-->
×

Warning

JUser: :_load: Unable to load user with ID: 29


The Complete Guide to Facebook Advertising 2019 (6)

Facebook ေၾကာ္ျငာအေၾကာင္း အိတ္သြန္ဖာေမွာက္ ေဖာ္ျပေပးလ်က္ ရွိတာမွာ အခု ေဆာင္းပါးမွာေတာ့ Facebook နဲ႔ တျခား Social Media တုိ႔ရဲ႕ ပရိသတ္ အင္အားကုိ သုံးသပ္ တင္ျပထားပါတယ္။

ZAWGYI နဲ႔ UNICODE ႏွစ္မ်ဳိးျဖင့္ ေဖာ္ျပေပးထားပါတယ္။

Social Media Platforms ေတြထဲမွာ Facebook က ပရိသတ္အင္အား အျပတ္အသတ္ အသာရၿပီး ဗုိလ္စြဲေနပါတယ္။
တကယ္ေတာ့ Social Media Platform တုိင္းမွာ အားသာခ်က္မ်ား၊ အားနည္းခ်က္မ်ား အသီးသီး ရွိၾကတာခ်ည္းပါပဲ။
အားေကာင္းေမာင္းသန္ ျဖစ္တဲ့အခ်က္ေတြ ရွိသလုိ မားခ်ည့္နဲ႔ေနတဲ့ အခ်က္ေတြလည္း ရွိပါတယ္။
ဒီေတာ့ ကုိယ့္ေၾကာ္ျငာကုိ ေၾကာ္ျငာတဲ့အခါ ဘယ္ Social Media Platforms က အေကာင္းဆုံး ျဖစ္မလဲလုိ႔ မေမးပါနဲ႔။
ကုိယ့္လုပ္ငန္းသဘာ၀အရ အဆီေလ်ာ္ဆုံးျဖစ္ၿပီး ေၾကာ္ျငာရက်ဳိ္း အနပ္ဆုံး ျဖစ္ေစမယ့္ ပလက္ေဖာင္းကုိ ေရြးခ်ယ္ရမွာ ျဖစ္ပါတယ္။
ကုိယ္ဆင္ႏႊဲခ်င္တဲ့ ေၾကာ္ျငာကမ္ပိန္း၊ ကုိယ္ေၾကာ္ျငာမယ့္ ပစ္မွတ္ပရိသတ္ အမ်ဳိးအစားတုိ႔အရ စဥ္းစားေရြးခ်ယ္ေပးရမွာ ျဖစ္ပါတယ္။

