-->
×

Warning

JUser: :_load: Unable to load user with ID: 29


The Complete Guide to Facebook Advertising 2019 (8)

သူ႔အရပ္နဲ႔ သူ႔စကား ဆုိတဲ့အတုိင္း Facebook ႏုိင္ငံေတာ္မွာလည္း သူ႕စကားလုံး အသုံးအႏႈန္းေတြ ရွိပါတယ္။ သုံးစြဲၾကသူေတြ ၾကားမွာလည္း သီးသန္႔စကားလုံးေတြ ရွိေနၾကတယ္။

Facebook ads မွာလည္း Facebook မွ ခ်မွတ္သုံးစြဲတဲ့ အေခၚအေ၀ၚေတြကုိ ရွိေနတာကုိ တင္ျပေပးမွာ ျဖစ္ပါတယ္။

ZAWGYI + UNICODE 


Facebook advertising jargon
Facebook ေၾကာ္ျငာျခင္း ဗန္းစကား

========

“News Feed,”
“user,”
“objective”
စတဲ့ ေ၀ါဟာရေတြက Facebook ads မွာ ဘာကုိ ရည္ညႊန္းေျပာဆုိၾကတာလဲဆုိ Facebook ads လုပ္ကုိင္တဲ့သူေတြ သိထားၾကတယ္။ သုံးႏႈန္းထားတဲ့ ေ၀ါဟာရေတြ အကုန္လုံးကုိ ခက္စစ္အဘိဓာန္တစ္ခုလုိ ေရးသားတင္ျပဖုိ႔ေတာ့ စိတ္ကူး မရွိပါဘူး။ ဗန္းစကား အနက္ဋီကာ ဖြင့္မွာလည္း မဟုတ္ပါဘူး။ ေ၀ါဟာရ တၿပဳံတမႀကီးကုိ ေဖာ္ျပမွာ မဟုတ္ပါဘူး။
အေျခခံအားျဖင့္ သိထားသင့္တဲ့ အသုံးအႏႈန္းတခ်ဳိ႕ကုိသာ ေကာက္ႏုတ္ တင္ျပသြားမွာ ျဖစ္ပါတယ္။


Audience Network
ပရိသတ္ ကြန္ရက္
========

ေၾကာ္ျငာထည့္ဖုိ႔ နည္းလမ္းတစ္သြယ္ ျဖစ္ပါတယ္။ Facebook ပုိင္ဆုိင္တဲ့ Facebook website နဲ႔ app ေတြမွာသာမက Facebook နဲ႔ လက္တြဲထားတဲ့ website နဲ႔ app ေတြမွာလည္း ေၾကာျ္ငာကုိ ျပသလုိ႔ ရမယ့္ နည္းလမ္း ျဖစ္ပါတယ္။ Facebook ရဲ႕ စီးပြားဖက္ လက္တြဲေဖာ္ partners ေတြကုိ ဥပမာ အျဖစ္ ေျပာရရင္ သတင္း mobile app ျဖစ္တဲ့ Huffington Post နဲ႔ ဂိမ္း app ျဖစ္တဲ့ Cut the Rope တုိ႔ဟာ facebook ads အတြက္ partners ေတြ ျဖစ္ပါတယ္။

Target က သူ႔အက္ပ္ကုိ သုံးတဲ့သူေတြကို ပစ္မွတ္ထားလုိတယ္။ ၿပီးေတာ့ Frozen ေၾကာ္ျငာကုိ ၾကည့္ေစလုိတဲ့အခါ အဲဒီအတြက္ ပရိသတ္ေတြကုိ The Huffington Posts‘ ရဲ႕ mobile app ပရိသတ္ထဲမွာ ၀င္ရွာၾကည့္ဖုိ႔အတြက္ Audience Network ကုိ သုံးစြဲၿပီး The Huffington Posts‘ ရဲ႕ mobile app မွာ ေၾကာ္ျငာခဲ့တယ္။
Audible က အသံစာအုပ္ audiobooks ျဖစ္တဲ့ Game of Thrones ကုိ အေရာင္း ျမႇင့္တင္ေပးလုိတဲ့အခါ အဲဒီအတြက္ Audience Network ကုိ သုံးစြဲၿပီး ဂိမ္း အက္ပ္ ျဖစ္တဲ့ Cut the Rope app ကေန ေၾကာ္ျငာၿပီး ပရိသတ္ကုိ ရွာေဖြေတြ႕ရွိခဲ့တယ္။


Bid
အဆုိျပဳ ေၾကာ္ျငာခ
======

ခင္ဗ်ားရဲ႕ ေၾကာ္ျငာကုိ ျပသေပးဖုိ႔အတြက္ ခင္ဗ်ား ေပးခ်င္တဲ့ ေငြပမာဏ ျဖစ္ပါတယ္။


Call-to-Action (CTA) Buttons
တစ္ခုခုလုပ္ၿပီး ႏွိပ္ေစလုိတဲ့ ခလုတ္မ်ား
=======

ခလုတ္ေတြေပၚမွာ စာေရးေပးတားတယ္။ သုံးစြဲသူကုိ ႏွိပ္ဖုိ႔ တုိက္တြန္းတယ္။ လုပ္ေစခ်င္တဲ့ လုပ္ေဆာင္မႈ လုပ္ေစဖုိ႔အတြက္ ျဖစ္ပါတယ္။ ဘာေတြ လုပ္ေစခ်င္တာလဲ။ အသုံးမ်ားၾကတာေတြကေတာ့
learn more,
sign up,
shop now
call now စတာေတြ ျဖစ္ပါတယ္။
Facebook ad ေတြမွာ အဲဒီလုိ ခလုတ္ထားေပးဖို႔ စီစဥ္ေပးထားပါတယ္။
ခလုတ္ကုိ ႏွိပ္လုိက္ရင္ သုံးစြဲသူကုိ ၀က္ဘ္ဆုိက္တစ္ခုဆီကုိ အေရာက္ပုိ႔ေပးလုိက္တာမ်ဳိးလည္း ရွိပါတယ္။
ေၾကာ္ျငာက Lead Ad ဆုိရင္ သုံးစြဲသူဆီက အခ်က္အလက္ ေကာက္ခံဖုိ႔ ပုံစံform ျပသမယ့္ဆီကုိ ေခၚသြားမယ့္ ခလုတ္ ျဖစ္ပါတယ္။ အဲဒီ form က facebook မွာ အရင္ကတည္းက သူျဖည့္ထားၿပီးသား အခ်က္အလက္ေတြနဲ႔ အသင့္ျဖည့္ထားၿပီးသား ျဖစ္ပါတယ္ အတည္ျပဳ ခြင့္ျပဳခ်က္ ရယူတဲ့ သေဘာျဖင့္ ျပသလုိက္တာ ျဖစ္ပါတယ္။ သုံးစြဲသူက သေဘာတူ ရင္ form ေအာက္ေျခမွာ ေရြးခ်ယ္စရာ ခလုတ္ ႏွစ္ခုအနက္ submit ကုိ ႏွိပ္လုိက္ဖုိ႔ပဲ ျဖစ္ပါတယ္။ သေဘာမတူရင္ေတာ့ cancel ကုိ ႏွိပ္ရမယ္ဆုိတာ ေျပာျပေနဖုိ႔ လုိမယ္ မထင္ပါဘူး။


