-->
×

Warning

JUser: :_load: Unable to load user with ID: 29


The Complete Guide to Facebook Advertising 2019 (5)

Facebook ေၾကာ္ျငာအေၾကာင္း  ေရကုန္ေရခန္း ေဖာ္ျပေပးတာမွာ အခု ေဆာင္းပါးမွာေတာ့ ေၾကာ္ျငာပုံစံ Ad format အေၾကာင္း Boosted Posts အေၾကာင္း၊ Stories Ads စတာေတြကုိ ပုံနဲ႔တကြ တင္ျပေပးထားပါတယ္။

Zawgyi နဲ႔ Unicode ၂မ်ဳိးျဖင့္ ေဖာ္ျပထားပါတယ္။

ေၾကာ္ျငာပုံစံ Ad format
============
Facebook ad ကို ခင္ဗ်ား ဖန္တီးတဲ့အခါ ခင္ဗ်ားရဲ႕ ရည္ရြယ္ခ်က္၊ ဘတ္ဂ်က္၊ ရည္မွန္း ပရိသတ္ပစ္မွတ္၊ ပုံစံ၊ ေၾကာ္ျငာေဖာ္ျပမယ့္ ေနရာေတြ၊ ဖန္တီးပုံေတြကို ေရြးခ်ယ္လို႔ ရေအာင္ စီမံေပးထားတယ္။ ေၾကာ္ျငာကိ္ု ပုံေတြ ေဘးတိုက္တြဲ Carousel ျဖစ္ျဖစ္၊ ပုံတစ္ပုံတည္း ျဖစ္ျဖစ္၊ ဗီဒီယို ျဖစ္ျဖစ္ ေၾကာ္ျငာပုံစံ Ad format ေတြ သုံးလို႔ရတယ္။ ဘယ္ဟာကို သုံးရင္ အထိေရာက္ဆုံး၊ အလုပ္အျဖစ္ဆုံး ဆိုတာကို ေၾကာ္ျငာတဲ့ လက္ေတြ႕ အေတြ႕အၾကံဳအရ မွတ္သားထားရမွာ ျဖစ္ပါတယ္။

Boosted Posts
=======
Boosted Posts ဟာ ပုံမွန္ေဖာ္ျပေနက် Post ေတြ ျဖစ္ၿပီး Facebook က News Feed ေတြမွာ လိုက္လံျပသေပးေအာင္ ေၾကာ္ျငာခ ေပးထားတဲ့ Post ေတြ ျဖစ္ပါတယ္။ ဘယ္လိုပရိသတ္ကို ျပသေစလိုသလဲဆိုတာ ခင္ဗ်ားက သတ္မွတ္ေပးရတယ္။
အဲဒီလို ပိုက္ဆံေပးၿပီ ျပသခိုင္းတာကို Facebook က Boost တယ္လို႔ သုံးႏႈန္းပါတယ္။ Boost Post လုပ္ဖုိ႔ကုိလည္း တုိက္တြန္းေလ့ ရွိပါတယ္။