Active Users အမာခံ တက္ၾကြစြာ သုံးစြဲသူမ်ား
=========
ပလက္ေဖာင္းကုိ အၿမဲလာၿပီး အၿမဲသုံးေနတဲ့ တက္ၾကြပရိသတ္ တစ္နည္းေျပာရရင္ အမာခံပရိသတ္ အေရအတြက္ကုိ လစဥ္ ဘယ္ေလာက္ရွိသလဲ။ ေန႔စဥ္ဘယ္ေလာက္ရွိသလဲဆုိတာကုိ စဥ္းစားၾကတယ္။ အဲဒီ ပရိသတ္က ကုိယ့္ေၾကာ္ျငာအတြက္ အေရးပါတယ္။ ပလက္ေဖာင္းတစ္ခုမွာ account ဖြင့္ထားသူဦးေရက သန္းရာခ်ီေနေပမဲ့ ေန႔စဥ္ ပုံမွန္သုံးစြဲသူဦးေရ၊ တစ္ဦးခ်င္းစီရဲ႕ တစ္ေန႔တာ သုံးစြဲႀကိမ္ေရတုိ႔က သိန္းဂဏန္းပဲ ရွိေနမယ္ဆုိရင္ အဲဒီ ပလက္ေဖာင္းက ကုိယ့္ေၾကာ္ျငာကုိ ေက်းဇူးျပဳေပးဖုိ႔ ခဲယဥ္းေနမွာ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ ေန႔စဥ္သုံး၊ တစ္ေန႔ သုံးေလးႀကီမ္ မွန္မွန္သုံးတဲ့ အမာခံ တက္ၾကြပရိသတ္ ဦးေရကုိပဲ ၾကည့္ၾကတယ္။
ဘယ္ ဆုိရွယ္ပလက္ေဖာင္းက ေပၚျပဴလာ ျဖစ္ေနသလဲ။ လူေျပာမ်ားေနသလဲ။ လႈပ္လႈပ္ရွားရွား ပုိျဖစ္သလဲ စတဲ့ ေယဘုယ် အခ်က္ေတြကုိလည္း ထည့္သြင္းစဥ္းစားၾကတယ္။
သတိရေနဖုိ႔က ကုိယ္ေၾကာ္ျငာမယ့္ ဆုိရွယ္ ပလက္ေဖာင္းကုိ သုံးစြဲေနသူေတြၾကားမွာ ခင္ဗ်ား ပစ္မွတ္ထားမယ့္ ပရိသတ္ကုိ ရွာရမွာ ျဖစ္ပါတယ္။ ဒီေတာ့ ကုိယ့္ေၾကာ္ျငာအတြက္ ကုိက္မယ့္ ပလက္ေဖာင္းကုိ ဦးစားေပး ေရြးခ်ယ္သင့္ပါတယ္။ ဒါေပမဲ့ တက္တက္ၾကြၾကြ သုံးစြဲသူဦးေရ နည္းလြန္းေနရင္ေတာ့ ဒုတိယ ဦးစားေပး၊ တတိယ ဦးစားေပး စတာေတြကို ေရြးခ်ယ္ရေတာ့မွာ ျဖစ္ပါတယ္။


Social Media in Myanmar
Sept 2018 - Oct 2019
=========
၁။ Facebook 96.98%
၂။ Twitter 1.09%
၃။Pinterest 0.79%
၄။ YouTube 0.45%
၅။ VKontakte 0.39%
၆။ Instagram 0.26%

Source: StatCounter Global Stats - Social Media Market Share

 

 

 

ျမန္မာႏုိင္ငံမွာ ဖုန္းပြတ္ၿပီး Facebook ကုိ အသုံးအမ်ားဆုံး ျဖစ္တာမုိ႔ အျခား ဆုိရွယ္မီဒီယာေတြက Facebook ကုိ ေျခဖ်ားေတာင္ မမီဘူးလုိ႔ ဆုိႏုိင္ပါတယ္။ ကမၻာမွာလည္း Facebook က ထိပ္ဆုံးမွာ ရွိေနပါတယ္။ YouTube က ဒုတိယ ေနရာမွာ ရွိေနပါတယ္။ ဆုိရွယ္မီဒီယာမွာ ဗီဒီယုိ ၾကည့္တဲ့ဓေလ့ ထြန္းကားလာတဲ့အတြက္ Facebook က Video က႑ကုိ စီစဥ္ ေပးထားၿပီး ေရကန္အသင့္ ၾကာအသင့္ ျဖစ္ေအာင္လုပ္ေပးထားျခင္းျဖင့္ ပရိသတ္ကုိ တျခားထြက္မသြားေအာင္ စည္း႐ုံးထားတယ္။
ဗီဒီယုိ အတိုအစ တင္တဲ့ ပလက္ေဖာင္းေတြ ပရိသတ္ေတြ မ်ားလာေနတာဟာ စုိးရိမ္စရာ ျဖစ္ေနေစပါတယ္။ ေၾကာ္ျငာရွင္ေတြအေနျဖင့္လည္း ဘယ္ပလက္ေဖာင္း တင္ရေကာင္းႏုိးႏုိး ျဖစ္ေစတာ အမွန္ပါပဲ။
Facebook က Lasso လုိ႔ အမည္ေပးထားတဲ့ ဗီဒီယုိ ပလက္ေဖာင္း အက္ပ္ကုိ ထုတ္လုပ္ခဲ့ၿပီး အဲဒီအက္ပ္က မေပါက္ဘူး။
ကမၻာသုံးအဆင့္ကုိ အခုထိ ေရာက္မလာဘူး။ တကယ္လုိ႔ ေပါက္မ်ားေပါက္ၿပီး ကမၻာသုံး ျဖစ္ေနရင္ ေၾကာျ္ငာစရာ ေနရာနယ္ပယ္တစ္ခုအျဖစ္ ထည့္စဥ္းစားၾကရမွာ ေသခ်ာတယ္။