Cost Per Acquisition (CPA)
ရရွိမႈအရ က်သင့္ေငြ
======

အြန္လုိင္း ေၾကာ္ျငာျခင္းရဲ႕ ေဈးႏႈန္း သတ္မွတ္နည္း တစ္ခု ျဖစ္ပါတယ္။ သတ္မွတ္ထားတဲ့ လုပ္ရပ္ကုိ ျဖစ္ျဖစ္၊ ရရွိမႈကုိျဖစ္ျဖစ္ ျဖစ္ထြန္းသြားတဲ့အခါ ေၾကာ္ျငာရွင္က သတ္မွတ္ႏႈန္းထားအတုိင္း ေငြေပးေခ်ဖုိ႔ ေၾကာ္ျငာရွင္နဲ႔ အြန္လုိင္းေၾကာ္ျငာအေရာင္းလုပ္ငန္းတုိပအၾကား သေဘာတူထားတဲ့ နည္းလမ္း ျဖစ္ပါတယ္။
ဥပမာ ခင္ဗ်ားက ေၾကာ္ျငာကုိ ျမင္ေတြ႕ရင္ ေပးမယ္။ ဒါမွမဟုတ္ ကလစ္လုပ္ရင္ ေပးမယ္။ ပုံစံ form ကုိ submit လုပ္ရင္ ေပးမယ္။ ေရာင္းခ်တဲ့အရာကုိ ေရာင္းရတယ္ဆုိရင္ ေပးမယ္ စသျဖင့္ သတ္မွတ္ခ်က္အရ က်သင့္ေငြကုိ ေပးေခ်ရမွာ ျဖစ္ပါတယ္။
ခင္ဗ်ား သတ္မွတ္ေပးထားတဲ့ ဘတ္ဂ်က္အေပၚ မူတည္ၿပီး ေဈးႏႈန္းကုိ ကစားလုိ႔ ရတယ္။ ရရွိမႈ တစ္ခုအတြက္ ေပးမယ့္ ေဈးႏႈန္းကုိ ကစားလုိ႔ ရတယ္။ ခင္ဗ်ား ေပးမယ့္ ေဈးႏႈန္းအေပၚ မူတည္ၿပီး Facebook ကလည္း လုိက္ေလ်ာညီေထြစြာျဖင့္ လုပ္ကုိင္ေပးသြားမွာ ျဖစ္ပါတယ္။


Engagement
လုပ္ကုိင္မႈမ်ား
=========

ေၾကာ္ျငာတစ္ခုအေပၚ လုပ္ကုိင္မႈေတြကုိ ဆုိလုိတယ္။ likes, shares, comments, views နဲ႔ clicks လုပ္တဲ့ လုပ္ကုိင္မႈမ်ဳိးေတြကုိ ဆုိလုိပါတယ္။

Facebook Pixel
Facebook ပစ္စဲ
========

အဲဒါက JavaScript code ျဖင့္ ခင္ဗ်ားရဲ႕ ၀က္ဘ္ဆုိက္ကုိ ေရာက္လာတဲ့ ဧည့္သည္ေတြရဲ႕ လုပ္ကုိင္မႈေတြကုိ ေနာက္ေယာင္ခံ လုိက္ၾကည့္ၿပီး မွတ္တမ္းတင္ေပးထားတာ ျဖစ္ပါတယ္။

Frequency
ပ်မ္းမွ်ႀကိမ္ေရ
========

Facebook သုံးစြဲသူတစ္ဦးကုိ Facebook က ခင္ဗ်ားရဲ႕ ေၾကာ္ျငာ ဘယ္ႏွႀကိမ္ ျပသသလဲဆုိတာရဲ႕ ပ်မ္းမွ်ႀကိမ္ေရကုိ ဆုိလုိပါတယ္။ လူ တစ္ေထာင္မွာ တစ္ခ်ဳိ႕ကုိ ႏွစ္ႀကိမ္ ျပမယ္. တခ်ဳိ႕ကုိ သုံးႀကိမ္ ျပမယ္။ တခ်ဳိ႕ကုိေတာ့ တစ္ႀကိမ္ပဲ ျပမယ္ စသျဖင့္ ျပသတဲ့ ႀကိမ္ေရ စုစုေပါင္းကုိ ျပသတဲ့သူဦးေရအရ ပ်မ္းမွ် ႀကိမ္ေရကုိ ဆုိလုိပါတယ္။

Native Advertising
မူလသဘာ၀ျပ ေၾကာ္ျငာ
=========

အဲဒီ ေၾကာ္ျငာမ်ဳိးက ပိုက္ဆံမေပးတဲ့ ပုံမွန္ posts ေတြရဲ႕ ျမင္ရပုံ၊ အဆင္အေသြး၊ လုပ္ကုိင္ပုံေတြနဲ႔ ကုိက္ညီေအာင္ ေၾကာ္ျငာကုိ ဖန္တီးထားၿပီး ရုတ္တရက္ ၾကည့္လုိက္ရင္ ေၾကာ္ျငာလုိ႔ မထင္ရတာမ်ဳိး ျဖစ္ပါတယ္။ သာမန္ ပုံမွန္ post လုိ႔ ထင္ရေအာင္ ပုံမွားရုိက္ထားတာ ျဖစ္ပါတယ္။ အေယာင္ေဆာင္ထားတာ ျဖစ္ပါတယ္။
ပုံမွန္ျပသေပးေနတဲ့ အခမဲ့ post ေတြနဲ႔ တစ္ပုံစံတည္း ျဖစ္ေနပါတယ္။ အဲဒါအျပင္ Native ads ဟာ ေဘးတန္းေၾကာ္ျငာ sidebar ads လုိ ေၾကာ္ျငာေနရာ သီးျခာ သတ္မွတ္မထားဘူး။ အဲဒီေၾကာျ္ငာကုိ News Feed မွာ ျပသထားတဲ့ အသိမိတ္ေဆြေတြရဲ႕ posts ေတြ၊ မိသားစု၀င္ေတြရဲ႕ posts ေတြ ၾကားမွာ ေရာထည့္ၿပီး ျပသေပးတယ္။ ဒီေတာ့ ေၾကာ္ျငာ မဟုတ္ဘူးလုိ႔ ထင္မွတ္မွားေစပါတယ္။ ဒီေတာ့ မရုိးမသား လုပ္ေနသလုိ ျဖစ္ေနတာကုိ အျပစ္လြတ္ေအာင္ Facebook က အဲဒီ post အကြက္ရဲ႕ ၀ံဘက္ထိပ္နားမွာ “Sponsored” လုိ႔ ေဖာ္ျပေပးထားပါတယ္။ တကယ္ေတာ့ Advertisement လုိ႔ တဲ့တုိး ေဖာ္ျပသင့္ေပမယ့္ ၀ိနည္းလႊတ္ လက္တစ္လုံးျခား လုပ္ထားတာ ျဖစ္ပါတယ္။ အဲဒီ “Sponsored” ဆုိတာကုိသာ မေတြ႕ရင္ အခမဲ့ ျပသတဲ့ ပုံမွန္ post လုိ႔ ယူဆစရာ ျဖစ္ပါတယ္။