ပုံမွန္ တင္ေနက် Post ေတြဆိုရင္ Page ရဲ႕ followers ေတြရဲ႕ News Feed မွာပဲ ေဖာ္ျပေပးပါတယ္။ Boosted Posts ေတြက်ေတာ့ followers ေတြရဲ႕ News Feed ေတြမွာသာမက ေၾကာ္ျငာခိုင္းထားတဲ့ ပရိသတ္ရဲ႕ News Feed ေတြမွာပါ ျပသေပးပါတယ္။ အဲဒီ ပရိသတ္က Page ရဲ႕ followers မဟုတ္ရင္လည္း ျပသေပးပါတယ္။ ေၾကာ္ျငာထိုးတာဆိုေတာ့ ခင္ဗ်ား ေရြးခ်ယ္ေပးထားတဲ့ ပရိသတ္ရဲ႕ News Feed မွာ ကာလတစ္ရပ္အတြင္း အႀကိမ္ႀကိမ္ ျပသေပးေနပါတယ္။
ဒီေတာ့ Post ကို Boost တာဟာ သာမန္ Post ကေန ေၾကာ္ျငာတစ္ခုအျဖစ္သို႔ ေျပာင္းလဲခိုင္းလိုက္တာ ျဖစ္ပါတယ္။
ဘယ္လို Boost ရသလဲဆိုေတာ့ ခင္ဗ်ားရဲ႕ Page မွာ Post ကို တင္ၿပီးတဲ့အခါ က်သင့္ေငြကို ခရစ္ဒစ္ကတ္နဲ႔ ေပးေခ်ၿပီး Boost ရမွာ ျဖစ္ပါတယ္။ က်သင့္ေငြကို Facebook က ခ်က္ခ်င္း မယူေသးဘူး။ တစ္လတစ္ႀကိမ္ စုေပါင္းၿပီး ေကာက္ခံရယူေလ့ရွိပါတယ္။ လုပ္ကိုင္ပုံ အဆင့္ဆင့္ အေသးစိတ္ကို ေနာက္ေတာ့ တင္ျပေပးမွာမို႔ ယခု ခ်န္ထားခဲ့ပါတယ္။

 

Stories Ads
=======
Stories ads ဟာ ေၾကာ္ျငာလိုတဲ့ ဗီဒီယို သို႔မဟုတ္ ဓာတ္ပုံကို ၁၀ ကေန ၁၅ စကၠန္႔အထိ ျပသေပးတယ္။ သုံးစြဲသူရဲ႕ News Feed မွာ သာမန္ Post ေတြၾကားမွာ ၾကားညႇပ္ၿပီး Sponsored Post ေၾကာ္ျငာထိုးသလိုမ်ဳိးပါပဲ။
သုံးစြဲသူမွာ ျပထားတဲ့ သာမန္ Stories ေတြၾကားမွာ ေၾကာ္ျငာ Story ကို ၾကားၫွပ္ၿပီး ေဖာ္ျပေပးထားတယ္။ Instagram Stories ads ျဖင့္ လုပ္ကိုင္ခဲ့ၿပီးတဲ့ေနာက္မွာ Facebook Stories Ad ကို စတင္ခဲ့တယ္။
Facebook Stories နဲ႔ Messenger Stories ေတြကို ေန႔စဥ္ သုံးစြဲသူ ဦးေရ သန္း ၃၀၀ ေက်ာ္ ရရွိၿပီးခ်ိန္မွာ ေၾကာ္ျငာထိုးတဲ့ အစီအစဥ္ကို စတင္ခဲ့တာ ျဖစ္ပါတယ္။


Storie တစ္ခု တင္လုိက္ၿပီးရင္ ျပသေပးထားတဲ့ကာလဟာ တစ္ရက္ပဲ ၾကာပါတယ္။ အဲဒီလုိ ဗီဒီယုိ ျဖစ္ျဖစ္ ဓာတ္ပုံျဖစ္ျဖစ္ တင္ထားတာကုိ ပလက္ေဖာင္းမွာ တစ္ရက္ ျပသထားၿပီး ျပန္ေဖ်ာက္ပစ္လုိက္တဲ့ စိတ္ကူးျဖင့္ လုပ္ကုိင္ခဲ့တာ multimedia messaging app ျဖစ္တဲ့ snapchat ျဖစ္ပါတယ္။ အဲဒီလုိ တစ္ရက္ခံ အစီအစဥ္ကုိ လူေတြ သေဘာက်ၾကတယ္။ snapchat မွာ ပရိသတ္ ႀကီးထြားလာတယ္။ ၂၀၁၉ ခုႏွစ္ ေအာက္တုိဘာလမွာ snapchat ေန႔စဥ္သုံးစြဲေနသူ ဦးေရ သန္း ၁၂၀ ရွိတယ္။ Facebook က အဲဒါမ်ဳိးကုိ လုိခ်င္တဲ့ ပရိသတ္အတြက္ Stories အစီအစဥ္ကို တင္ဆက္ေပးလုိက္ၿပီး သူ႔ဆီက လူေတြ snapchat သြားမသုံးေအာင္ စည္းရုံးထားလုိက္တဲ့သေဘာ ျဖစ္ပါတယ္။ Stories သုံးစြဲသူဦးေရနဲ႔ ႀကိမ္ေရေတြ မ်ားလာတဲ့အခါ ေၾကာျ္ငာက႑ အစျပဳၿပီး ၀င္ေငြ ရွာလုိက္တာျဖစ္ပါတယ္။