တိမ္ျမႇုဳပ္ေနတဲ့ Lasso
=====
ဗီဒီယုိ အတုိအစ တင္တဲ့ ပလက္ေဖာင္းေတြဟာ ေၾကာ္ျငာေတြ ရလာတဲ့အခါ ၿပိဳင္ဘက္ ျဖစ္လာမွာမုိ႔ Facebook ကလည္း ဗီဒီယုိ အတုိအစ တင္ဖုိ႔ အက္ပ္ျဖစ္တဲ့ Lasso ကုိ ၂၀၁၈ ခုႏွစ္ ႏုိ၀င္ဘာလ ၉ ရက္မွာ စတင္ျဖန္႔ခ်ိခဲ့တယ္။ ေနရာရၿပီးသား ျဖစ္ေနတဲ့ TikTok နဲ႔ Vine တုိ႔လုိပဲ Lasso ကလည္း ဗီဒီယုိ အတုိအစ ထပ္ခါတလဲလဲ ျပန္ျပန္ျပတဲ့ ပုံစံကုိ သုံးထားၿပီး ဗီဒီယုိေတြကုိ ရွာေဖြခ်ိတ္ဆက္ဖုိ႔အတြက္ # hashtags ေတြ သုံးတဲ့စနစ္ကုိ TikTok နဲ႔ Vine တုိ႔လုိပဲ သုံးထားတယ္။ TikTok ကုိ မယွဥ္ႏုိင္ဘူး။ ႏွစ္သက္စရာ အသစ္အဆန္း အက္ပ္တစ္ခုအျဖစ္ သတ္မွတ္ခံရၿပီး download ရယူသုံးစြဲတဲ့ အေရအတြက္က Facebook, Instagram, Snapchat နဲ႔ YouTube တုိ႔လုိပဲ မ်ားျပားတဲ့ အေရအတြက္ ျဖစ္လာေနတယ္။ စမတ္ဖုန္း ပုိင္ရွင္ေတြကုိ ေၾကာ္ျငာျပသၿပီး ၀င္ေငြရွာေဖြတဲ့ ခြင္မွာ ေၾကာင့္ၾကစရာ ျဖစ္ေနတယ္။