News Feed
သတင္းအစာ
======

Facebook မွာ posts ေတြ status updates ေတြနဲ႔ ေၾကာ္ျငာေတြ ေဖာ္ျပေပးေနတဲ့ ၀က္ဘ္စာမ်က္ႏွာ ျဖစ္ပါတယ္။ အဲဒီလုိ ေဖာ္ျပေပးရာမွာ အဆက္မျပတ္ ေျပာင္းလဲၿပီး အသစ္အသစ္ေတြကုိ တင္ျပေပးပါတယ္။

Negative Feedback
ဆုိးက်ဳိးျပဳ တု႔ံျပန္ခ်က္
=======

ဆုိးက်ဳိးျပဳတဲ့ တုံ႔ျပန္ေဆာင္ရြက္မႈေတြ ျဖစ္ပါတယ္။ မလုိခ်င္တာ မျဖစ္ေစခ်င္တာေတြကုိ သုံးစြဲသူက တုံ႔ျပန္မႈ ေပးတာေတြကုိ ဆုိလုိပါတယ္။ သုံးစြဲသူက တုံ႔ျပန္မႈ ေပးဖုိ႔အတြက္ post အကြက္ရဲ႕ ၀ဲဘက္အေပၚေထာင့္မွာ အစက္သုံးစက္ပါတာကုိ ႏွိပ္ၿပီး ပြင့္က်လာတဲ့ ေဖာ္ျပခ်က္ေတြမွာ ေၾကာ္ျငာရွင္ကုိ ဒုကၡေပးမယ့္ တုံ႔ျပန္ခ်က္တစ္ခုခုကုိ သုံးစြဲသူက ေရြးခ်ယ္တာ ျဖစ္ပါတယ္။


ခင္ဗ်ားရဲ႕ ေၾကာ္ျငာ ျပသေပးထားတာကုိ သူက hide ဝွက္ပစ္တယ္။ ခင္ဗ်ားရဲ႕ ေၾကာျ္ငာေတြကုိ မျမင္ခ်င္ဘူးလုိ႔ အေၾကာင္းျပန္တယ္။ ခင္ဗ်ားရဲ႕ ေၾကာ္ျငာေတြက မလုိလားအပ္တဲ့ အရာ၊ မဆီမဆုိင္တာ လာျပေနတယ္ spam ဆုိၿပီး သတင္းပုိ႔တယ္။
အဲဒီလုိ သုံးစြဲသူေတြ အေတာ္မ်ားမ်ားက ခင္ဗ်ားရဲ႕ ေၾကာျ္ငာကုိ ဆုိးက်ဳိးျပဳ တုံ႔ျပန္ခ်က္ေတြ ေပးေနၿပီဆုိရင္ ခင္ဗ်ား ေၾကာ္ျငာရဲ႕ စြမ္းေဆာင္ရည္ ထုိးက်သြားေတာ့မွာ ျဖစ္ပါတယ္။


Objective
ရည္ရြယ္ရင္း
======

သုံးစြဲသူက ခင္ဗ်ားရဲ႕ ေၾကာ္ျငာကုိ ေတြ႕တဲ့အခါ ဘာျဖစ္ေစခ်င္တာလဲ ဆုိတာကို Objective လုိ႔ သုံးႏႈန္းတယ္။ ကလစ္လုပ္တာ၊ ေဈး၀ယ္တာ၊ ခုနက ေျပာတဲ့ engagement မွာ ပါတာေတြ လုပ္ကုိင္တာ၊ page like လုပ္ဖုိ႔ invite လုပ္ထားတာကုိ သေဘာတူ လက္ခံလုိက္တာ၊ app ကုိ ဖုန္းမွာ တင္ဖုိ႔ ခလုတ္ကုိ ႏွိပ္တာ၊ အက္ပ္ကုိ ထိေတြ႕တာ၊ ဗီဒီယုိ ၾကည့္တာ စတာေတြဟာ Objective ေတြ ျဖစ္ပါတယ္။

Optimized Bidding
အဆုိျပဳ ေၾကာ္ျငာခကုိ သင့္ျမတ္ေအာင္ ေဆာင္ရြက္ျခင္း
==========

ေၾကာ္ျငာခ အဆုိျပဳတဲ့အခါ ေရြးခ်ယ္စရာ နည္းလမ္းတစ္သြယ္ ျဖစ္ပါတယ္။ ေၾကာ္ျငာရွင္က အဆုိျပဳေၾကာ္ျငာခကုိ သူသတ္မွတ္ထားတဲ့ ရည္ရြယ္ရင္း objective (ရည္မွန္းခ်က္ ပန္းတုိင္လည္း ျဖစ္ႏုိင္ပါတယ္) ရရွိဖုိ႔အတြက္ သင့္ျမတ္စြာ ေဆာင္ရြက္ေစဖုိ႔ ေရြးခ်ယ္တဲ့ နည္းလမ္းျဖစ္ပါတယ္။

Placement
ေၾကာ္ျငာျပသသည့္ ေနရာ
=======

ခင္ဗ်ားရဲ႕ ေၾကာ္ျငာ ျပသေပးမယ့္ ဧရိယာ ျဖစ္ပါတယ္။ ေရြးစရာေတြမွာ desktop News Feed, mobile News Feed, right column, Instagram feed, Instagram Stories, Facebook Stories, Messanger Stories, Audience Network, in-stream videos စတာေတြ ပါ၀င္ပါတယ္။ ေၾကာ္ျငာ၀င္ေငြ ရေပါက္ရလမ္း ပုိမ်ားၿပီး ပုိက်ယ္ျပန္႔ေစဖုိ႔အတြက္ Facebook က ေၾကာ္ျငာဧရိယာသစ္ေတြကုိ အၿမဲ ဖန္တီးၿပီး ေရာင္းခ်ေပးပါတယ္။