 

Facebook ကြော်ငြာအကြောင်း ရေကုန်ရေခန်း ဖော်ပြပေးတာမှာ အခု ဆောင်းပါးမှာတော့ ကြော်ငြာပုံစံ Ad format အကြောင်း Boosted Posts အကြောင်း၊ Stories Ads စတာတွေကို ပုံနဲ့တကွ တင်ပြပေးထားပါတယ်။
Zawgyi နဲ့ Unicode ၂မျိုးဖြင့် ဖော်ပြထားပါတယ်။

ကြော်ငြာပုံစံ Ad format
============
Facebook ad ကို ခင်ဗျား ဖန်တီးတဲ့အခါ ခင်ဗျားရဲ့ ရည်ရွယ်ချက်၊ ဘတ်ဂျက်၊ ရည်မှန်း ပရိသတ်ပစ်မှတ်၊ ပုံစံ၊ ကြော်ငြာဖော်ပြမယ့် နေရာတွေ၊ ဖန်တီးပုံတွေကို ရွေးချယ်လို့ ရအောင် စီမံပေးထားတယ်။ ကြော်ငြာကို ပုံတွေ ဘေးတိုက်တွဲ Carousel ဖြစ်ဖြစ်၊ ပုံတစ်ပုံတည်း ဖြစ်ဖြစ်၊ ဗီဒီယို ဖြစ်ဖြစ် ကြော်ငြာပုံစံ Ad format တွေ သုံးလို့ရတယ်။ ဘယ်ဟာကို သုံးရင် အထိရောက်ဆုံး၊ အလုပ်အဖြစ်ဆုံး ဆိုတာကို ကြော်ငြာတဲ့ လက်တွေ့ အတွေ့အကြုံအရ မှတ်သားထားရမှာ ဖြစ်ပါတယ်။

Boosted Posts
=======
Boosted Posts ဟာ ပုံမှန်ဖော်ပြနေကျ Post တွေ ဖြစ်ပြီး Facebook က News Feed တွေမှာ လိုက်လံပြသပေးအောင် ကြော်ငြာခ ပေးထားတဲ့ Post တွေ ဖြစ်ပါတယ်။ ဘယ်လိုပရိသတ်ကို ပြသစေလိုသလဲဆိုတာ ခင်ဗျားက သတ်မှတ်ပေးရတယ်။
အဲဒီလို ပိုက်ဆံပေးပြီ ပြသခိုင်းတာကို Facebook က Boost တယ်လို့ သုံးနှုန်းပါတယ်။ Boost Post လုပ္ဖုိ႔ကုိလည္း တုိက္တြန္းေလ့ ရွိပါတယ္။