Lasso နဲ႔ ဗီဒီယုိ အတုိအစ ဖန္တီးလုိ႔ ရေအာင္ လုပ္ေပးထားေပမဲ့ ေပၚဦးေပၚဖ်ား စိတ္၀င္စားခံရမႈ နည္းပါးခဲ့တယ္။ ဘာအသစ္အဆန္းမွ မပါဘူး။ ရွိၿပီးသား ဗီဒီယုိ ပလက္ေဖာင္းေတြကုိ ေဖာက္ထြက္ႏုိင္ျခင္း မရွိဘူး။ စတင္ျဖန္႔ခ်ိေတာ့လည္း သတင္းစာရွင္းလင္းပြဲေတာင္ မလုပ္ခဲ့ဘူး။ တုိးတုိးတိတ္တိတ္ျဖင့္ စျဖန္႔ခဲ့တယ္။ တရုတ္ႏုိင္ငံမွ နည္းပညာကုမၸဏီ Bytedance ရဲ႕ အက္ပ္ျဖစ္တဲ့ TikTok ကုိ Lasso က မယွဥ္သာဘူး။ သီခ်င္းဆုိတာကုိ သံေယာင္လုိက္ၿပီး ႏႈတ္ခမ္းလႈပ္တဲ့ အက္ပ္ lip-syncing app ျဖစ္တဲ့ Musical.ly ကုိ TikTok မွာ ေပါင္းစည္းေပးထားတဲ့ အားသာခ်က္မ်ဳိး Lasso မွာ မပါ၀င္ဘူး။ ဇာတ္လမ္းတုိ တင္ဆက္မႈမ်ဳိးကုိ ဦးစားေပးထားတဲ့ သေဘာ ျဖစ္ေနတယ္။ ဗီဒီယုိ အတုိအစ ပလက္ေဖာင္းကုိ သုံးၾကသူေတြရဲ႕ အာသီသက ရယ္စရာ ဇာတ္လမ္းတုိ ဖန္တီးတင္ျပခ်င္တာ မဟုတ္ဘဲ သီခ်င္းဆုိျပမယ္။ ကျပမယ္ ဆုိတဲ့ ေဖ်ာ္ေျဖမႈမ်ဳိးကုိ တင္ဆက္ခ်င္ၾကတာ ျဖစ္ေနတယ္။ TikTok မွာ ဂီတအတြက္ music library စီစဥ္ေပးထားတယ္။ မူပုိင္ခြင့္ကိစၥကုိ နာမည္ႀကီး ဂီတလုပ္ငန္းေတြထံမွ လုိင္စင္ယူေပးထားတယ္။ Facebook ရဲ႕ Lasso မွာလည္း အလားတူ စီစဥ္ေပးထားေပမဲ့ ဇာတ္လမ္းတုိ ဖန္တီးတင္ဆက္ေစလုိတဲ့ လမ္းေၾကာင္း ျဖစ္ေနလုိ႔ ပရိသတ္ အာသီသနဲ႔ အကုိက္မျဖစ္ေတာ့ဘူးလုိ႔ သုံးသပ္ၾကတယ္။

အဲဒီျဖစ္ရပ္ရဲ႔ သင္ခန္းစာက ဆုိရွယ္မီဒီယာက နတ္ႀကီးတယ္။ ပရိသတ္ရဲ႕ အာသီသနဲ႔ အကုိက္ျဖစ္တဲ့ ေၾကာ္ျငာမ်ဳိးေတြ ဖန္တီးတင္ဆက္ႏုိင္ရင္ အလုပ္ျဖစ္မယ္။ လြဲေခ်ာ္ေနရင္ Facebook လုိ ဆရာ့ဆရာႀကီးေတြေတာင္ က်ဆုံးႏုိင္တယ္ဆုိတာပဲ ျဖစ္ပါတယ္။

MAD (Myanmar Advertising Directory) မွ ေနာက္ထပ္ ေရးသားျပဳစု တင္ျပမယ့္ The Complete Guide to Facebook Advertising 2019 (7) မွာ ဆုိရွယ္မီဒီယာေပၚမွာ ေၾကာ္ျငာတဲ့အခါ ထည့္သြင္းစဥ္းစားရမယ့္ အခ်က္တစ္ခ်က္ျဖစ္တဲ့ လူဦးေရဆုိင္ရာ ကိန္းဂဏန္း အခ်က္အလက္မ်ား Demographic အေၾကာင္းကုိ ဆက္လက္ တင္ျပသြားပါမယ္။

 

Facebook ကြော်ငြာအကြောင်း အိတ်သွန်ဖာမှောက် ဖော်ပြပေးလျက် ရှိတာမှာ အခု ဆောင်းပါးမှာတော့ Facebook နဲ့ တခြား Social Media တို့ရဲ့ ပရိသတ် အင်အားကို သုံးသပ် တင်ပြထားပါတယ်။