Positive Feedback
ေကာင္းက်ဳိးျပဳ တု႔ံျပန္ခ်က္
========

ေကာင္းက်ဳိးျပဳတဲ့ တုံ႔ျပန္ေဆာင္ရြက္မႈေတြ ျဖစ္ပါတယ္။ လုိခ်င္တာ ျဖစ္ေစခ်င္တာေတြကုိ သုံးစြဲသူက တုံ႔ျပန္မႈ ေပးတာေတြကုိ ဆုိလုိပါတယ္။ သုံးစြဲသူက အေထာက္အကူျပဳေပးတဲ့ လုပ္ေဆာင္ခ်က္ေတြနဲ႔ တုံ႔ျပန္တာကုိလည္း ဆုိုိလုိပါတယ္။ ရွယ္ေပးတာ၊ like လုပ္ေပးတာ၊ comment box မွာ mention ေခၚေပးတာ၊ လုပ္ေဆာင္ခ်က္အတြက္ ထားရွိေပးတဲ့ ခလုတ္ကုိ ႏွိပ္တာ စတဲ့ လုပ္ေဆာင္မႈေတြ ျဖစ္ပါတယ္။ ေကာင္းက်ဳိးျပဳ တု႔ံျပန္ခ်က္ေတြ အလြန္မ်ားျပားလာရင္ ခင္ဗ်ားရဲ႕ ေၾကာ္ျငာ ေပါက္ၿပီပဲ။


Reach
ေရာက္ရွိမႈ
=======

ခင္ဗ်ားရဲ႕ ေၾကာ္ျငာ ပ်ံ႕ႏွံ႔ေရာက္ရွိမႈကုိ ဆုိလုိပါတယ္။ ခင္ဗ်ား တင္ထားတဲ့ ေၾကာ္ျငာကုိ သုံးစြဲသူ account ဘယ္ႏွစ္ဦးက ျမင္သလဲဆုိတာကုိ ေျပာျပတဲ့ ကိန္းဂဏန္း ျဖစ္ပါတယ္။ အဲဒီလုိ ေရတြက္တာမွာ သုံးစြဲသူ ဦးေရလုိ႔ ခပ္လြယ္လြယ္ ေျပာေနၾကေပမဲ့ တကယ္တမ္းက်ေတာ့ ျမင္တဲ့ႀကိမ္ေရကုိ ေရတြက္ထားတာ ျဖစ္ေနတယ္။ ဥပမာ ကုိႀကီးဆုိတဲ့သူက ခင္ဗ်ားရဲ႕ ေၾကာ္ျငာကုိ ႏွစ္ႀကိမ္ ေတြ႕တယ္ဆုိရင္ Facebook က သုံးစြဲသူ တစ္ဦးျဖစ္လုိ႔ ၁ လုိ႔ ေရတြက္မွာ မဟုတ္ဘူး။ ၂ ႀကိမ္ ျမင္ထားလုိ႔ ၂ လုိ႔ ေရတြက္မွာ ျဖစ္ပါတယ္။ Reach ရဲ႕ ကိန္းဂဏန္းမွာ ၂ ထပ္တုိးေပးတာ ျဖစ္ပါတယ္။

Relevance Score
ႏွီးႏႊယ္မႈ ရမွတ္
=====

တုိင္းတာစနစ္ တစ္မ်ဳိး ျဖစ္ပါတယ္။ ခင္ဗ်ားရဲ႕ ေၾကာ္ျငာဟာ ပစ္မွတ္ပရိသတ္နဲ႔ ႏွီးႏႊယ္မႈကုိ ပစၥဳပၸန္မွာ ခန္႔မွန္းေပးတာ ျဖစ္ပါတယ္။ ႏွီးႏႊယ္မႈ ပုိေကာင္းရင္ ေၾကာ္ျငာ စြမ္းေဆာင္ရည္ ပုိတက္မွာ ျဖစ္ပါတယ္။ အဲဒီလုိ ႏွီးႏႊယ္မႈ အားေကာင္းတဲ့ ေၾကာ္ျငာဆုိရင္ ခင္ဗ်ား ဆႏၵရွိတဲ့ ပရိသတ္ကုိ ႀကိမ္ေရပုိမ်ားမ်ား ျပသေပးပါလိမ့္မယ္။ ႏွီးႏႊယ္မႈ အားနည္းတဲ့ ေၾကာ္ျငာဆုိရင္ေတာ့ ျပသႀကိမ္ေရ ေလ်ာ့နည္း ပါတယ္။
ႏွီးႏႊယ္မႈ ရမွတ္ကုိ Facebook က အဆုံးအျဖတ္ျပဳၿပီး အသိေပးပါတယ္။ ရမွတ္က ၁ ကေန ၁၀ အထိ ရွိပါတယ္။ ၁ က ႏွီးႏႊယ္မႈ အနည္းဆုံးျဖစ္ၿပီး ၁၀ က အမ်ားဆုံး ျဖစ္ပါတယ္။
ဒီေနရာမွာ ေမးစရာ ရွိတယ္။ Facebook က ေၾကာျ္ငာနဲ႔ ပရိသတ္ ႏွီးႏႊယ္မႈ ဘယ္ေလာက္ ရွိသလဲဆုိတာ ဘယ္ပုံလယ္နည္းျဖင့္ အဆုံးအျဖတ္ျပဳတာလဲ။ ခုနတုန္းက ေျပာျပခဲ့တဲ့ ေကာင္းက်ဳိးျပဳနဲ႔ ဆုိးက်ဳိးျပဳ တု႔ံျပန္ခ်က္ေတြအရ အဆုံးအျဖတ္ ျပဳတာ ျဖစ္ပါတယ္။ ဆုိးက်ဳိးျပဳ တုံ႔ျပန္ခ်က္ေတြ မ်ားေနရင္ ႏွီႏႊ႔ယ္မႈ နည္းတယ္။ ေကာင္းက်ဳိးျပဳ တုံ႔ျပန္ခ်က္ မ်ားရင္ ႏွီးႏႊယ္မႈ ေကာင္းတယ္ လုိ႔ သတ္မွတ္ပါတယ္။

