော်ငြာ ပြသပေးမှာ ဖြစ်တယ်။
နမူနာတစ်ခု ပြောကြည့်မယ်။ စားသောက်ကုန်ပစ္စည်း ရောင်းတဲ့ ကုမ္ပဏီတစ်ခုက ကြော်ငြာအတွက် ပစ်မှတ် သတ်မှတ်ချက်တွေ ချမှတ်ပေးမယ်။
အိမ်ထောင်မရှိ အမျိုးသား၊ အသက် ၁၈ မှ ၃၀ နှစ်အတွင်း၊ ကုမ္ပဏီလိပ်စာနဲ့ ၁၀ မိုင် စက်ဝိုင်းအတွင်း နေထိုင်သူ၊ တိုက်ခန်းဖြင့် နေသူ၊ တစ်လ လစာ ၅ သိန်း။
အဲဒီလိုမျိုး တိတိပပ သတ်မှတ်ချက် ချပေးလို့ ရတယ်။

၃။ ငွေကုန်ရကျိုးနပ်တယ်။


တချို့သမားရိုးကျ ကြော်ငြာအတွက် ကြော်ငြာစရိတ်က တကယ်လို့ ခင်ဗျားလုပ်ငန်းက ကုမ္ပဏီအကြီးစား တစ်ခု မဟုတ်ရင် စရိတ်ထောင်းတယ်။ မတတ်နိုင်ဘူး။ ဈေးကြီးလွန်းနေတယ်။
ဒီတော့ ပုံနှိပ်ကြော်ငြာလောက်နဲ့ပဲ ကျေနပ်တင်းတိမ်ရတယ်။ စက္ကန့်ပိုင်းကလေးကို သိန်းချီ ကုန်ကျတယ်။ ဒီတော့ လုပ်ငန်းကြီးတွေပဲ တတ်နိုင်ကြတယ်။
Facebook မှာတော့ ကြောြ်ငာဖို့ တစ်နိုင်တစ်ပိုင် နိုင်သလောက်ဖြင့် ကြော်ငြာလို့ ရတယ်။ အဲဒါကြောင့် လုပ်ငန်းငယ်တွေလည်း ကြော်ငြာနိုင်ကြတယ်။ ကြော်ငြာရကျိုး နပ်ကြတယ်။

၄။ Facebook မှာ ဖုန်းပွတ်တဲ့ ပရိသတ် ကြီးမားတယ်။
အဲဒီလို ကြီးမားတဲ့ ပရိသတ်ကြီး ရှိနေလို့ ဖုန်းကနေတစ်ဆင့် ကြော်ငြာပြသဖို့ အဆင်ပြေတယ်။ ထိရောက်တယ်။ အခုအခါမှာ ကွန်ပျူတာဖြင့် Facebook သုံးတဲ့ဦးရေက လူနည်းစု ဖြစ်နေပြီမို့ ဖုန်းပွတ်တဲ့ ပရိသတ် ကြီးမားတာဟာ ထိရောက်တဲ့ အားသာချက် တစ်ခုပါပဲ။

၅။ Facebook က သုံးစွဲသူတွေအကြောင်း အတွင်းကျကျ သိထားတယ်။
Facebook သုံးစွဲသူ တစ်ဦးချင်းစီရဲ့ အချက်အလက်တွေကို Facebook က စုဆောင်း သိမ်းဆည်းထားတယ်။ အခုလောလောဆယ် ဘာကို စိတ်ဝင်တစား ဖြစ်နေသလဲဆိုတာလည်း သိတယ်။ ဘယ်လို အပြုအမူတွေ ရှိနေသလဲ ဆိုတာလည် သိတယ်။ အဲဒီလို အတွင်းကျကျ သိထားတဲ့ အချက်တွေကို အသုံးပြုပြီး ကြောြ်ငာကို အကျိုး အထိရောက်ဆုံး ဖြစ်အောင် လုပ်ပေးနိုင်စွမ်း ရှိတယ်။ ကြော်ငြာရှင်က ပစ်မှတ်ပရိသတ်၊ ဘတ်ဂျက်၊ ပြသစေလိုတဲ့နေရာ စတာတွေအရ အကောင်းဆုံးဖြစ်အောင် Facebook က လုပ်ဆောင်ပေးလေ့ ရှိတယ်။

၆။ ကိုယ့်ရဲ့ ဖောက်သည်တွေကို ကြော်ငြာပြသခိုင်းလို့ ရတယ်။
ပစ်မှတ်ထားလိုတဲ့ ပရိသတ်တွေကို သတ်မှတ်ပေးလို့ရတယ်။ ခင်ဗျားမှာ ရှိပြီးသား ပရိသတ်စာရင်းအရ ကြော်ငြာပြသပေးလို့ ရတယ်။ ခင်ဗျားရဲ့ ပရိသတ် အမည်စာရင်း customer list ကို တင်ပေးလိုက်ပြီးရင် Facebook က Facebook သုံးစွဲတဲ့သူစာရင်းမှာ တိုက်ဆိုင်စစ်ဆေးပေးတယ်။ အမည် အစစာလုံး၊ အဆုံးစာလုံး၊ အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ် စတာတွေနဲ့ တိုက်စစ်တယ်။ ကိုက်ညီမှု ရှိတဲ့သူတွေကို ကြော်ငြာ ပြသပေးတယ်။ ဒီတော့ ကိုယ့်ရဲ့ ဖောက်သည်တွေကို ကြော်ငြာပြသခိုင်းလို့ ရတယ်။