ZAWGYI နဲ့ UNICODE နှစ်မျိုးဖြင့် ဖော်ပြပေးထားပါတယ်။

Social Media Platforms တွေထဲမှာ Facebook က ပရိသတ်အင်အား အပြတ်အသတ် အသာရပြီး ဗိုလ်စွဲနေပါတယ်။
တကယ်တော့ Social Media Platform တိုင်းမှာ အားသာချက်များ၊ အားနည်းချက်များ အသီးသီး ရှိကြတာချည်းပါပဲ။
အားကောင်းမောင်းသန် ဖြစ်တဲ့အချက်တွေ ရှိသလို မားချည့်နဲ့နေတဲ့ အချက်တွေလည်း ရှိပါတယ်။
ဒီတော့ ကိုယ့်ကြော်ငြာကို ကြော်ငြာတဲ့အခါ ဘယ် Social Media Platforms က အကောင်းဆုံး ဖြစ်မလဲလို့ မမေးပါနဲ့။
ကိုယ့်လုပ်ငန်းသဘာဝအရ အဆီလျော်ဆုံးဖြစ်ပြီး ကြော်ငြာရကျိုး အနပ်ဆုံး ဖြစ်စေမယ့် ပလက်ဖောင်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
ကိုယ်ဆင်နွှဲချင်တဲ့ ကြော်ငြာကမ်ပိန်း၊ ကိုယ်ကြော်ငြာမယ့် ပစ်မှတ်ပရိသတ် အမျိုးအစားတို့အရ စဉ်းစားရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

Active Users အမာခံ တက်ကြွစွာ သုံးစွဲသူများ
=========
ပလက်ဖောင်းကို အမြဲလာပြီး အမြဲသုံးနေတဲ့ တက်ကြွပရိသတ် တစ်နည်းပြောရရင် အမာခံပရိသတ် အရေအတွက်ကို လစဉ် ဘယ်လောက်ရှိသလဲ။ နေ့စဉ်ဘယ်လောက်ရှိသလဲဆိုတာကို စဉ်းစားကြတယ်။ အဲဒီ ပရိသတ်က ကိုယ့်ကြော်ငြာအတွက် အရေးပါတယ်။ ပလက်ဖောင်းတစ်ခုမှာ account ဖွင့်ထားသူဦးရေက သန်းရာချီနေပေမဲ့ နေ့စဉ် ပုံမှန်သုံးစွဲသူဦးရေ၊ တစ်ဦးချင်းစီရဲ့ တစ်နေ့တာ သုံးစွဲကြိမ်ရေတို့က သိန်းဂဏန်းပဲ ရှိနေမယ်ဆိုရင် အဲဒီ ပလက်ဖောင်းက ကိုယ့်ကြော်ငြာကို ကျေးဇူးပြုပေးဖို့ ခဲယဉ်းနေမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် နေ့စဉ်သုံး၊ တစ်နေ့ သုံးလေးကြီမ် မှန်မှန်သုံးတဲ့ အမာခံ တက်ကြွပရိသတ် ဦးရေကိုပဲ ကြည့်ကြတယ်။
ဘယ် ဆိုရှယ်ပလက်ဖောင်းက ပေါ်ပြူလာ ဖြစ်နေသလဲ။ လူပြောများနေသလဲ။ လှုပ်လှုပ်ရှားရှား ပိုဖြစ်သလဲ စတဲ့ ယေဘုယျ အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားကြတယ်။
သတိရနေဖို့က ကိုယ်ကြော်ငြာမယ့် ဆိုရှယ် ပလက်ဖောင်းကို သုံးစွဲနေသူတွေကြားမှာ ခင်ဗျား ပစ်မှတ်ထားမယ့် ပရိသတ်ကို ရှာရမှာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကြော်ငြာအတွက် ကိုက်မယ့် ပလက်ဖောင်းကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။ ဒါပေမဲ့ တက်တက်ကြွကြွ သုံးစွဲသူဦးရေ နည်းလွန်းနေရင်တော့ ဒုတိယ ဦးစားပေး၊ တတိယ ဦးစားပေး စတာတွေကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။


Social Media in Myanmar
Sept 2018 - Oct 2019
=========
၁။ Facebook 96.98%
၂။ Twitter 1.09%
၃။Pinterest 0.79%
၄။ YouTube 0.45%
၅။ VKontakte 0.39%
၆။ Instagram 0.26%