Targeting
ပစ္မွတ္ ေရြးခ်ယ္ျခင္း
========

ခင္ဗ်ားက ဘယ္လုိ ပရိသတ္၊ ဘယ္ေနရာေဒသမွာ ေနထုိင္တဲ့ ပရိသတ္ စသျဖင့္ သတ္မွတ္ခ်က္ေတြ ျပ႒ာန္းေပးၿပီး ပစ္မွတ္ကုိ facebook သိေအာင္ ေဖာ္ျပေပးထားတဲ့ အခ်က္အလက္ေတြ ျဖစ္ပါတယ္။ ပစ္မွတ္ေရြးခ်ယ္ျခင္းမွာ
interests စိတ္၀င္စားသည့္ အေၾကာင္းအရာမ်ား
behaviors အျပဳအမူမ်ား
demographics လူဦးေရဆုိင္ရာ အခ်က္မ်ား
locations ေနထုိင္သည့္ ေနရာမ်ား
တုိ႔ကုိ ေပါင္းစပ္ထားပါတယ္။


User
သုံးစြဲသူ
======

Facebook, Snapchat, Twitter, Instagram စတဲ့ ဆုိရွယ္မီဒီယာ ကြန္ရက္ ၀က္ဘ္ဆုိက္ကုိ ပုံမွန္ သုံးစြဲေနသူကုိ ဆုိလုိပါတယ္။
သုံးစြဲသူေတြဟာ ခင္ဗ်ားရဲ႕ ေၾကာျ္ငာကုိ ျမင္ေတြ႕မယ့္ သူေတြ ျဖစ္ပါတယ္။

MAD (Myanmar Advertising Directory) မွ ေနာက္ထပ္ ေရးသားျပဳစု တင္ျပမယ့္ The Complete Guide to Facebook Advertising 2019 (9) မွာ Facebook ads မွာ Facebook ထီ အေၾကာင္းကုိ ဆက္လက္ တင္ျပေပးမွာ ျဖစ္ပါတယ္။

 

The Complete Guide to Facebook Advertising 2019 (8)

သူ့အရပ်နဲ့ သူ့စကား ဆိုတဲ့အတိုင်း Facebook နိုင်ငံတော်မှာလည်း သူ့စကားလုံး အသုံးအနှုန်းတွေ ရှိပါတယ်။ သုံးစွဲကြသူတွေ ကြားမှာလည်း သီးသန့်စကားလုံးတွေ ရှိနေကြတယ်။ Facebook ads မှာလည်း Facebook မှ ချမှတ်သုံးစွဲတဲ့ အခေါ်အဝေါ်တွေကို ရှိနေတာကို တင်ပြပေးမှာ ဖြစ်ပါတယ်။


Facebook advertising jargon
Facebook ကြော်ငြာခြင်း ဗန်းစကား
========

“News Feed,”
“user,”
“objective”
စတဲ့ ဝေါဟာရတွေက Facebook ads မှာ ဘာကို ရည်ညွှန်းပြောဆိုကြတာလဲဆို Facebook ads လုပ်ကိုင်တဲ့သူတွေ သိထားကြတယ်။ သုံးနှုန်းထားတဲ့ ဝေါဟာရတွေ အကုန်လုံးကို ခက်စစ်အဘိဓာန်တစ်ခုလို ရေးသားတင်ပြဖို့တော့ စိတ်ကူး မရှိပါဘူး။ ဗန်းစကား အနက်ဋီကာ ဖွင့်မှာလည်း မဟုတ်ပါဘူး။ ဝေါဟာရ တပြုံတမကြီးကို ဖော်ပြမှာ မဟုတ်ပါဘူး။
အခြေခံအားဖြင့် သိထားသင့်တဲ့ အသုံးအနှုန်းတချို့ကိုသာ ကောက်နုတ် တင်ပြသွားမှာ ဖြစ်ပါတယ်။


Audience Network
ပရိသတ် ကွန်ရက်
========

ကြော်ငြာထည့်ဖို့ နည်းလမ်းတစ်သွယ် ဖြစ်ပါတယ်။ Facebook ပိုင်ဆိုင်တဲ့ Facebook website နဲ့ app တွေမှာသာမက Facebook နဲ့ လက်တွဲထားတဲ့ website နဲ့ app တွေမှာလည်း ကြောြ်ငာကို ပြသလို့ ရမယ့် နည်းလမ်း ဖြစ်ပါတယ်။ Facebook ရဲ့ စီးပွားဖက် လက်တွဲဖော် partners တွေကို ဥပမာ အဖြစ် ပြောရရင် သတင်း mobile app ဖြစ်တဲ့ Huffington Post နဲ့ ဂိမ်း app ဖြစ်တဲ့ Cut the Rope တို့ဟာ facebook ads အတွက် partners တွေ ဖြစ်ပါတယ်။

Target က သူ့အက်ပ်ကို သုံးတဲ့သူတွေကို ပစ်မှတ်ထားလိုတယ်။ ပြီးတော့ Frozen ကြော်ငြာကို ကြည့်စေလိုတဲ့အခါ အဲဒီအတွက် ပရိသတ်တွေကို The Huffington Posts‘ ရဲ့ mobile app ပရိသတ်ထဲမှာ ဝင်ရှာကြည့်ဖို့အတွက် Audience Network ကို သုံးစွဲပြီး The Huffington Posts‘ ရဲ့ mobile app မှာ ကြော်ငြာခဲ့တယ်။
Audible က အသံစာအုပ် audiobooks ဖြစ်တဲ့ Game of Thrones ကို အရောင်း မြှင့်တင်ပေးလိုတဲ့အခါ အဲဒီအတွက် Audience Network ကို သုံးစွဲပြီး ဂိမ်း အက်ပ် ဖြစ်တဲ့ Cut the Rope app ကနေ ကြော်ငြာပြီး ပရိသတ်ကို ရှာဖွေတွေ့ရှိခဲ့တယ်။