၇. ဆင်ဆင်တူ ပရိသတ် တိုးစေတယ်။
ခင်ဗျားရဲ့ ဖောက်သည်စာရင်းကို Facebook ကို ပေးထားလိုက်ပြီးရင် Facebook ကို အလားတူ လူမျိုးတွေထံ ကြော်ငြာ ပြသခိုင်းလို့ရတယ်။ Lookalike Audience ကို ရှာခိုင်းလို့ ရတယ်။ အဲဒီနည်းဖြင့် ရှိပြီးသား ဖောက်သည်ပရိသတ်နဲ့ ဆင်ဆင်တူတဲ့သူတွေကို ကြော်ငြာပြသပြီး ကိုယ့်ရဲ့ ဖောက်သည် ဖြစ်လာစေဖို့ လမ်းဖွင့်ပေးလို့ ရတယ်။

၈။ ပလက်ဖောင်းတွေ ပွားလို့ ရတယ်။
Facebook က ကြော်ငြာကို ပြသပေးတာမှာ သူ့ရဲ့ mobile News Feed, desktop
News Feed နဲ့ ယာခြမ်းကော်လံတို့မှာ ပြသတယ်။ ပြီးတော့ သူပိုင်ဆိုင်တဲ့ Instagram မှာ လည်း ပြသလို့ ရတယ်။ Instagram feed, Instagram Stories တို့မှာ ပြသလို့ ရတယ်။ Audience Network မှာလည်း ကြော်ငြာ ပြသလို့ ရတယ်။ Audience Network ဟာ လက်တွဲထားတဲ့သူတွေရဲ့ ကွန်ရက်ဖြစ်ပြီး သူတို့ရဲ့ အက်ပ်တွေနဲ့ ဝက်ဘ်ဆိုက်တွေမှာ ကြော်ငြာ ပြသပေးတယ်။ ဒီတော့ ပလက်ဖောင်း အမျိုးမျိုးမှာ ကြော်ငြာ ပြသခွင့် ရရှိတယ်။ ကုန်ကျစရိတ်ကို နည်းပါးအောင် ရွေးချယ်လို့ ရတယ်။ ဥပမာ Cost Per Click (CPC) ကလစ်လုပ်တဲ့ ကြိမ်ရေအရ ကြော်ငြာခကို ပေးချေရတာမှာ တကယ်လို့ Facebook မှာ ဈေးကြီးတယ်လို့ ခင်ဗျားယူဆရင် တခြားဈေးသက်သာတဲ့ဆီမှာ ကြော်ငြာဖို့ ရွေးချယ်လို့ ရတယ်။

၉။ နှိုင်းယှဉ် ချိန်ဆလို့ ရတယ်။
ခင်ဗျားက ကြော်ငြာတစ်ခုကို ဗားရှင်း နှစ်မျိုး လုပ်ထားတယ်။ ဘယ်ဟာက ပိုအလုပ်ဖြစ်မလဲ သိချင်လို့ A/B testing လုပ်ချင်တယ်ဆိုရင် Facebook မှာ လုပ်လို့ ရတယ်။
A/B testing ကို split testing လို့လည်း ပြောကြတယ်။ bucket testing လို့လည်း ပြောကြတယ်။ ဗာရှင်းနှစ်ခုကို နှိုင်းယှဉ်ချိန်ဆပြီး ဘယ်ဟာက ပိုကောင်းသလဲဆိုတာ စမ်းသပ်ကြည့်တာ ဖြစ်ပါတယ်။

၁၀။ Facebook မှာ သုံးစွဲသူများရဲ့ အချက်အလက်တွေ စုဆောင်းဖို့ Lead Ads ပါတယ်။

Lead Ads မှာ တစ်ခုခုလုပ်ဖို့ စီစဉ်ချက် call-to-action (CTA) button ပါလေ့ရှိတယ်။ အဲဒီခလုတ်မှာ “subscribe” သို့မဟုတ် “sign up” ဆိုပြီး ဖော်ပြထားတယ်။ သုံးစွဲသူက အလွယ်တကူ မြန်မြန်ဆန်ဆန်ဖြင့် သူ့ဆီ ဆက်သွယ်ဖို့အတွက် အချက်အလက်ကို ဖြည့်လို့ ရတယ်။ CTA button ကို သုံးစွဲသူက ကလစ်လုပ်လိုက်တဲ့အခါ အချက်အလက် ဖြည့်ဖို့ form ကို ပြသမယ်။ မိုဘိုင်းဖုန်း စခရင်နဲ့ အဆင်ပြေတဲ့ form ကို ပြသပေးတယ်။ သူက Facebook မှာ ပေးထားတဲ့ အချက်အလက်တွေကို အဲဒီပုံစံမှာ အလိုအလျောက် ဖြည့်ပေးလိုက်တယ်။ သုံးစွဲသူက submit လုပ်လိုက်ရုံပဲ။
Lead Ads ဟာ အလုပ်မရှုပ်ဘဲ ဆက်သွယ်ရန်အတွက် အချက်အလက်တွေကို ကောက်ခံရယူနိုင်စေတယ်။

Read times
Rate this item
(0 votes)