Source: StatCounter Global Stats - Social Media Market Share


မြန်မာနိုင်ငံမှာ ဖုန်းပွတ်ပြီး Facebook ကို အသုံးအများဆုံး ဖြစ်တာမို့ အခြား ဆိုရှယ်မီဒီယာတွေက Facebook ကို ခြေဖျားတောင် မမီဘူးလို့ ဆိုနိုင်ပါတယ်။ ကမ္ဘာမှာလည်း Facebook က ထိပ်ဆုံးမှာ ရှိနေပါတယ်။ YouTube က ဒုတိယ နေရာမှာ ရှိနေပါတယ်။ ဆိုရှယ်မီဒီယာမှာ ဗီဒီယို ကြည့်တဲ့ဓလေ့ ထွန်းကားလာတဲ့အတွက် Facebook က Video ကဏ္ဍကို စီစဉ် ပေးထားပြီး ရေကန်အသင့် ကြာအသင့် ဖြစ်အောင်လုပ်ပေးထားခြင်းဖြင့် ပရိသတ်ကို တခြားထွက်မသွားအောင် စည်းရုံးထားတယ်။
ဗီဒီယို အတိုအစ တင်တဲ့ ပလက်ဖောင်းတွေ ပရိသတ်တွေ များလာနေတာဟာ စိုးရိမ်စရာ ဖြစ်နေစေပါတယ်။ ကြော်ငြာရှင်တွေအနေဖြင့်လည်း ဘယ်ပလက်ဖောင်း တင်ရကောင်းနိုးနိုး ဖြစ်စေတာ အမှန်ပါပဲ။
Facebook က Lasso လို့ အမည်ပေးထားတဲ့ ဗီဒီယို ပလက်ဖောင်း အက်ပ်ကို ထုတ်လုပ်ခဲ့ပြီး အဲဒီအက်ပ်က မပေါက်ဘူး။
ကမ္ဘာသုံးအဆင့်ကို အခုထိ ရောက်မလာဘူး။ တကယ်လို့ ပေါက်များပေါက်ပြီး ကမ္ဘာသုံး ဖြစ်နေရင် ကြောြ်ငာစရာ နေရာနယ်ပယ်တစ်ခုအဖြစ် ထည့်စဉ်းစားကြရမှာ သေချာတယ်။

တိမ်မြှုုပ်နေတဲ့ Lasso
=====
ဗီဒီယို အတိုအစ တင်တဲ့ ပလက်ဖောင်းတွေဟာ ကြော်ငြာတွေ ရလာတဲ့အခါ ပြိုင်ဘက် ဖြစ်လာမှာမို့ Facebook ကလည်း ဗီဒီယို အတိုအစ တင်ဖို့ အက်ပ်ဖြစ်တဲ့ Lasso ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၉ ရက်မှာ စတင်ဖြန့်ချိခဲ့တယ်။ နေရာရပြီးသား ဖြစ်နေတဲ့ TikTok နဲ့ Vine တို့လိုပဲ Lasso ကလည်း ဗီဒီယို အတိုအစ ထပ်ခါတလဲလဲ ပြန်ပြန်ပြတဲ့ ပုံစံကို သုံးထားပြီး ဗီဒီယိုတွေကို ရှာဖွေချိတ်ဆက်ဖို့အတွက် # hashtags တွေ သုံးတဲ့စနစ်ကို TikTok နဲ့ Vine တို့လိုပဲ သုံးထားတယ်။ TikTok ကို မယှဉ်နိုင်ဘူး။ နှစ်သက်စရာ အသစ်အဆန်း အက်ပ်တစ်ခုအဖြစ် သတ်မှတ်ခံရပြီး download ရယူသုံးစွဲတဲ့ အရေအတွက်က Facebook, Instagram, Snapchat နဲ့ YouTube တို့လိုပဲ များပြားတဲ့ အရေအတွက် ဖြစ်လာနေတယ်။ စမတ်ဖုန်း ပိုင်ရှင်တွေကို ကြော်ငြာပြသပြီး ဝင်ငွေရှာဖွေတဲ့ ခွင်မှာ ကြောင့်ကြစရာ ဖြစ်နေတယ်။