Bid
အဆိုပြု ကြော်ငြာခ
======

ခင်ဗျားရဲ့ ကြော်ငြာကို ပြသပေးဖို့အတွက် ခင်ဗျား ပေးချင်တဲ့ ငွေပမာဏ ဖြစ်ပါတယ်။


Call-to-Action (CTA) Buttons
တစ်ခုခုလုပ်ပြီး နှိပ်စေလိုတဲ့ ခလုတ်များ
=======

ခလုတ်တွေပေါ်မှာ စာရေးပေးတားတယ်။ သုံးစွဲသူကို နှိပ်ဖို့ တိုက်တွန်းတယ်။ လုပ်စေချင်တဲ့ လုပ်ဆောင်မှု လုပ်စေဖို့အတွက် ဖြစ်ပါတယ်။ ဘာတွေ လုပ်စေချင်တာလဲ။ အသုံးများကြတာတွေကတော့
learn more,
sign up,
shop now
call now စတာတွေ ဖြစ်ပါတယ်။
Facebook ad တွေမှာ အဲဒီလို ခလုတ်ထားပေးဖို့ စီစဉ်ပေးထားပါတယ်။
ခလုတ်ကို နှိပ်လိုက်ရင် သုံးစွဲသူကို ဝက်ဘ်ဆိုက်တစ်ခုဆီကို အရောက်ပို့ပေးလိုက်တာမျိုးလည်း ရှိပါတယ်။
ကြော်ငြာက Lead Ad ဆိုရင် သုံးစွဲသူဆီက အချက်အလက် ကောက်ခံဖို့ ပုံစံform ပြသမယ့်ဆီကို ခေါ်သွားမယ့် ခလုတ် ဖြစ်ပါတယ်။ အဲဒီ form က facebook မှာ အရင်ကတည်းက သူဖြည့်ထားပြီးသား အချက်အလက်တွေနဲ့ အသင့်ဖြည့်ထားပြီးသား ဖြစ်ပါတယ် အတည်ပြု ခွင့်ပြုချက် ရယူတဲ့ သဘောဖြင့် ပြသလိုက်တာ ဖြစ်ပါတယ်။ သုံးစွဲသူက သဘောတူ ရင် form အောက်ခြေမှာ ရွေးချယ်စရာ ခလုတ် နှစ်ခုအနက် submit ကို နှိပ်လိုက်ဖို့ပဲ ဖြစ်ပါတယ်။ သဘောမတူရင်တော့ cancel ကို နှိပ်ရမယ်ဆိုတာ ပြောပြနေဖို့ လိုမယ် မထင်ပါဘူး။


Cost Per Acquisition (CPA)
ရရှိမှုအရ ကျသင့်ငွေ
======

အွန်လိုင်း ကြော်ငြာခြင်းရဲ့ ဈေးနှုန်း သတ်မှတ်နည်း တစ်ခု ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ လုပ်ရပ်ကို ဖြစ်ဖြစ်၊ ရရှိမှုကိုဖြစ်ဖြစ် ဖြစ်ထွန်းသွားတဲ့အခါ ကြော်ငြာရှင်က သတ်မှတ်နှုန်းထားအတိုင်း ငွေပေးချေဖို့ ကြော်ငြာရှင်နဲ့ အွန်လိုင်းကြော်ငြာအရောင်းလုပ်ငန်းတိုပအကြား သဘောတူထားတဲ့ နည်းလမ်း ဖြစ်ပါတယ်။
ဥပမာ ခင်ဗျားက ကြော်ငြာကို မြင်တွေ့ရင် ပေးမယ်။ ဒါမှမဟုတ် ကလစ်လုပ်ရင် ပေးမယ်။ ပုံစံ form ကို submit လုပ်ရင် ပေးမယ်။ ရောင်းချတဲ့အရာကို ရောင်းရတယ်ဆိုရင် ပေးမယ် စသဖြင့် သတ်မှတ်ချက်အရ ကျသင့်ငွေကို ပေးချေရမှာ ဖြစ်ပါတယ်။
ခင်ဗျား သတ်မှတ်ပေးထားတဲ့ ဘတ်ဂျက်အပေါ် မူတည်ပြီး ဈေးနှုန်းကို ကစားလို့ ရတယ်။ ရရှိမှု တစ်ခုအတွက် ပေးမယ့် ဈေးနှုန်းကို ကစားလို့ ရတယ်။ ခင်ဗျား ပေးမယ့် ဈေးနှုန်းအပေါ် မူတည်ပြီး Facebook ကလည်း လိုက်လျောညီထွေစွာဖြင့် လုပ်ကိုင်ပေးသွားမှာ ဖြစ်ပါတယ်။


Engagement
လုပ်ကိုင်မှုများ
=========

ကြော်ငြာတစ်ခုအပေါ် လုပ်ကိုင်မှုတွေကို ဆိုလိုတယ်။ likes, shares, comments, views နဲ့ clicks လုပ်တဲ့ လုပ်ကိုင်မှုမျိုးတွေကို ဆိုလိုပါတယ်။

Facebook Pixel
Facebook ပစ်စဲ
========

အဲဒါက JavaScript code ဖြင့် ခင်ဗျားရဲ့ ဝက်ဘ်ဆိုက်ကို ရောက်လာတဲ့ ဧည့်သည်တွေရဲ့ လုပ်ကိုင်မှုတွေကို နောက်ယောင်ခံ လိုက်ကြည့်ပြီး မှတ်တမ်းတင်ပေးထားတာ ဖြစ်ပါတယ်။

Frequency
ပျမ်းမျှကြိမ်ရေ
========

Facebook သုံးစွဲသူတစ်ဦးကို Facebook က ခင်ဗျားရဲ့ ကြော်ငြာ ဘယ်နှကြိမ် ပြသသလဲဆိုတာရဲ့ ပျမ်းမျှကြိမ်ရေကို ဆိုလိုပါတယ်။ လူ တစ်ထောင်မှာ တစ်ချို့ကို နှစ်ကြိမ် ပြမယ်. တချို့ကို သုံးကြိမ် ပြမယ်။ တချို့ကိုတော့ တစ်ကြိမ်ပဲ ပြမယ် စသဖြင့် ပြသတဲ့ ကြိမ်ရေ စုစုပေါင်းကို ပြသတဲ့သူဦးရေအရ ပျမ်းမျှ ကြိမ်ရေကို ဆိုလိုပါတယ်။

Native Advertising
မူလသဘာဝပြ ကြော်ငြာ
=========

အဲဒီ ကြော်ငြာမျိုးက ပိုက်ဆံမပေးတဲ့ ပုံမှန် posts တွေရဲ့ မြင်ရပုံ၊ အဆင်အသွေး၊ လုပ်ကိုင်ပုံတွေနဲ့ ကိုက်ညီအောင် ကြော်ငြာကို ဖန်တီးထားပြီး ရုတ်တရက် ကြည့်လိုက်ရင် ကြော်ငြာလို့ မထင်ရတာမျိုး ဖြစ်ပါတယ်။ သာမန် ပုံမှန် post လို့ ထင်ရအောင် ပုံမှားရိုက်ထားတာ ဖြစ်ပါတယ်။ အယောင်ဆောင်ထားတာ ဖြစ်ပါတယ်။
ပုံမှန်ပြသပေးနေတဲ့ အခမဲ့ post တွေနဲ့ တစ်ပုံစံတည်း ဖြစ်နေပါတယ်။ အဲဒါအပြင် Native ads ဟာ ဘေးတန်းကြော်ငြာ sidebar ads လို ကြော်ငြာနေရာ သီးခြာ သတ်မှတ်မထားဘူး။ အဲဒီကြောြ်ငာကို News Feed မှာ ပြသထားတဲ့ အသိမိတ်ဆွေတွေရဲ့ posts တွေ၊ မိသားစုဝင်တွေရဲ့ posts တွေ ကြားမှာ ရောထည့်ပြီး ပြသပေးတယ်။ ဒီတော့ ကြော်ငြာ မဟုတ်ဘူးလို့ ထင်မှတ်မှားစေပါတယ်။ ဒီတော့ မရိုးမသား လုပ်နေသလို ဖြစ်နေတာကို အပြစ်လွတ်အောင် Facebook က အဲဒီ post အကွက်ရဲ့ ဝံဘက်ထိပ်နားမှာ “Sponsored” လို့ ဖော်ပြပေးထားပါတယ်။ တကယ်တော့ Advertisement လို့ တဲ့တိုး ဖော်ပြသင့်ပေမယ့် ဝိနည်းလွှတ် လက်တစ်လုံးခြား လုပ်ထားတာ ဖြစ်ပါတယ်။ အဲဒီ “Sponsored” ဆိုတာကိုသာ မတွေ့ရင် အခမဲ့ ပြသတဲ့ ပုံမှန် post လို့ ယူဆစရာ ဖြစ်ပါတယ်။