ပုံမှန် တင်နေကျ Post တွေဆိုရင် Page ရဲ့ followers တွေရဲ့ News Feed မှာပဲ ဖော်ပြပေးပါတယ်။ Boosted Posts တွေကျတော့ followers တွေရဲ့ News Feed တွေမှာသာမက ကြော်ငြာခိုင်းထားတဲ့ ပရိသတ်ရဲ့ News Feed တွေမှာပါ ပြသပေးပါတယ်။ အဲဒီ ပရိသတ်က Page ရဲ့ followers မဟုတ်ရင်လည်း ပြသပေးပါတယ်။ ကြော်ငြာထိုးတာဆိုတော့ ခင်ဗျား ရွေးချယ်ပေးထားတဲ့ ပရိသတ်ရဲ့ News Feed မှာ ကာလတစ်ရပ်အတွင်း အကြိမ်ကြိမ် ပြသပေးနေပါတယ်။
ဒီတော့ Post ကို Boost တာဟာ သာမန် Post ကနေ ကြော်ငြာတစ်ခုအဖြစ်သို့ ပြောင်းလဲခိုင်းလိုက်တာ ဖြစ်ပါတယ်။
ဘယ်လို Boost ရသလဲဆိုတော့
ခင်ဗျားရဲ့ Page မှာ Post ကို တင်ပြီးတဲ့အခါ ကျသင့်ငွေကို ခရစ်ဒစ်ကတ်နဲ့ ပေးချေပြီး Boost ရမှာ ဖြစ်ပါတယ်။ ကျသင့်ငွေကို Facebook က ချက်ချင်း မယူသေးဘူး။ တစ်လတစ်ကြိမ် စုပေါင်းပြီး ကောက်ခံရယူလေ့ရှိပါတယ်။ လုပ်ကိုင်ပုံ အဆင့်ဆင့် အသေးစိတ်ကို နောက်တော့ တင်ပြပေးမှာမို့ ယခု ချန်ထားခဲ့ပါတယ်။

Stories Ads
=======
Stories ads ဟာ ကြော်ငြာလိုတဲ့ ဗီဒီယို သို့မဟုတ် ဓာတ်ပုံကို ၁၀ ကနေ ၁၅ စက္ကန့်အထိ ပြသပေးတယ်။ သုံးစွဲသူရဲ့ News Feed မှာ သာမန် Post တွေကြားမှာ ကြားညှပ်ပြီး Sponsored Post ကြော်ငြာထိုးသလိုမျိုးပါပဲ။
သုံးစွဲသူမှာ ပြထားတဲ့ သာမန် Stories တွေကြားမှာ ကြော်ငြာ Story ကို ကြားညှပ်ပြီး ဖော်ပြပေးထားတယ်။ Instagram Stories ads ဖြင့် လုပ်ကိုင်ခဲ့ပြီးတဲ့နောက်မှာ Facebook Stories Ad ကို စတင်ခဲ့တယ်။
Facebook Stories နဲ့ Messenger Stories တွေကို နေ့စဉ် သုံးစွဲသူ ဦးရေ သန်း ၃၀၀ ကျော် ရရှိပြီးချိန်မှာ ကြော်ငြာထိုးတဲ့ အစီအစဉ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။


Storie တစ်ခု တင်လိုက်ပြီးရင် ပြသပေးထားတဲ့ကာလဟာ တစ်ရက်ပဲ ကြာပါတယ်။ အဲဒီလို ဗီဒီယို ဖြစ်ဖြစ် ဓာတ်ပုံဖြစ်ဖြစ် တင်ထားတာကို ပလက်ဖောင်းမှာ တစ်ရက် ပြသထားပြီး ပြန်ဖျောက်ပစ်လိုက်တဲ့ စိတ်ကူးဖြင့် လုပ်ကိုင်ခဲ့တာ multimedia messaging app ဖြစ်တဲ့ snapchat ဖြစ်ပါတယ်။ အဲဒီလို တစ်ရက်ခံ အစီအစဉ်ကို လူတွေ သဘောကျကြတယ်။ snapchat မှာ ပရိသတ် ကြီးထွားလာတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ snapchat နေ့စဉ်သုံးစွဲနေသူ ဦးရေ သန်း ၁၂၀ ရှိတယ်။ Facebook က အဲဒါမျိုးကို လိုချင်တဲ့ ပရိသတ်အတွက် Stories အစီအစဉ်ကို တင်ဆက်ပေးလိုက်ပြီး သူ့ဆီက လူတွေ snapchat သွားမသုံးအောင် စည်းရုံးထားလိုက်တဲ့သဘော ဖြစ်ပါတယ်။ Stories သုံးစွဲသူဦးရေနဲ့ ကြိမ်ရေတွေ များလာတဲ့အခါ ကြောြ်ငာကဏ္ဍ အစပြုပြီး ဝင်ငွေ ရှာလိုက်တာဖြစ်ပါတယ်။

 

Read times
Rate this item
(0 votes)