Lasso နဲ့ ဗီဒီယို အတိုအစ ဖန်တီးလို့ ရအောင် လုပ်ပေးထားပေမဲ့ ပေါ်ဦးပေါ်ဖျား စိတ်ဝင်စားခံရမှု နည်းပါးခဲ့တယ်။ ဘာအသစ်အဆန်းမှ မပါဘူး။ ရှိပြီးသား ဗီဒီယို ပလက်ဖောင်းတွေကို ဖောက်ထွက်နိုင်ခြင်း မရှိဘူး။ စတင်ဖြန့်ချိတော့လည်း သတင်းစာရှင်းလင်းပွဲတောင် မလုပ်ခဲ့ဘူး။ တိုးတိုးတိတ်တိတ်ဖြင့် စဖြန့်ခဲ့တယ်။ တရုတ်နိုင်ငံမှ နည်းပညာကုမ္ပဏီ Bytedance ရဲ့ အက်ပ်ဖြစ်တဲ့ TikTok ကို Lasso က မယှဉ်သာဘူး။ သီချင်းဆိုတာကို သံယောင်လိုက်ပြီး နှုတ်ခမ်းလှုပ်တဲ့ အက်ပ် lip-syncing app ဖြစ်တဲ့ Musical.ly ကို TikTok မှာ ပေါင်းစည်းပေးထားတဲ့ အားသာချက်မျိုး Lasso မှာ မပါဝင်ဘူး။ ဇာတ်လမ်းတို တင်ဆက်မှုမျိုးကို ဦးစားပေးထားတဲ့ သဘော ဖြစ်နေတယ်။ ဗီဒီယို အတိုအစ ပလက်ဖောင်းကို သုံးကြသူတွေရဲ့ အာသီသက ရယ်စရာ ဇာတ်လမ်းတို ဖန်တီးတင်ပြချင်တာ မဟုတ်ဘဲ သီချင်းဆိုပြမယ်။ ကပြမယ် ဆိုတဲ့ ဖျော်ဖြေမှုမျိုးကို တင်ဆက်ချင်ကြတာ ဖြစ်နေတယ်။ TikTok မှာ ဂီတအတွက် music library စီစဉ်ပေးထားတယ်။ မူပိုင်ခွင့်ကိစ္စကို နာမည်ကြီး ဂီတလုပ်ငန်းတွေထံမှ လိုင်စင်ယူပေးထားတယ်။ Facebook ရဲ့ Lasso မှာလည်း အလားတူ စီစဉ်ပေးထားပေမဲ့ ဇာတ်လမ်းတို ဖန်တီးတင်ဆက်စေလိုတဲ့ လမ်းကြောင်း ဖြစ်နေလို့ ပရိသတ် အာသီသနဲ့ အကိုက်မဖြစ်တော့ဘူးလို့ သုံးသပ်ကြတယ်။

အဲဒီဖြစ်ရပ်ရဲ့ သင်ခန်းစာက ဆိုရှယ်မီဒီယာက နတ်ကြီးတယ်။ ပရိသတ်ရဲ့ အာသီသနဲ့ အကိုက်ဖြစ်တဲ့ ကြော်ငြာမျိုးတွေ ဖန်တီးတင်ဆက်နိုင်ရင် အလုပ်ဖြစ်မယ်။ လွဲချော်နေရင် Facebook လို ဆရာ့ဆရာကြီးတွေတောင် ကျဆုံးနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

MAD (Myanmar Advertising Directory) မှ နောက်ထပ် ရေးသားပြုစု တင်ပြမယ့် The Complete Guide to Facebook Advertising 2019 (7) မှာ ဆိုရှယ်မီဒီယာပေါ်မှာ ကြော်ငြာတဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ချက်ဖြစ်တဲ့ လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ Demographic အကြောင်းကို ဆက်လက် တင်ပြသွားပါမယ်။

Read times
Rate this item
(0 votes)