News Feed
သတင်းအစာ
======

Facebook မှာ posts တွေ status updates တွေနဲ့ ကြော်ငြာတွေ ဖော်ပြပေးနေတဲ့ ဝက်ဘ်စာမျက်နှာ ဖြစ်ပါတယ်။ အဲဒီလို ဖော်ပြပေးရာမှာ အဆက်မပြတ် ပြောင်းလဲပြီး အသစ်အသစ်တွေကို တင်ပြပေးပါတယ်။

Negative Feedback
ဆိုးကျိုးပြု တုံ့ပြန်ချက်
=======

ဆိုးကျိုးပြုတဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ ဖြစ်ပါတယ်။ မလိုချင်တာ မဖြစ်စေချင်တာတွေကို သုံးစွဲသူက တုံ့ပြန်မှု ပေးတာတွေကို ဆိုလိုပါတယ်။ သုံးစွဲသူက တုံ့ပြန်မှု ပေးဖို့အတွက် post အကွက်ရဲ့ ဝဲဘက်အပေါ်ထောင့်မှာ အစက်သုံးစက်ပါတာကို နှိပ်ပြီး ပွင့်ကျလာတဲ့ ဖော်ပြချက်တွေမှာ ကြော်ငြာရှင်ကို ဒုက္ခပေးမယ့် တုံ့ပြန်ချက်တစ်ခုခုကို သုံးစွဲသူက ရွေးချယ်တာ ဖြစ်ပါတယ်။

 


ခင်ဗျားရဲ့ ကြော်ငြာ ပြသပေးထားတာကို သူက hide ဝှက်ပစ်တယ်။ ခင်ဗျားရဲ့ ကြောြ်ငာတွေကို မမြင်ချင်ဘူးလို့ အကြောင်းပြန်တယ်။ ခင်ဗျားရဲ့ ကြော်ငြာတွေက မလိုလားအပ်တဲ့ အရာ၊ မဆီမဆိုင်တာ လာပြနေတယ် spam ဆိုပြီး သတင်းပို့တယ်။
အဲဒီလို သုံးစွဲသူတွေ အတော်များများက ခင်ဗျားရဲ့ ကြောြ်ငာကို ဆိုးကျိုးပြု တုံ့ပြန်ချက်တွေ ပေးနေပြီဆိုရင် ခင်ဗျား ကြော်ငြာရဲ့ စွမ်းဆောင်ရည် ထိုးကျသွားတော့မှာ ဖြစ်ပါတယ်။


Objective
ရည်ရွယ်ရင်း
======

သုံးစွဲသူက ခင်ဗျားရဲ့ ကြော်ငြာကို တွေ့တဲ့အခါ ဘာဖြစ်စေချင်တာလဲ ဆိုတာကို Objective လို့ သုံးနှုန်းတယ်။ ကလစ်လုပ်တာ၊ ဈေးဝယ်တာ၊ ခုနက ပြောတဲ့ engagement မှာ ပါတာတွေ လုပ်ကိုင်တာ၊ page like လုပ်ဖို့ invite လုပ်ထားတာကို သဘောတူ လက်ခံလိုက်တာ၊ app ကို ဖုန်းမှာ တင်ဖို့ ခလုတ်ကို နှိပ်တာ၊ အက်ပ်ကို ထိတွေ့တာ၊ ဗီဒီယို ကြည့်တာ စတာတွေဟာ Objective တွေ ဖြစ်ပါတယ်။

Optimized Bidding
အဆိုပြု ကြော်ငြာခကို သင့်မြတ်အောင် ဆောင်ရွက်ခြင်း
==========

ကြော်ငြာခ အဆိုပြုတဲ့အခါ ရွေးချယ်စရာ နည်းလမ်းတစ်သွယ် ဖြစ်ပါတယ်။ ကြော်ငြာရှင်က အဆိုပြုကြော်ငြာခကို သူသတ်မှတ်ထားတဲ့ ရည်ရွယ်ရင်း objective (ရည်မှန်းချက် ပန်းတိုင်လည်း ဖြစ်နိုင်ပါတယ်) ရရှိဖို့အတွက် သင့်မြတ်စွာ ဆောင်ရွက်စေဖို့ ရွေးချယ်တဲ့ နည်းလမ်းဖြစ်ပါတယ်။

Placement
ကြော်ငြာပြသသည့် နေရာ
=======

ခင်ဗျားရဲ့ ကြော်ငြာ ပြသပေးမယ့် ဧရိယာ ဖြစ်ပါတယ်။ ရွေးစရာတွေမှာ desktop News Feed, mobile News Feed, right column, Instagram feed, Instagram Stories, Facebook Stories, Messanger Stories, Audience Network, in-stream videos စတာတွေ ပါဝင်ပါတယ်။ ကြော်ငြာဝင်ငွေ ရပေါက်ရလမ်း ပိုများပြီး ပိုကျယ်ပြန့်စေဖို့အတွက် Facebook က ကြော်ငြာဧရိယာသစ်တွေကို အမြဲ ဖန်တီးပြီး ရောင်းချပေးပါတယ်။


Positive Feedback
ကောင်းကျိုးပြု တုံ့ပြန်ချက်
========

ကောင်းကျိုးပြုတဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ ဖြစ်ပါတယ်။ လိုချင်တာ ဖြစ်စေချင်တာတွေကို သုံးစွဲသူက တုံ့ပြန်မှု ပေးတာတွေကို ဆိုလိုပါတယ်။ သုံးစွဲသူက အထောက်အကူပြုပေးတဲ့ လုပ်ဆောင်ချက်တွေနဲ့ တုံ့ပြန်တာကိုလည်း ဆိိုလိုပါတယ်။ ရှယ်ပေးတာ၊ like လုပ်ပေးတာ၊ comment box မှာ mention ခေါ်ပေးတာ၊ လုပ်ဆောင်ချက်အတွက် ထားရှိပေးတဲ့ ခလုတ်ကို နှိပ်တာ စတဲ့ လုပ်ဆောင်မှုတွေ ဖြစ်ပါတယ်။ ကောင်းကျိုးပြု တုံ့ပြန်ချက်တွေ အလွန်များပြားလာရင် ခင်ဗျားရဲ့ ကြော်ငြာ ပေါက်ပြီပဲ။


Reach
ရောက်ရှိမှု
=======

ခင်ဗျားရဲ့ ကြော်ငြာ ပျံ့နှံ့ရောက်ရှိမှုကို ဆိုလိုပါတယ်။ ခင်ဗျား တင်ထားတဲ့ ကြော်ငြာကို သုံးစွဲသူ account ဘယ်နှစ်ဦးက မြင်သလဲဆိုတာကို ပြောပြတဲ့ ကိန်းဂဏန်း ဖြစ်ပါတယ်။ အဲဒီလို ရေတွက်တာမှာ သုံးစွဲသူ ဦးရေလို့ ခပ်လွယ်လွယ် ပြောနေကြပေမဲ့ တကယ်တမ်းကျတော့ မြင်တဲ့ကြိမ်ရေကို ရေတွက်ထားတာ ဖြစ်နေတယ်။ ဥပမာ ကိုကြီးဆိုတဲ့သူက ခင်ဗျားရဲ့ ကြော်ငြာကို နှစ်ကြိမ် တွေ့တယ်ဆိုရင် Facebook က သုံးစွဲသူ တစ်ဦးဖြစ်လို့ ၁ လို့ ရေတွက်မှာ မဟုတ်ဘူး။ ၂ ကြိမ် မြင်ထားလို့ ၂ လို့ ရေတွက်မှာ ဖြစ်ပါတယ်။ Reach ရဲ့ ကိန်းဂဏန်းမှာ ၂ ထပ်တိုးပေးတာ ဖြစ်ပါတယ်။

Relevance Score
နှီးနွှယ်မှု ရမှတ်
=====

တိုင်းတာစနစ် တစ်မျိုး ဖြစ်ပါတယ်။ ခင်ဗျားရဲ့ ကြော်ငြာဟာ ပစ်မှတ်ပရိသတ်နဲ့ နှီးနွှယ်မှုကို ပစ္စုပ္ပန်မှာ ခန့်မှန်းပေးတာ ဖြစ်ပါတယ်။ နှီးနွှယ်မှု ပိုကောင်းရင် ကြော်ငြာ စွမ်းဆောင်ရည် ပိုတက်မှာ ဖြစ်ပါတယ်။ အဲဒီလို နှီးနွှယ်မှု အားကောင်းတဲ့ ကြော်ငြာဆိုရင် ခင်ဗျား ဆန္ဒရှိတဲ့ ပရိသတ်ကို ကြိမ်ရေပိုများများ ပြသပေးပါလိမ့်မယ်။ နှီးနွှယ်မှု အားနည်းတဲ့ ကြော်ငြာဆိုရင်တော့ ပြသကြိမ်ရေ လျော့နည်း ပါတယ်။
နှီးနွှယ်မှု ရမှတ်ကို Facebook က အဆုံးအဖြတ်ပြုပြီး အသိပေးပါတယ်။ ရမှတ်က ၁ ကနေ ၁၀ အထိ ရှိပါတယ်။ ၁ က နှီးနွှယ်မှု အနည်းဆုံးဖြစ်ပြီး ၁၀ က အများဆုံး ဖြစ်ပါတယ်။
ဒီနေရာမှာ မေးစရာ ရှိတယ်။ Facebook က ကြောြ်ငာနဲ့ ပရိသတ် နှီးနွှယ်မှု ဘယ်လောက် ရှိသလဲဆိုတာ ဘယ်ပုံလယ်နည်းဖြင့် အဆုံးအဖြတ်ပြုတာလဲ။ ခုနတုန်းက ပြောပြခဲ့တဲ့ ကောင်းကျိုးပြုနဲ့ ဆိုးကျိုးပြု တုံ့ပြန်ချက်တွေအရ အဆုံးအဖြတ် ပြုတာ ဖြစ်ပါတယ်။ ဆိုးကျိုးပြု တုံ့ပြန်ချက်တွေ များနေရင် နှီနွှ့ယ်မှု နည်းတယ်။ ကောင်းကျိုးပြု တုံ့ပြန်ချက် များရင် နှီးနွှယ်မှု ကောင်းတယ် လို့ သတ်မှတ်ပါတယ်။

Targeting
ပစ်မှတ် ရွေးချယ်ခြင်း
========

ခင်ဗျားက ဘယ်လို ပရိသတ်၊ ဘယ်နေရာဒေသမှာ နေထိုင်တဲ့ ပရိသတ် စသဖြင့် သတ်မှတ်ချက်တွေ ပြဋ္ဌာန်းပေးပြီး ပစ်မှတ်ကို facebook သိအောင် ဖော်ပြပေးထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ ပစ်မှတ်ရွေးချယ်ခြင်းမှာ
interests စိတ်ဝင်စားသည့် အကြောင်းအရာများ
behaviors အပြုအမူများ
demographics လူဦးရေဆိုင်ရာ အချက်များ
locations နေထိုင်သည့် နေရာများ
တို့ကို ပေါင်းစပ်ထားပါတယ်။


User
သုံးစွဲသူ
======

Facebook, Snapchat, Twitter, Instagram စတဲ့ ဆိုရှယ်မီဒီယာ ကွန်ရက် ဝက်ဘ်ဆိုက်ကို ပုံမှန် သုံးစွဲနေသူကို ဆိုလိုပါတယ်။
သုံးစွဲသူတွေဟာ ခင်ဗျားရဲ့ ကြောြ်ငာကို မြင်တွေ့မယ့် သူတွေ ဖြစ်ပါတယ်။

MAD (Myanmar Advertising Directory) မှ နောက်ထပ် ရေးသားပြုစု တင်ပြမယ့် The Complete Guide to Facebook Advertising 2019 (9) မှာ Facebook ads မှာ Facebook ထီ အကြောင်းကို ဆက်လက် တင်ပြပေးမှာ ဖြစ်ပါတယ်။

 

 

 

 

Read times
Rate this item
(0 votes)